အကြမ်းဖက် သတ်ဖြတ်မှု အားလုံးကို လူသားမျိုးနွယ်တစ်ခုလုံးက မဖြစ်မနေ စွန့်ပယ်ရမည်။

အကြမ်းဖက် သတ်ဖြတ်မှု အားလုံးကို လူသားမျိုးနွယ်တစ်ခုလုံးက မဖြစ်မနေ စွန့်ပယ်ရမည်။

 

မွန်ဂိုလီယာ ဗုဒ္ဓရဟန်းတော်များအား ပုပ်ဖရန်စစ်၏ မိန့်ကြားချက်

 

 

ပုပ်ဖရန်စစ်သည် မွန်ဂိုလီယာ နိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းကိုယ်စားလှယ်တော်များအား ဗာတီကန်၌ လက်ခံ တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲ၌ လူသားထု တစ်ရပ်လုံး အကြမ်းဖက် သတ်ဖြတ်မှု အားလုံးကို မည်သည့် အချိန်နေရာတွင်မဆို မဖြစ်မနေ စွန့်ပယ်ကြဖို့၊ အကြမ်းမဖက် ဝါဒအား ဆုပ်ကိုင်ကြဖို့ တိုက်တွန်းကူညီပေးရန် ဘာသာပေါင်းစုံ နှီး‌နှောဖလှယ် အဖွဲ့အား ပုပ်ဖရန်စစ်က တိုက်တွန်းခဲ့ပါသည်။

 

ဗာတီကန်နှင့် မွန်ဂိုလီယာနိုင်ငံ အကြား တရားဝင် သံတမန် ဆက်ဆံမှု နှစ် ၃၀ ပြည့် အထိမ်းအမှတ် အဖြစ် ပုပ်ဖရန်စစ်သည် အရှေ့အာရှ ဒေသမှ ဗုဒ္ဓဘာသာ ရဟန်းကိုယ်စားလှယ်တော်အဖွဲ့အား စနေနေ့က တွေ့ဆုံခဲ့သည်။

ထိုရဟန်းကိုယ်စားလှယ်တော် အဖွဲ့အား မွန်ဂိုလီယာ မြို့တော်မှ သာသနာပိုင်ချုပ် Apostolic Prefect ဖြစ်သူ ဆရာ‌တော် ဘိရှော့ Bishop Giorgio Marengo က ပူးတွဲ ခေါ်ဆောင်လာခဲ့သည်။

ပုပ်ဖရန်စစ်က မွန်ဂိုလီယာ ဗုဒ္ဓရဟန်းတော် ကိုယ်စားလှယ် အဖွဲ့အား “‌နွေးထွေးမှု၊ လေးစားသမှုဖြင့် ကြိုဆိုခဲ့ပြီး” ကက်သလစ် အမိအသင်းတော်နှင့် အပြန်အလှန် နားလည်မှု တည်ဆောက်ခြင်း အားဖြင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းအား တည်ဆောက်လိုသည့် စိတ်ဆန္ဒရှိမှု အပေါ် ပုပ်ဖရန်စစ်က ချီးကျူးဂုဏ်ပြုခဲ့သည်။

 

“ငြိမ်းချမ်းရေး ဆိုသည်မှာ ယနေ့ခေတ်မှာ လူသားမျိုးနွယ် တစ်ရပ်လုံး အမှန်အကန် တောင့်တနေသော အရာ ဖြစ်ပါသည်။ အကျိုးဆက်အားဖြင့် ငြိမ်းချမ်းရေး ယဉ်ကျေးမှုနှင့် အကြမ်းမဖက်မူအား အားပေးမြှင့်တင်ရန် အလို့ငှာ အဆင့်အလွှာပေါင်းစုံ၌ အမြင်သဘောထား မတူသည့် အုပ်စုများ အားလုံး အပြန်အလှန် သဘောထား အမြင် ဖလှယ်ခြင်း (ဒိုင်ယာလော့) ကြဖို့ အရေးတကြီး လိုအပ်နေပါသည်။ သဘာဝ ပတ်ဝန်းကျင်အား အကြမ်းဖက်မှု အပါအဝင် ပုံစံအမျိုးမျိုးသော အကြမ်းဖက်မှု ပုံစံအားလုံးကို ပစ်ပယ်ငြင်းဆန်ရန် အလို့ငှာ (သဘောထား အမြင်မတူမှုများအား အပြန်အလှန် အမြင်ချင်း ဖလှယ်နိုင်ရန် အလို့ငှာ) ဒိုင်ယာလော့လုပ်ရာ၌ လူတိုင်းကို မဖြစ်မနေ ဖိတ်ခေါ်ဖို့ လိုအပ်ပါသည်။”

 

တစ်ချိန်တည်းမှာပင် ပုပ်ရဟန်းမင်းကြီးသည် ဘာသာရေးကို အသုံးချ၍ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် အမုန်းတရားအား တရားဝင်စေရန် ကြိုးစားအားထုတ်နေသော အချို့သူများ အတွက် ဝမ်းနည်းမိကြောင်း ဆိုပါသည်။

credit: Lawrence Jangma Mung Song

Add new comment

4 + 0 =