အင်ဒိုနီးရှာနိုင်ငံ ဆူနာမီကြောင့် ဒုက္ခရောက်ကြရသူများကို ကူညီကြရန် နှင့် တလုံးတဝတည်းရှိကြောင်း ဖော်ပြရန် ရဟန်းမင်းအမတ် ကာဒီနယ် ချာစ်ဘိုလ် မှ တိုက်တွန်း


အင်ဒိုနီးရှာနိုင်ငံ ဆူနာမီကြောင့် ဒုက္ခရောက်ကြရသူများကို ကူညီကြရန် နှင့် တလုံးတဝတည်းရှိကြောင်း ဖော်ပြရန် ရဟန်းမင်းအမတ် ကာဒီနယ် ချာစ်ဘိုလ် မှ တိုက်တွန်း
ဒီဇင်္ဘာ ၂၈၊ ၂၀၁၈

 

အာရှဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရပြီး တာဝန်ထမ်​းဆောင်ရန် မြန်မာပြည်မှ ရဟန်းမင်းအမတ် ကာဒီနယ် ချာစ်ဘိုလ်မှ ဒီဇင်္ဘာလ ၂၈ ရက်နေ့က ထုတ်ြ​ပန်သော သူ၏ နှစ်သစ်ကူး အမှာစကားတွင် အင်ဒိုနီးရှာနိုင်ငံ သဘာဝဘေးအန္တရယ် ဆူနာမီကြောင့် လူအသက်မြောက်များစွာ ဆုံးရုံးခဲ့ရခြင်း၊ လူအများအပြား ပျောက်ဆုံးနေသေခြင်း နှင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရခြင်းများကြောင့် ဒုက္ခရောက်ကြရသူများကို ကူညီကြရန် နှင့် တလုံးတဝတည်းရှိကြောင်း ဖော်ပြရန် တိုက်တွန်းနိုးဆော်ထားပါသည်။

 

၂၀၁၈ ဒီဇင်္ဘာလ ၂၂ ရက်နေက Anak Krakatau ကျွန်း မီးတောင် ပေါက်ကွဲးပြိုကြမူ​ကြောင့် ဖြစ်ပေါ်လာသော ဆူနာမီ ငလျှင် ကြောင့် ရေလှိုင်းများ ၅ မီတာထိ မြင်တက်ခဲ့ပြီး ဆူမာတရား နှင့် ဂျာဗားကျွန်း ကြားတွင်ရှိသော Sunda Strait ပင်လယ်ကမ်းခြေဒေသကို ထိခိုက်ခဲ့ပြီး လူပေါင်း ၄၃၀ ခန့်သေဆုံးခဲ့ပြီး ၁၅၀၀ ခန့် ဒဏ်ရရှိခဲ့ကာ ၂၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။

 

၂၀၁၈ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အာရှဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပြီး၊ ၂၀၁၉ ဇန်နဝါရီ်လ ၁ ရက်နေ့တွင် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရဟန်းမင်အမတ် ကာဒီနယ် ချာစ်ဘိုလ် မှ အင်ဒိုနီးရှားနိုင်ငံ၏ ကြီးမားသည့် ကံဆိုးမိုးမှောင်ကြမူသည် လွန်ခဲ့သော ၁၀ နှစ်က နာကြည်း ဆို့နင့်ဖွယ်ရာ မြန်မာပြည်တွင် လူပေါင်း ၁၄၀၀၀၀ ခန်သေဆုံးခဲ့ရပြီး လူပေါင်း ၈၀၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော နာဂစ် မုန်တိုင်းဒဏ်ကို ပြန်လည် အောက်မေ့မိကြောင်းကိုလည်း​​ဖော်​ပြထားပါသည်။ ၂၀၁၉ ခုနှစ်ရဲ့ အာရုံဦးမတိုင်ခင်လေးမှာ လူအများအပြားသေဆုံးရခြင်း၊ ဖော်ပြထားခြင်းမရှိသော ဒုက္ခဝေဒနာခံစားရမူများ သည် ဆူနာမီ မှ ချန်ထားခဲ့သော ဒုက္ခဝေဒနား များအဖြစ် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့် ရဟန်းမင်အမတ် ကာဒီနယ် ချာစ်ဘိုလ် မှ ရေးသားဖော်ပြခဲ့ပါသည်။

 

ပထမခြေလှမ်းအဖြစ် ကျွနု်​ပ်အနေနဲ့ ညီကို ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ဓမ္မဆရာ၊ဆရာမများ၊ သူတော်စင်​ဂိုဏ်းဝင်များ၊ ဘာသာဝင် အပေါင်းတို့ကို အင်ဒိုနီးရှာနိုင်ငံ၏ ကြီးမားသည့် ကံဆိုးမိုးမှောင်ကြမူ ဒုက္ခ ဝေဒနာခံစားနေကြရသော ညီကိုမောင်နှမများအား ဘုရားသခင်၏ နှစ်သိမ့်ပေးမူရရှိရန် နှင့် ကျွနု်​ပ်တို့၏ ဆုတောင်းမေတ္တာ များအားဖြင့် သူတို့နှင့်အတူရှိကြောင်းပြသကြရန် အတူတကွ ဆုတောင်းပေးကြဖို့ ဖိတ်ခေါ်လိုက်ပါသည်။ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် နှင့်အတူတကွ ရဟန်းမင်းအမတ် ကာဒီနယ် ချာစ်ဘိုလ် မှ အင်ဒိုနီးရှားနိုင်ငံ ဆူနာမီကြောင့် ဒုက္ခရောက်ကြရသူများ နှင့် အတူရှိကြောင်းဖော်ပြရန် အကူအညီများ ပေးကြဖို့ နိုင်ငံတကာအဖွဲ့အစည်း များကိုလည်း တောင်းဆိုလိုက်ပါသည်။ ဗာတီကန် သတင်းဌာနမှ ကောက်နုတ်​ေ​ဖာ်ပြပါသည်။

 

https://www.vaticannews.va/en/church/news/2018-12/bo-fabc-indonesia-tsun...

#fabc, #indonesia, #tsunami, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 11 =