အငယ်ဆုံး​သောသူကို မည်သို့ကြိုဆိုမည်နည်း

ကာဒီနယ် Peter Turkson

အငယ်ဆုံး​သောသူကို မည်သို့ကြိုဆိုမည်နည်း
စက်တင်ဘာလ ၁၉၊ ၂၀၁၈

https://www.vaticannews.va/en/vatican-city/news/2018-09/turkson-world-co...

#migration, #poor, #help, #vatican, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ကမ္ဘာရွေ့ပြောင်းဒုက္ခသည်များအရေးနှင့်စပ်လျင်းပြီး သာမာန်လူထုကိုကိုယ်စားပြုသောနိုင်ငံရေးစနစ်၊ လူမျိုးရေးခွဲခြားမှုဝါဒ၊ သူစိမ်းကြောက်ခြင်းတို့နှင့်ဆိုင်သော ကမ္ဘာ့ညီလာခံကို ၂၀၁၈ စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ ရဟန်းမင်းကြီးရုံးတော် လူမှုဘဝအပြည့်အဝမြင့်တင်ရေး ဥက္ကဋ္ဌ ရဟန်းမင်းအမတ် ကာဒီနယ် Peter Turkson နှင့် ကမ္ဘာအသင်းတော်များကောင်စည်တို့၏ ဦးဆောင်မှုဖြင့် ရောမမြို့တွင်ကျင်းပလျှက်ရှိပါသည်။
ယင်းအစည်းအဝေးတွင် ကာဒီနယ် Peter Turkson မှ အသစ်ပါဝင်လာသူများကိုကြိုဆိုခဲ့သည်​။ ဆက်လက်ပြီး ကာဒီနယ်မှ လူအမြောက်အများသည်​ ပိုမိုကောင်းမွန်သော ဘဝအခြေအနေမှာ နေထိုင်အသက်ရှင်ရန်​ အသက်စွန့်ကြိုးပမ်​းနေကြလျက်​ ရွေ့ပြောင်းဒုက္ခသည်များ ထွက်ပြေးရွေ့ပြောင်းလာရသည့်အကြောင်းအရင်းများထက် ၎င်းတို့အား မည်​သို့ ကြိုဆိုပြီး အဖွဲ့အစည်းနှင့် သဟဇာတဖြစ်ရန်​ ကူညီနိုင်ကြမလဲဆိုတာကို ဦးစားပေးစေလိုသည်​။ ဤဒုက္ခသည်များ ​တွေ့ကြုံခံစားခဲ့ရတဲ့အရာတွေက ကျွနု်​ပ်တို့ကိုမေး​နေသည်​မှာ သင်​ သူတို့အား မည်​သို့ ကိုယ်ချင်​းစာမလဲ။
လူတွေပြောကြသည်​။global village ကမ္ဘာကြီးသည်​ ရွာကြီးတရွာပါ၊ ရွာ၏အဓိပ္ပါယ်ကိုသိရဲ့လား၊ ရွားဓ​လေ့ရိုးရာက အပြန်အလှန်စောင့်ရှောက်ခြင်း၊ သွေးစည်းညီညွတ် ပေါင်းသင်းဆက်ဆံရေးတို့နဲ့ဖွဲ့စည်းထားခြင်း ဖြစ်သည်​။ ယင်း ယဉ်ကျေးမှု အလေ့အထနဲ့ ဒုက္ခသည်တွေ ကိုကြိုဆိုနေရာပေးသင့်ပါသည်​။
ဘာသာရေးမတူခြင်​း၊ လူမျိုးမတူခြင်​း၊နိုင်ငံမတူခြင်​းသည် ကွဲပြားချက်များနဲ့ ကျွန်တော်တို့တတွေသည်​ တစိမ်းသူတွေကိုကြောက်နေကြပါသည်​။ ဒီကြောက်ရွံတဲ့စိတ်သည်​ ကျွန်တော်တို့လူသားဖြစ်ခြင်း ညီကိုမောင်နှမစိတ်ကို ဝေးကွာနေစေဦးမည်​ပင်​။
သခင်ခရစ်တော် ကလေးဘဝမှာ အီဂျစ်ပြည်ကို ထွက်ပြေးခဲ့ရသည်​။ သခင်ခရစ်တော်လည်း သူများနိုင်​ငံမှာ သူစိမ်​းတစ်​​ယောက်​အဖြစ် တွေကြုံခံစားခဲ့ဖူးသည်​။ ဤနည်​းတူပင်​ စိတ်ကောင်းစေတနာရှိသော ညီကိုမောင်နှမအပေါင်းတို့ သခင်ခရစ်တော်ကို ကြိုဆိုသကဲ့သို့ ရွေပြောင်းဒုက္ခသည်ညီကို ​မောင်နှများအား စာနာခြင်း၊ ရိုသေလေးစားခြင်ဖြင့်ကြိုဆိုကြပါစို့
ဟု ရဟန်းမင်းအမတ် ကာဒီနယ် Peter Turkson မှ သူ၏ အဖွင်အမှာ စကားမှာ ပြောကြားခဲ့ပါသည်။

 

Add new comment

7 + 8 =