အစေခံခြင်းအသက်တာဖြင့် ယေဇူးသခင်အားသက်သေခံကြရန် ရဟန်းမင်းကြီးမှတိုက်တွန်းခြင်း

အစေခံခြင်းအသက်တာဖြင့် ယေဇူးသခင်အားသက်သေခံကြရန် ရဟန်းမင်းကြီးမှတိုက်တွန်းခြင်း

အစေခံခြင်းအသက်တာဖြင့် ယေဇူးသခင်အားသက်သေခံကြရန် ရဟန်းမင်းကြီးမှတိုက်တွန်းခြင်း

*********************************

ရဟန်းမင်းကြီဖရန်စစ်အရှင်သူမြတ်သည် ဝါတွင်းကာလပဉ္စမတနင်္ဂနွေနေ့တွင် ဖတ်ရှုရသည့် ဧဝံဂေလိကျမ်း၌ ဂရိလူမျိုးအချို့တို့သည် တမန်တော်ဖိလိထံချဉ်းကပ်၍ ယေဇူးသခင်ကိုတွေ့လိုကြောင်း တောင်းပန်ခဲ့ကြသည့်အကြောင်း၊ သူတို့၏တောင်း ဆိုချက်သည် ခေတ်အဆက်ဆက် အမျိုးသားများ/အမျိုးသမီးများက ယေဇူးသခင်အား သိလိုသည့်ဆန္ဒကိုထင်ဟပ်လျက်ရှိကြောင်း မြွက်ကြားခဲ့သည်။

အီတလီနိုင်ငံတွင်ကပ်ရောဂါဖြစ်ပွားမှုအသစ်တစ်ခုကြောင့် ဗာတီကန်နန်းတော်စာကြည့်တိုက်မှ တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် ဘာသာဝင်သားသမီးများအားမိန့်ခွန်းပြောကြားရာတွင် ရဟန်းမင်းကြီးဖရန်စစ်က လူသားတို့အား ယေဇူးသခင်နှင့်တွေ့ဆုံခြင်းအတွက် ကူညီကြရန် ခရစ်ယာန်များနှင့် ကျွန်ုပ်တို့၏လူမှုအသိုင်းအဝိုင်း၌ ကြီးမားသောတာဝန်ရှိ သည်ဟု ပြောပြခ​ဲ့သည်။

ယနေ့၏ဧဝံဂေလိကျမ်းကိုဖတ်ရှုခြင်းသည် ဂရိလူမျိုးများ၏တောင်းဆိုချက်ကို ယေဇူးသခင်က “လူသားအတွက် ဘုန်းတော်ထင်ရှားစေမည့်အချိန် ရောက်ရှိလာလေပြီ။ ... ဂျုံစပါးစေ့တစ်စေ့သည် မြေပေါ်သို့ကျ၍ မသေမပျက်ဘဲရှိသော် တစ်စေ့တည်းအဖြစ်ဆက်လက်တည်ရှိနေမည်။ သေကြေပျက်စီးလျှင်မူကား များစွာသောအသီးတို့ကို သီးစေတတ်၏” (ယောဟန် ၁၂း ၂၃-၂၄) ဟူ၍တုံ့ပြန်ခဲ့သည်ကို ပြောပြနေသည်။ ဤအဖြေကိုကြည့်ခြင်းအားဖြင့် “သခင်ယေဇူးသည် အသီးများစွာသီးရန်အတွက် အသေခံရန်အဆင်သင့်ဖြစ်နေသော ကွယ်ဝှက်လျက်ရှိသည့် မျိုးစေ့တစ်စေ့ပင်ဖြစ်သည်၊ ကိုယ်တော်ကိုသိနိုင်ရန်နှင့် နားလည်နိုင်ရန်အတွက် လက်ဝါးကပ်တိုင်ကိုကြည့်လိုက်ပါ” ဟု ရဟန်းမင်းကြီးကပြောကြားခဲ့သည်။

