အတင်းဖျင်းစကားသည် ကမ္ဘာ့ကပ်ရောဂါ Covid-19 ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးဆိုးဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က မိန့်ကြား

အတင်းဖျင်းစကားသည် ကမ္ဘာ့ကပ်ရောဂါ Covid-19 ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးဆိုးဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က မိန့်ကြား

အတင်းဖျင်းစကားသည် ကမ္ဘာ့ကပ်ရောဂါ Covid-19 ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးဆိုးဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က မိန့်ကြား

သခင်ခရစ်တော်သည် အပြစ်ပြုသောသူတစ်ချို့အား သတိ‌ပေးတိုက်တွန်းရန် ဖိတ်ကြားကြောင်း၊ မောင်နှမရင်းသဖွယ်ဆိုဆုံးမခြင်းသည် အသင်းတော်ကို စည်းလုံးစေသော်လည်း တဖက်တွင် အတင်းဖျဉ်းပြောဆိုခြင်းသည် အသင်းတော်အတွင်း စိတ်ဝမ်းကွဲပြားမှုများဖြစ်ပေါ်စေကြောင်း တနင်္ဂနွေနေ့၊ အန်ဂျေလူးစ်မေတ္တာဆိုသည့်နေရာမှ ယုံကြည်သူများအားသတိပေးမိန့်ကြားခဲ့သည်။

ထိုနေ့၌ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် (သံမာတေဦး ၁၈: ၁၅-၂၀) တွင် ရေးသားဖော်ပြထားသည့် သခင်ခရစ်တော်၏ မောင်နှမရင်းသဖွယ်ဆိုဆုံးမခြင်းအကြောင်းကို ထောက်ရှုခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ခရစ်ယာန်ဘဝအသက်တာ၏ ရှုထောင့်နှစ်ခုဖြစ်သော၊ ကွန်မြူနစ်ဝါဒီသည် အဖွဲ့အစည်းကို ကာကွယ်ပေးခြင်းနှင့် ၊ ပုဂ္ဂိုလ်ရေးဟုဆိုရာတွင် အယောက်စီတိုင်း၏အသိတရားကို အလေးထား၊ သတိပြုခြင်းတို့ကို မဖြစ်မနေလုပ်ဆောင်ခြင်းတို့ကို စဉ်းစားထောက်ရှုရန် ဖိတ်ခေါ်ခဲ့သည်။

ယေဇူးသခင်သည် အပြစ်ပြုသောသူအားဆိုဆုံးမရန် အဆင့်သုံးဆင့် ချမှတ်ပေးခဲ့သည်။ ပထမအဆင့်-သီးသန့် သတိပေးခြင်း ပထမဦးစွာ ထိုသူအားသီးသန့်ခေါ်ယူကာ သတိပေးရမည်။ ထိုသူအား ပြစ်တင်ပြောဆိုခြင်းမပြုပဲ သူပြုမိသောအရာကို သတိပြုမိစေရန်ကူညီပေးရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ပထမအဆင့်ကို လှမ်းရမည်မှာ မလွယ်ကူလှချေ။ ထိုသူသည် ဆိုးရွားစွာ တုံ့ပြန်မည်ကို စိုးရိမ်ကြောက်ရွံ့ရသည့်ကြားကပင် တစ်ဆက်တည်းမှာ တခြားအကြောင်းပြချက်ဖြင့် ထိုသူနှင့် လုံလောက်သော ယုံကြည်မှုကင်းမဲ့နိုင်ကြောင်း မိန့်ကြားခဲ့သည်။ ဒုတိယအဆင့်- အကူအညီယူပါ ထို့နောက် ထိုအပြစ်ပြုသောသူသည် နောင်တမရလျှင် အခြားသူများ၏ အကူအညီကိုယူ၍ ဆိုဆုံးမရန် သခင်ခရစ်တော် မှာကြားခဲ့သည်။

ဒုတိယအဆင့်သည် တစ်စုံတစ်ဦး ပြစ်တင်စီရင်သောအခါ လူနှစ်ဦး(သို့)သုံးဦး လိုအပ်နေခြင်းသည် မောရှေ၏ ပညတ်ချက်နှင့် ကွာခြားလှသည်။ ဤနေရာတွင် လူနှစ်ဦးသည် ပြစ်တင်စီရင်ရန်မဟုတ်ဘဲ အကူအညီပေးရန်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ရှင်းပြခဲ့ပါသည်။ "အဆင့်-၃ အသင်းတော်ကို အကြောင်းကြားခြင်း" တတိယအဆင့်မှာ ၎င်းလူသည် သူ့အမှားကို ဆက်လုပ်နေလျှင် ထိုကိစ္စကို အသင်းတော်၌ရှိ‌ သော သူများအား အကြောင်းကြားရပါမည်။ “ ညီအစ်ကိုမောင်နှမများအပေါ်၌ အကျိုးသက်ရောက်စေနိုင်သော အရာများလည်းရှိသေးသည်။ ထိုသို့လမ်းလွဲနေသောသူကို လမ်းမှန်သို့ပြန်လည်ပို့ဆောင်ရန်မှာ ကြီးမားသော ချစ်ခြင်းမေတ္တာလိုအပ်ကြောင်း မိန့်ကြားခဲ့သည်။

