အတွင်းစိတ်ငြိမ်းချမ်းခြင်းသည် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များကိုပြတ်သားမှန်ကန်စေသည်

အတွင်းစိတ်ငြိမ်းချမ်းခြင်းသည် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များကိုပြတ်သားမှန်ကန်စေသည်

ရဟန်းမင်းကြီးဖရန်စစ်သည် ဗုဒ္ဓဟူးနေ့က ဘုရားဖူးများနှင့်စိန့်ပီတာရင်၌တွေ့ဆုံစဉ် 'ဆင်ခြင်မှု' နှင့်စပ်လျင်း၍မိန့်ကြားခဲ့သည်။

ဆုံးဖြတ်ချက်များချမှတ်ရာ၌ အတွင်းစိတ်ငြိမ်းချမ်းရန်လိုအပ်ကြောင်း၊ သို့မှသာပြတ်သားမှန်ကန်စွာချမှတ်နိုင်မည်ဖြစ်ကြောင်း၊ အချို့အကြောင်းအရာများသည် ဆုံးဖြတ်ချက်မှန်ကန်ခဲ့သောကြောင့်ကောင်းကျိုးများခံစားရသည်ကိုသတိပြုမိကြပေမည်ဖြစ်ကြောင်း၊ ပြတ်သားသောဆုံးဖြတ်ချက်ချမှတ်ရန်သိသာထင်ရှားသောအမှတ်သက်ေတမှာ အဓွန့်ရှည်သောငြိမ်းချမ်းခြင်းရှိနေခြင်းပင်ဖြစ်သည်။ ထိုငြိမ်းချမ်းခြင်းသည် သဟဇာတဖြစ်ခြင်း၊ စည်းလုံးခြင်း၊ စိတ်တက်ကြွခြင်း၊ ဇွဲထက်သန်ခြင်းတို့ကိုဆောင်ယူလာပေးသည်။

Good choices improve daily life
ကောင်းမွန်မှန်ကန်သောရွေးချယ်မှုသည် ဘ၀ကိုတိုးတက်ပြောင်းလဲပေးသည်။

ရဟန်းမင်းကြီးက တစ်နေ့တာ၌ဘုရားသခင်ပေးသနားသော (၂၄) နာရီအနက် တစ် ရက်ကိုနာရီ၀က်အချိန်ပေး၍ဆုတောင်းရန်စိတ်ဆုံးဖြတ်ထားသောသူဥပမာကိုပြခဲ့သည်။ ဤသို့ဆုတောင်းရန်အတွက် အချိန်ပေးခဲ့သောကြောင့် တစ်နေ့တာလုပ်ဆောင်ရာ၌အလေးထားမှု၊ ကြုံတွေ့ရသောအခြေအနေများ၌သတိဖြင့်ဖြတ်သန်းခြင်း၊ စိတ်အားထက်သန်မှုရှိလာသလော။ ဆုတောင်းခြင်းဖြင့်အစမပြုခဲ့သောအချိန်၌ ဆက်ဆံရေးအဆင်မပြေသောသူများနှင့်ယခုအခါပို၍အဆင်ပြေလာသလော။ အဆင်ပြေအောင်ကြိုးစားလိုစိတ်ပေါ်လာသလော။ ၀ိညာဉ်ရေးအသက်တာသည် လည်ပတ်သွားသည်။ ကျွန်ုပ်တို့၏ဘ၀ အစိတ်အပိုင်းတိုင်းသို့စိမ့်၀င်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ဖန်ဆင်းနိုင်စွမ်းခြင်း၌ပါ၀င်သောကြောင့်ဖြစ်သည်။

Alignment of our lives
ဘ၀၏ဟန်ချက်

ခိုင်မာပြတ်သားစွာဆုံးဖြတ်ပြီးသောအခါ ဘ၀သည်ဖြစ်သင့်ဖြစ်ထိုက်၊ ရှိသင့်ရှိထိုက် သောနေရာ၌ရှိနေသည်။ ထိုသို့ဖြစ်နေ၊ ရှိနေခြင်းသည် ပိုမိုကောင်းမွန်သောအစီအစဉ်အတွက် ဖြစ်သည်ဟုအသိရှိလာသည်။ စိန့်ပီတာရင်ပြင်သည် တောင်ပံနှစ်ဖက်ရှိသည်။ ဗိသုကာပညာရှင်မှဟန်ချက်ညီစွာတွက်ချက်၍ကျောက်တိုင်များကိုတည်ဆောက်ထားသည်။ ထို့အတူ ကောင်းမွန်ပြတ်သားသောဆုံးဖြတ်ချက်ကိုချမှတ်လိုက်သောအခါ ကျွန်ုပ်တို့၏တစ်နေ့တာသည်ပို၍အစီအစဉ်တကျဖြစ်လာသည်။ ဖြစ်ချင်သည်နှင့်တစ်ထပ်တည်းကျသွားသည်။ ထိုအခါကျေနပ်ရ၍ခွန်အားသစ်များမွေးဖွားလာစေသည်။

