အကြောက်ရဆုံး ရောဂါသည် ချစ်ခြင်းမေတ္တာ ပျောက်သည့်ရောဂါ

အကြောက်ရဆုံး ရောဂါသည် ချစ်ခြင်းမေတ္တာ ပျောက်သည့်ရောဂါ

 

ဘဝမှာ အကြောက်ရဆုံးက ဘာရောဂါလဲ။ ကင်ဆာရောဂါလား၊ တီဘီရောဂါလား။ လက်ရှိဖြစ်နေတဲ့ ကပ်ရောဂါလား။ မဟုတ်ပါဘူး။ 

 

ဘဝမှာအကြောက်ရဆုံး ရောဂါဟာ မချစ်နိုင်တာ၊ ချစ်ခြင်းမေတ္တာ ပျောက်နေတာ၊ အချစ်မရှိတာပါ။ ကျွန်ုပ်တို့ရဲ့အချစ်မဲ့နေတာကို နှစ်သိမ့်မှုရစေဖို့ ကျွန်ုပ်တို့ မှားမှားယွင်းယွင်းနဲ့  ဘယ်နှခါများ ကျိန်ဆဲ နေကြသလဲ။ ငွေကြေးနဲ့အောင်မြင်မှုက ပျော်ရွှင်စေမယ်လို့ ကျွန်ုပ်တို့ ထင်ကြပေမဲ့ အလကားရတဲ့ အချစ်က ဝယ်ယူလို့ မရပါဘူး။

 

မြင်နိုင်တဲ့ ကမ္ဘာကြီးမှာ ကျွန်ုပ်တို့ ခိုလှုံနေ ကြပေမဲ့ ချစ်ခြင်းမေတ္တာက ခိုင်မာပါတယ်။ ကျွန်ုပ်တို့ မိမိကိုယ်ကို လက်မခံဘဲ အပေါ်ယံ အပြင်ပိုင်းကိုသာ အလှပြင်ဆင် ထားတတ်ကြတယ်။ ဒါပေမဲ့ အသွင်အပြင်လောက်နဲ့ တော့ အချစ်စစ်ကို ရှာဖွေနေလို့လည်း မတွေ့နိုင်ပါဘူး။ 

 

မျက်လှည့်ဆရာတွေဆီမှာ ကျွန်ုပ်တို့ အဖြေရှာနေကြပေမဲ့လည်း ကျွန်ုပ်တို့မှာ ငွေကြေးနဲ့ ငြိမ်းချမ်းမှုတွေ မရှိပါဘူး။ အထူးသဖြင့် အခုလိုအချိန်မှာ ကျွန်ုပ်တို့ အဆက်အသွယ် လုပ်ပြီးဆက်ဆံရေးရဲ့ အရေးကြီးမှုကို သတိထားမိလာကြတယ်။ သခင်ယေဇူးနဲ့လည်း အတူတူပါပဲ။ 

 

တစ်ခါတလေ ထပ်တလဲလဲ ကြက်တူရွေး လို့မျိုး ရွက်ဆိုတဲ့ ဆုတောင်းမေတ္တာနဲ့ စည်းမျဥ်း တချို့လေ့လာရုံနဲ့ ကျွန်ုပ်တို့ ပျော်ရွှင် နေကြပေမဲ့ သခင်ယေဇူးကတော့ ကျွန်ုပ်တို့ စိတ်နှလုံးသားကို ဖွင့်ထားပြီး သူ့ဝတ်ရုံကို ထိတွေ့ကာ ကုသမှုကို ခံယူကြဖို့ စောင့်မျှော်နေပါတယ်။

 

✍️ ထန်းဟာ, SJ 

Add new comment

1 + 1 =