"နောက်ဆုံးအရေးကြီးဆုံးအချက်" မည်သို့ပင်ဆိုစေကာမူ တခါတလေတွင် အဖွဲ့အစည်း၏ ကြားဝင်ဖြေရှင်းပေးခြင်းသည်လည်းအရာမဝင်ဖြစ်တတ်သည်။ ထိုသို့ဖြစ်လျှင် သခင်ခရစ်တော်က ထိုသူကို တပါးအမျိုးသား (သို့) အခွံခံသူတို့ကို ပြုသကဲ့ကို ဆက်ဆံရမည်ဖြစ်ကြောင်းမိန့်ကြားခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က "ထိုသို့ ပြုမူခြင်းသည် ရှုတ်ချချိုးနှိမ်သည့်အပြုအမူဟု ထင်နိုင်သည်။ အမှန်မှာ ဤသို့ပြင်းထန်‌သော ပြုမူခြင်းသည် ထိုသူအားဘုရားသခင်၏ လက်တော်၌ အပ်နှံရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ အဖဘုရားရှင်သာလျှင် ပိုမိုကြီးမြတ်သော ချစ်ခြင်းမေတ္တာကို လူသားများထက် ပြသနိုင်မည်ဖြစ်ကြောင်း" မိန့်ကြားခဲ့ပါသည်။ ဆက်လက်၍ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က " သခင်ခရစ်တော်သည် တပါးအမျိုးသားများနှင့် အခွံ‌ခံသူတို့အား လက်ခံကြိုဆိုခြင်းအားဖြင့် ထိုအချိန်အခါ၏ ထုံးတမ်းအစဉ်အလာလိုက်နေ‌ သော သူများ၏ ခလုတ်တိုက်စရာဖြစ်စေခဲ့သည်။" ဟူ၍ မိန့်ကြားခဲ့ပါသည်။

"အတင်းအဖျဉ်းပြောဆိုခြင်းသည် အဖွဲ့အစည်းအား ထိခိုက်စေသည်။" အဖွဲ့အစည်းထဲမှလူတစ်ယောက်ကို မောင်နှမရင်းသဖွယ် ပဲ့ပြင်ဆုံးမမည့်အစား အတင်းအဖျဥ်းသာ‌ ပြောနေမည်ဆိုလျှင် မည်သည့်အကျိုးဆက်ဖြစ်မည်ကိုလည်း စဉ်းစားသင့်ပါသည်။ တစ်စုံတစ်ဦးသည် အမှားလုပ်မိသည် (သို့) ချို့ယွင်းချက်ရှိနေသည်ကို တွေ့မြင်နေစဉ် ထိုသူအားသွား၍ ပြောရမည်။ ကျွန်ုပ်တို့သည် ထိုသို့မပြု အတင်းပြောကြသည်။ စာတန်နတ်ဆိုးသည် စိတ်သဘောထားကွဲလွဲစေရန် အကွက်ရှာနေသူဖြစ်၍ အတင်းပြောခြင်း၌ စိတ်အားထက်သန်သူဖြစ်သောကြောင့် အတင်းအဖျင်းပြောခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်ကို အဖွဲ့အစည်းနှင့် ပေါင်းစည်းရန် နှလုံးသားတံခါး ပိတ်စေရုံသာမက အသင်းတော်၏ စည်းလုံးမှုကိုလည်း ထိခိုက် အောင် နှောင့်ယှက်သည်။ ညီအစ်ကိုမောင်နှမများ အတင်းအဖျင်း မပြောမိအောင် ကြိုးပမ်းကြပါစို့။ ရောက်တတ်ရာရာပြောခြင်းသည် Covid-19ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က မိန့်ကြားခဲ့သည်။

"မောင်နှမရင်းသဖွယ်ဆိုဆုံးမခြင်းကို အကျိုးရှိစွာအသုံးပြုခြင်း" နိဂုံးတွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် မယ်တော်သခင်မအား ကျွန်ုပ်တို့သည် မောင်နှမရင်းပမာ ဆုံးမပဲ့ပြင်ခြင်းကို ကောင်းမွန်စွာ ကျင့်ကြံနိုင်ပြီး၊ ထိုထက်မက မမြင်နိုင်သော ဘုရားရှင်၏ ဂရုဏာသနားခြင်းတည်ရှိနေပြီး အပြန်အလှန် ခွင့်လွှတ်နားလည်ခြင်းအပေါ်အခြေခံသော ကျွန်ုပ်တို့၏အဖွဲ့အစည်းများသည် မောင်နှမရင်းပမာ ရင်းနှီးခင်မင်မှုသည် အစဉ်အမြဲ အသစ်ဖြစ်နိုင်ပါမည့်အကြောင်း ဆုတောင်းရင်း ဩဝါဒတရားတော်ကို အဆုံးသတ်တော်မူခဲ့သည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3i89iXJ

 

Add new comment

7 + 7 =