လက်ဝါးကပ်တိုင်သည် ခရစ်ယာန်များ၏ထူးခြားချက်ဖြစ်သည်

ရဟန်းမင်းကြီးက “လက်ဝါးကပ်တိုင်သည် ရာစုနှစ်များတစ်လျှောက် ခရစ်ယာန်များ၏ ထူးခြားသောအမှတ်အသားဖြစ်ကြောင်း၊ လက်ဝါးကပ်တိုင်တွင်သာ လူများက ယေဇူးသခင်ကိုမကြခဏတွေ့မြင်ကြကြောင်း၊ အထူးသဖြင့် ခရစ်ယာန်ဘာသာကို လူသိနည်းသောနေရာဒေသများတွင် လက်ဝါးကပ်တိုင်အမှတ်အသားကြောင့်သာ ခရစ်ယာန်များအား အသိအမှတ်ပြုလာကြကြောင်း၊ ၎င်းလက်ဝါးကပ် တိုင်များကို ဘုရားကျောင်းများနှင့် ခရစ်ယာန်တို့၏နေအိမ်များတွင်လည်းကောင်း၊ ယုံကြည်သူများက လည်ဆွဲဝတ်ဆင်ကြသည်ကို လည်းကောင်း တွေ့ရကြောင်း၊ အရေးကြီးသောအချက်မှာ လက်ဝါးကပ်တိုင်သည် “ဧဝံဂေလိတရားနှင့်ညီညွတ်ရမည်” ဖြစ်ပြီး “ချစ်ခြင်း၊ အစေခံခြင်းနှင့် မိမိကိုယ်ကို အပြည့်အဝပေးဆက်ခြင်း” တို့ကိုဖော်ပြသော စစ်မှန်သည့် “အသက်ပင်” ဖြစ်ရမည်ဟုဆိုသည်။

ယေဇူးသခင်အား သိကျွမ်းလာခြင်း

ယနေ့ခေတ်လူများသည် ယေဇူးသခင်အကြောင်း ပိုမိုသိလိုကြသည်၊ တွေ့မြင်လိုကြသည်ဖြစ်၍ ခရစ်ယာန်များက အစေခံခြင်းအသက်တာဖြင့် သက်သေခံတုံ့ပြန်ရမည်။ ကျွန်ုပ်တို့သည် စကားလုံးများဖြင့်သာမဟုတ်ဘဲ တိကျခိုင်မာသော၊ ရိုးရှင်းသော၊ ရဲရင့်သောအမူအရာတို့ဖြင့် ချစ်ခြင်းမေတ္တာမျိုးစေ့ကြဲရန်အတွက် ခေါ်တော်မူခြင်းခံကြရကြောင်း ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

နားလည်မှုလွဲမှားခြင်း၊ အခက်အခဲများနှင့် နှိပ်စက်ညှဉ်းပန်းမှုများရှိနေသော်လည်း သခင်ဘုရားသည် ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့ကို အသီးများသီးစေတော်မူသည်။ ဤစမ်းသပ်မှုများတွင် မျိုးစေ့သည် သေရခြင်းမှာ “အချိန်တန်လျှင် အပင်များပွင့်လန်းကာ အသီးမှည့်များဖြင့်ဝေဆာနိုင်ရန်အတွက်” ဟု ရဟန်းမင်းကြီးကမှတ်ချက်ချသည်။ အသက်ရှင်ခြင်းနှင့်သေခြင်းရောယှက်နေသော် လည်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီ နွေးထွေးမှု၊ သနားဂရုဏာတော်ဖြင့်ပြည့်စုံနှင့် နူးညံ့သိမ်မွေ့မှုကိုဖော်ပြသော ချစ်ခြင်းမေတ္တာ၏ စစ်မှန်သည့်အသီးအပွင့်နှင့် ပျော်ရွှင်မှုကို တွေ့ကြုံခံစားနိုင်သည်။

ကျွန်ုပ်တို့သည် ယေဇူးသခင်၏နောက်တော်သို့လိုက်လျှောက်ပြီး ‘ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် ထွန်းလင်းတောက်ပသဖြင့် လူသားအားလုံးက ကိုယ်တော်ကို သိမြင်လာနိုင်ကြစေရန် သက်သေခံနိုင်ကြပါမည့်အကြောင်း ကညာစင်မာရိယာမှကူညီပေးပါရန်’ ရဟန်းမင်းကြီးက ဆုတောင်းခဲ့သည်။

 

Translation credit: CBCM-OSC

http://bit.ly/2OLvj5h

Add new comment

5 + 15 =