အခြားသူများအား မကျေမနပ် ပြောဆိုတိုင်ကြားခြင်းနှင့် အပြစ်တင်ခြင်းသည် အချိန်ဖြုန်းခြင်းဖြစ်သည်။ 

အခြားသူများအား မကျေမနပ် ပြောဆိုတိုင်ကြားခြင်းနှင့် အပြစ်တင်ခြင်းသည် အချိန်ဖြုန်းခြင်းဖြစ်သည်။ 

အခြားသူများအား မကျေမနပ် ပြောဆိုတိုင်ကြားခြင်းနှင့် အပြစ်တင်ခြင်းသည် အချိန်ဖြုန်းခြင်းဖြစ်သည်။ 

အခြားသူများအား မကျေမနပ် ပြောဆိုတိုင်ကြားခြင်းနှင့် အပြစ်တင်ခြင်းသည် အချိန်ဖြုန်းခြင်းဖြစ်သည်။ အဆိုးကိုအောင်နိုင်သော နည်းလမ်းမှာ ကျွန်ုပ်တို့၏စိတ်နှလုံးကို ပထမဦးစွာ အောင်နိုင်ခြင်းဖြစ်သည် ဟု ပုပ်ဖရန်စစ်မိန့်ကြား

“ ကျွန်ုပ်တို့၏ အတွင်းစိတ်ကို ကြည့်မည်ဆိုလျှင် အပြင်၌ ကျွန်ုပ်တို့ မထီမဲ့မြင်ပြုမိသည့်အရာအားလုံးကို တွေ့ရလိမ့်မည်။ ရိုးသားသည့်စိတ်ဖြင့် ဘုရားရှင်အား ကျွန်ုပ်တို့၏ နှလုံးသားကို သန့်စင်ပေးရန် တောင်းခံပါက ထိုအချိန်သည် ကျွန်ုပ်တို့၏ ကမ္ဘာကြီးကို သန့်စင်အောင် စတင်၍ လုပ်ဆောင်သော အချိန်ဖြစ်၏။” ဟူ၍ ပုပ်ရဟန်းမင်းကြီးက အပတ်စဉ်တနင်္ဂနွေနေ့ အန်ဂျေလူး မေတ္တာဆိုသည့်နေရာမှ မိန့်ကြားခဲ့သည်။

"အမှားမပါသော အဆိုးကို အောင်နိုင်သည့် နည်းလမ်းတစ်ခုရှိ၏၊ ထိုနည်းလမ်းမှာ မိမိ၏ အတွင်းစိတ်ကို အောင်နိုင်ခြင်းဖြစ်သည်။ "

စိန့်ပီတာရင်ပြင်ကို အပေါ်ထပ်ပြတင်းပေါက်မှ လှမ်းကြည့်နေစဉ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကဆိုသည်မှာ လောက၌သာမက ကျွန်ုပ်တို့၏ ဘ၀၌မှားယွင်းသော အရာအားလုံးအတွက်သူတစ်ပါးအားအပြစ်တင်ခြင်းကိုရပ်တန့်ရန်လိုကြောင်း ဩဂုတ်လ၂၉ ရက်တွင်ပြောကြားခဲ့သည်။

“ ကျွန်ုပ်တို့သည် မကြာခဏဆိုသလို မကောင်းမှုကို အဓိကအားဖြင့်ပြင်ပမှ၊ အခြားသူတို့၏ အပြုအမှုမှ၊ ကျွန်ုပ်တို့ကို အကောင်းမမြင် ထင်မှတ်သောသူများမှ၊ လူ့အဖွဲ့အစည်းမှ လာသည် ဟု ထင်မှတ်တတ်ကြသည်။ “ကျွန်ုပ်တို့၌ ဖြစ်ပျက်ခဲ့သည့်အရာများသည် အခြားသူများကြောင့်၊ အသိုင်းအဝိုင်းကြောင့်၊ ကမ္ဘာကြီးကြောင့် ဟူ၍ မကြာခဏ မည်မျှပင် အပြစ်တင်ခဲ့ကြသနည်း။ ထိုသို့ဖြစ်ပျက်ခြင်းသည် အခြားသူများ၏ အမှားကြောင့်၊ လူအများ၏ အပြစ်‌ကြောင့် ၊ အုပ်ချုပ်သူများ၏ အမှားကြောင့် ၊ ကံဆိုးခြင်း ကြောင့်စသဖြင့် အပြစ်ပုံချတတ်ကြသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ အဆိုအရအပြစ်တင်ခြင်းအတွက် အချိန်ဖြုန်းရန်လွယ်ကူသည်၊ သို့သော်အခြားသူများကိုအပြစ်တင်ရန်အချိန်ဖြုန်းခြင်းဖြစ်သည်။

