အချိန်မဆွဲပဲ ချက်ခြင်းလုပ်တပ်ခြင်း၊ တိကျပြတ်သားစွာဆုံးဖြတ်နိုင်ခြင်း နှင့် အမြဲလှုပ်ရှားသွားလာနေခြင်း များသည် သတင်းကောင်းဝေမျှခြင်း၏အရည်အခြင်းများ

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်း

အချိန်မဆွဲပဲ ချက်ခြင်းလုပ်တပ်ခြင်း၊ တိကျပြတ်သားစွာဆုံးဖြတ်နိုင်ခြင်း နှင့် အမြဲလှုပ်ရှားသွားလာနေခြင်း များသည် သတင်းကောင်းဝေမျှခြင်း၏အရည်အခြင်းများ
ဇွန်လ ၃၀၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင်း သခင်ခရစ်တော်၏ နောက်လိုက်တစ်ယောက်ဟာ နောက်ပြန်ကြည့်ပြီး ဇဝေဇဝါဖြစ်မနေရဘူး၊ အချိန်မဆွဲပဲ ချက်ခြင်းလုပ်တက်ခြင်း၊ တိကျပြတ်သားစွာဆုံးဖြတ်နိုင်ခြင်း နှင့် အမြဲလှုပ်ရှားသွားလာနေခြင်း များသည် သတင်းကောင်းဝေမျှခြင်း၏အရည်အခြင်းများဖြစ်သလို နောက်လိုက်ကောင်း တစ်ယောက်၏အရည်အခြင်းများ ဖြစ်ကြောင်း ဝေမျှခဲ့ပါသည်။

သခင်ခရစ်တော်ရဲ့နောက်လိုက်ဖြစ်တဲ့သူဟာ ရက်ရောစွာပေးဆပ်နိုင်သူဖြစ်ရမယ်၊ သခင်ခရစ်တော်ဘယ်ကိုပဲသွားသွား လိုက်နိုင်သူဖြစ်ရမယ်။ လူသားမှာ ခေါင်းချစရာနေရာမရှိဆိုတာ သခင်ခရစ်တော်က စဉ်ဆက်မပြတ်ရွေ့လျှားနေခြင်းကို ဖော်ပြခြင်းဖြစ်တယ်။ ဒါကြောင့် အသင်းတော်ဟာ ရပ်တန့်မနေရပဲ အမြဲအသက်ဝင် လှုပ်ရှား​နေသူဖြစ်ဖို့ ခေါ်ဆောင်ခြင်းခံထားရတာဖြစ်တယ်၊ အစွန့်ပြစ်ခံ လူသားများရှိရာ ကမ္ဘာအနှ့ံအပြား အစွန်အဖျားထိ ရောက်ရှိလုပ်ဆောင်နိုင်ဖို့ အသင်းတော်ဟာ အမြဲလှုပ်ရှားသွားလာနေရမယ်။

ဖခင်ကို သွားရောက်သဂြိုလ်​ပါရစေအုံးပြီးမှ ကိုယ်တော်နောက်ကို လိုက်ပါမည်လို့ ပြောတဲ့သူကို သခင်ခရစ်တော်က သေသူတို့သည် မိမိတို့လူသေများကိုသဂြိုလ်​ကြပါစေ၊ သင်မူကာသွား၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောလောဟုမွက်ကြားခဲ့တယ် ဆိုလိုတာက အရေးကြီးသောအလုပ် ဖြစ်သော ဘုရားခိုင်းသည့်အလုပ်ကို လောကလူတို့အလုပ်တွေနဲ့အနှောက်အယှက်ဖြစ်မနေစေဖို့ ချက်ခြင်းလုပ်တက်​​သောအကျင့်ရှိဖို့နဲ့ ဘုရားသခင်ခိုင်းတဲ့အလုပ်ကို အမြဲအဆင်သင့်ဖြစ်နေသူ ဖြစ်ရမယ် ဒါကို ဆိုလိုခြင်းဖြစ်တယ်။

မိမိဆွေမျိုးများကို သွားရောက်နုှတ်ဆက်ပါရစေ ပြီးမှကိုယ်တော်နောက်သို့ လိုက်ပါမည်ဟု ပြောကြာခဲ့သူကို သခင်ခရစ်တော်က ထွန်တုံးကို ကိုင်ပြီး နောက်လှည့်ကြည့်သူက ကောင်းကင်နိုင်ငံတော်နှင့်မထိုက်မတန်ဟု မွက်ကြားခဲ့တယ်၊ ဘုရားခင်ရဲ့နောက်ကို လိုက်မဲ့သူဟာ ပြတ်သားဖို့လိုတယ်၊ မပြတ်မသားနဲ့ ဘုရားခင်နောက်လိုက်သူတွေ ကောင်းကင်နိုင်ငံနဲ့မထိုက်တန်နိုင်ဘူး။

အထက်မှာ ပြောခဲ့တဲ့ အချိန်မဆွဲပဲ ချက်ခြင်းလုပ်တက်ခြင်း၊ တိကျပြတ်သားစွာဆုံးဖြတ်နိုင်ခြင်း နှင့် အမြဲလှုပ်ရှားသွားလာနေခြင်း ဒီအချက်တွေက ဘာကို ဖော်ပြနေသလည်း ဆိုတော့ သခင်ခရစ်တော်ရဲ့နောက်လိုက် တွေမှာ အကြောင်းမပြနဲ့ မငြင်းပယ်နဲ့ဆိုတာကို ဖော်ပြနေခြင်းဖြစ်တယ်။ ပြီးတော့ဒီအချက်တွေဟာ နောက်လိုက် တစ်ယောက်မှာလိုအပ်တဲ့ အရည်အခြင်းဖြစ်တယ်ဆိုတာပြသနေခြင်းဖြစ်တယ်။ ချစ်ခြင်းမေတ္တာ၏ တွန်းအားဖြင့် သခင်ခရစ်တော်ရဲ့နောက်လိုက်အဖြစ် အပြည့်အဝ လွတ်လပ်စွာရွေးချယ်ခဲ့ပြီး ဘုရားရဲ့မခန့်မှန်းနိုင်တဲ့ကျေးဇူးတော်တွေကို အပြန်အလှန်ဝေမျှပေးဖို့ လုပ်ဆောင်ရမယ်၊ ဒီနေရာမှာ ကိုယ်နာမည်ကြီးဖို့၊ မိမိအတွက်လုပ်ဆောင်တာမဖြစ်ရဘူး ဘုရားအတွက်ပဲဖြစ်ရမယ်။ ပြည့်ဝသော စိတ်စေတနာနဲ့ အလိုအပ်ဆုံးညီကိုမောင်နှမတွေစီကို ချစ်ခြင်းမေတ္တာ လက်တွေ့ပါသော အသက်တာဖြင့် သတင်းကောင်းသယ်ဆောင်ကြရမယ် ဝေမျှကြရမယ်ဟု ဟောကြားခဲ့ပါသည်။ ။

https://www.vaticannews.va/en/pope/news/2019-06/pope-at-angelus-conditio...

#pope, #angelus, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

16 + 1 =