Overcoming desire to possess
ပိုင်ဆိုင်လိုစိတ်ကိုအောင်မြင်ကျော်လွှားခြင်း

ခိုင်မာပြတ်သားသောဆုံးဖြတ်ချက်ကိုချမှတ်နိုင်ခြင်း၏နောက်ထပ်အမှတ်လက္ခဏာ တစ်ခုမှာ ဆုံးဖြတ်ချက်အပေါ်စိတ်ဖိစီးမှုမရှိဘဲ လွတ်လပ်ပေါ့ပါးစွာဖော်ဆောင်နိုင်ခြင်းဖြစ်သည်။ (ဆုတောင်းခြင်းကို) ထပ်ခါထပ်ခါပြန်လည်ပြုလုပ်လိုလာသည်။ ဤပြုလုပ်ခြင်းဖြင့် ဘုရားသခင်ထံမှဖြစ်နိုင်ခြေရှိသောလမ်းပြမှုများကိုရရှိလာသည်။ ဤသို့ပြုလုပ်ခြင်းမှာဘုရား သခင်သည် ကျွန်ုပ်တို့၏အမြတ်တနိုးထားသောအရာကိုအလေးမထား၍မဟုတ်။ မည်သည့်အချုပ်အနှောင်မှမရှိဘဲ လွတ်လပ်စွာရှင်သန်ရန်ဖြစ်သည်။ ကျွန်ုပ်တို့အတွက်အမှန်တကယ် ကောင်းသည့်အရာကိုဘုရားသခင်သာသိသည်။ ပိုင်ဆိုင်လိုသောဆန္ဒသည် ကောင်းခြင်း၏ရန် သူဖြစ်သည်။ မိသားစုအတွင်း၌ဖြစ်ပွားသောအကြမ်းဖက်မှုများကိုစဉ်းစားကြည့်ပါ။ များသော အားဖြင့်အခြားသူတစ်ဦး၏ချစ်ခြင်းကိုပိုင်ဆိုင်သောစိတ်ကြောင့်ဖြစ်ရသည်။ လွတ်လပ်မှု၌မှန် ကန်စွာချစ်နိုင်သည်။ ထို့ကြောင့်ဘုရားသခင်သည် ကျွန်ုပ်တို့ကိုလွတ်လပ်စွာဖန်ဆင်းခဲ့သည်။ သူ့ကိုယုံကြည်မည်၊ မယုံကြည်ဟုလည်းလွတ်လပ်စွာထုတ်ဖော်ပြောခွင့်ရှိသည်။

Courage in fear of the Lord
ဘုရားသခင်ကိုကြောက်တတ်ရန်သတ္တိရှိပါ။

ဘုရားသခင်ကို 'ကြောက်ရွံ့ခြင်း (သို့) လေးစားခြင်း' သည် မရှိမဖြစ်လိုအပ်သော ဘုရားသခင်၏ဉာဏ်ပညာတော်ဖြစ်သည်။ ဤဉာဏ်ပညာတော်သည် ကျွန်ုပ်တို့အားမှန်ကန်စွာဆင်ခြင်တတ်ရန်ကူညီပေးသည်။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် အခြားသောအရာများကိုကြောက်သည့်စိတ်များကိုပျောက်ပျက်သွားစေသည်။ အဘယ်ကြောင့်ဆိုသော ထိုကြောက်ရွံ့ခြင်းသည် ဘုရားသခင်၌တည်မှီနေသည်။ ဘုရားသခင်သည် အရာအားလုံး၏အရှင်သခင်ဖြစ်သည်။ ဘုရားသခင်၏ရှေ့မျက်မှောက်၌ မည်သည့်အရာမျှ ကျွန်ုပ်တို့ကိုဆိတ်သုန်းစေနိုင်မည်မဟုတ်ပေ။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3PttMf0

Add new comment

7 + 3 =