“ ကျွန်ုပ်တို့သည် ဒေါသထွက်ကြ၏၊ နာကြည်းတတ်ကြ၏။ ထို့နောက် ဘုရားသခင်အား ကျွန်ုပ်တို့နှလုံးသားနှင့် ဝေးဝေးထားကြ၏” ဟူ၍ ရှင်မာကု၏ ကျမ်းစာရေးသားချက်၌ ဖော်ပြထားသည့်အတိုင်း ယေဇူးနှင့် သူ၏ တပည့်များအား “မိမိကိုယ်ကို သန့်စင်အောင်မလုပ်ဘဲ အစာစားကြ၏” ဟူ၍ ကဲ့ရဲ့ပြစ်တင်ရှုတ်ချခဲ့ကြသည့် ဖာရိရှဲတို့ကို ထောက်ပြဆုံးမခဲ့သည်။

“တိုင်းကြားခြင်းသည် အဆိပ်သင့်စေ၍ ဘုရားသခင်ထံသို့ သွားသော နှလုံးသားတံခါးကိုပိတ်ပင်သော အမျက်ဒေါသထွက်ခြင်း၊ ၀မ်းနည်း‌ခြင်း၊ စိတ်အလိုမကျဖြစ်ခြင်းတို့ကို ဖြစ်စေ၏။ ” ဟူ၍ ပုပ်ရဟန်းမင်းကြီးကအလေးအနက်ပြောကြားခဲ့သည်။

“တိုင်းကြားပြစ်တင်‌ေပြာဆိုခြင်းသည် ခရစ်ယာန်ကောင်းပီသခြင်းမဟုတ်သောကြောင့် ပြစ်တင်တိုင်ကြားခြင်းအားဖြင့် ကမ္ဘာကြီးညစ်ညမ်းအောင် အချိန်များမဖြုန်းမိစေရန် ဘုရားရှင်ထံမှ ကျေးဇူးတော်များ ဆုတောင်းကြပါစို့။ ယေဇူးသခင်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးမှစ၍ လူ့ဘဝနဲ့ကမ္ဘာကြီးကို စောင့်ကြည့်ဖို့ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်လျက်ရှိ၏။” ဟူ၍ ရဟန်းမင်းကြီး ဖရန်စစ်က မိန့်ကြားခဲ့သည်။

သည့်အပြင် တရားနာသူပရိသတ်တို့အား အခြားသူများအား အပြစ်တင်ခြင်းမှလွတ်မြောက်ရန်ဘုရားသခင်ထံ၌ တောင်းလျှောက်ကြရန်လည်းတိုက်တွန်းခဲ့သည်။ ထို့နောက် သူသည် သန့်ရှင်းမြင့်မြတ်‌သော ရှေးဦးအသင်းတော်တော်ဖခင်ကြီးများပြောကြားခဲ့သည့် " သန့်ရှင်းမြင့်မြတ်ခြင်းသို့ပို့ဆောင်သော ပထမခြေလှမ်းသည် မိမိကိုယ်ကို အပြစ်တင်ခြင်းဖြစ်ကြောင်း" ပြန်လည်‌မိန့်ကြားခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3DcP3Cg

Add new comment

3 + 15 =