Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အတင်းအဖျင်းပြောတာက လူ့အသိုင်းအဝိုင်းရဲ့ နှလုံးသားကို ရပ်တန့်စေပါတယ်။
သခင်ယေဇူးရဲ့ သွန်သင်ချက်တွေက ကျွန်ုပ်တို့အတွက် ကြီး မားတဲ့အထောက်အကူ ဖြစ်စေပါတယ်။
ပုံဥပမာတစ်ခု စဉ်း စားကြည့်နိုင်တယ်။ကျွန်ုပ်တို့ အမှားတစ်ခုကို မြင်တဲ့အခါ ညီအစ်ကို (သို့) မောင်နှမရဲ့ အပြစ်အနာအဆာ၊ ချွတ်ချော်မှုကိုမြင်တာနဲ့ အရင်ဦးဆုံး ပုံမှန်ကျွန်ုပ်တို့ လုပ်ကြတာက တော့ အဲဒါကို တခြားလူတွေဆီ သွားပြောပြ တတ်ကြပါတယ်။
ကျွန်ုပ်တို့ အတင်း အ ဖျင်း ပြောကြတယ်။
အတင်းအဖျင်းပြောတာက လူ့အသိုင်းအဝိုင်းရဲ့ နှလုံးသားကို ရပ်တန့်စေပါတယ်။ အသင်းတော်ရဲ့ စည်းလုံးမှုကိုလည်း ပျက်ပြားစေတယ်။အတင်း အဖျင်းအရမ်းပြောသူက နတ် ဆိုးပဲဖြစ်ပါတယ်။ တခြားသူတွေ မကောင်းကြောင်းပဲ အမြဲတမ်းလျှောက်ပြောနေတတ်တယ်။
အသင်းတော်ကြီးရဲ့ စည်းလုံးမှုပျက်အောင် လုပ် ဆောင်နေတဲ့ လှည့်ဖျားတတ်သူ ဖြစ်လို့ပါပဲ အသိုင်းအဝိုင်းကို နှောက်ယှက်ပြီး ညီအစ်ကို အချင်းချင်းကိုလည်း ဝေးကွာစေတတ်ပါတယ်။
ညီအစ်ကိုမောင်နှမအပေါင်းတို့ ကျေးဇူးပြုပြီး အတင်းအဖျင်း မပြောမိအောင် ကြိုးစားကြပါစို့။ အတင်းအဖျင်းပြောနေတာက ကိုဗစ်-၁၉ ထက် ပိုဆိုးပါတယ်။ တကယ်ပိုဆိုးတာပါ။
ကျွန်ုပ်တို့ အတင်းအဖျင်မပြော မိအောင် အမြဲ ကြိုးစားကြပါစို့။
✍️ ထန်းဟာ, SJ
Add new comment