ဟာသညဏ်သည် အလွန်အဖိုးထိုက်သော လက်ဆောင်ဖြစ်သည်။

‘ဟာသဉာဏ်’ သည် အလွန်အဖိုးထိုက်သောလက်ဆောင်ဖြစ်သည်

ရဟန်းမင်းကြီးဖရန်စစ်သည် ပြီးခဲ့သောပတ် သောကြာနေ့ကလည်းရဟန်းမင်းကြီးသည် ဟာသလူရွှင်တော်များနှင့်တွေ့ ဆုံ၍ ‘ဟာသလူရွှင်တော်တွေဆိုတာ ပြည်သူလူထုရဲ့ချစ်ခင်အားပေးခံရတဲ့ဖျော်ဖြေတင်ဆက်သူတွေဖြစ်တယ်။ လူတွေရဲ့သောက၊ ပူလောင်နေမှုတွေကိုပေါ့ပါး၊ ပပျောက်သွားအောင် ဟာသဉာဏ်နဲ့ကုစားပေးနိုင်သူတွေဖြစ်တယ်။ ကမ္ဘာ့အရေး၊ နိုင်ငံ့အရေး၊ ကိုယ်ရေးကိုယ်တာအရေးတွေမှာ အနိဌာရုံတွေ၊ စိတ်ရှုပ်ထွေး၊ စိတ်ထိခိုက်စရာတွေနဲ့မွန်းကြပ်နေချိန်မှာ လူရွှင်တော်တွေဟာ အနစ်ရှိတဲ့ဟာသတွေနဲ့ပြုံးရွှင်ရအောင်တင်ဆက်ပေးနိုင်သူတွေပါ။ လူရွှင်တော်တွေဟာ ပြောရဆိုရခက်တဲ့သူတွေ၊ မတူတဲ့မျိုးဆက်တွေ၊ လူယဉ်ကျေးမှု၊ စရိုက်မတူတဲ့သူတွေကိုလည်း နားလည်အောင်၊ သဘော‌ပေါက်အောင်ပြောဆိုနိုင်တဲ့သူတွေဖြစ်တယ်။ ရယ်ရွှင်ခြင်းဟာ ကူးစက်တတ်တယ်။ လူမှုရေးအဟန့်အတားတွေကိုဖြိုလဲပစ်ပေးနိုင်စွမ်းတယ်။ အချိပ်အဆက်မိအောင်လုပ်ပေးနိုင်တယ်။ ဟာသနဲ့ရယ်ရွှင်မှုတွေဟာ လူ့ဘ၀ရဲ့အချက်အချာကျတဲ့အပိုင်းဖြစ်တယ်ဆိုတာကို ဟာသလူရွှင်တော်တွေကလူ့အသိုင်းအ၀ိုင်းကိုသင်ကြားပေးတယ်’ ဟုရဟန်းမင်းကြီးကမိန့်ကြားခဲ့သည်။

အဖိုးထိုက်သောလက်ဆောင် (A precious gift)

‘ဟာသဉာဏ်’ သည် အလွန်အဖိုးထိုက်သောလက်ဆောင်ဖြစ်ကြောင်း၊ ထိုလက်ဆောင်အား ဖြင့် နှလုံးသားအချင်းချင်းကြားဖြစ်စေ၊ လူအချင်းချင်းကြား၌ဖြစ်စေ ‘ငြိမ်းချမ်းရေး’ ကိုပြန့်ပွားစေနိုင်သည်။ ကျွန်ုပ်တို့၏အခက်အခဲကိုကျော်လွှားစေနိုင်သည်။ နေ့စဉ်တွေ့ကြုံရသောစိတ်ဖိစီးမှုကိုလည်းလျော့နည်းစေနိုင်သည်။

အခြားသူများကိုပြုံးရယ်အောင်တင်ဆက်နိုင်ခြင်းသည် အံ့ဩဖွယ်ရာဖြစ်သည်။ အထူးသဖြင့် ခက်ခဲပြီး လှည့်စားတန်သောအကြောင်းအရာများကို ဉာဏ်ကွန့်၍တင်ဆက်ရခြင်းသည် အံ့ဖွယ်ရာလက် ဆောင်ဖြစ်သည်။ အာဏာရူးမှုကိုပညာသားပါပါထောက်ပြပေးတတ်သည်။ မေ့ပျောက်နေသော၊ လစ်လျူရူခံထားရသော၊ ထုတ်မပြောလို၊ မပြောရဲသောအကြောင်းအရာများကိုဟာသနှော၍ ရယ်ရွှင်စရာအဖြစ်တင်ဆက်ရင်း ဆော်ဩဖော်ထုတ်ပေးတတ်ကြသည်။ အနိုင်ကျင့်ခံရမှု၊ အလွှဲအသုံးချခံနေရမှုတို့ကိုမီးမောင်းထိုးပြကြသည်။ မလိုလားအပ်သောအပြအမှုများကိုလည်းညွှန်းပြပေးကြသူများဖြစ်ကြသည်။ သို့သော် ထိတ် လန့်စေသော၊ အကြမ်းဖက်မှု၊ အဓမ္မအားပေးထောက်ခံမှု၊ ပြည်သူများအာရုံလွှဲသွားအောင်၊ အမှန်အမှား‌ ‌ေ၀၀ါးသွားအောင်လုပ်ဆောင်ခြင်းကိုမူမပြုလုပ်ရန်မိန့်ကြားခဲ့သည်။

ဘုရားသခင်ကိုပြုံးအောင်လုပ်ပါ (Making God smile)

ရဟန်းမင်းကြီးဖရန်စစ်သည် လူရွှင်တော်များ၏တင်ဆက်မှုကို လောကီအ‌ရေးအတွက်သာအသုံးချခြင်းမျိုးမဖြစ်စေဘဲ ဘုရားသခင်၏ဖန်ဆင်းခြင်းအမှုတော်၌ပါ၀င်နိုင်ရန်လမ်းညွှန်ခဲ့သည်။ ဘုရားသခင်ပေးထားသော အစွမ်းအစများကိုအသုံးချခြင်း၏အကျိုးသည် အခြားသူများအတွက်အကျိုးရှိခြင်းထက် ဘုရားသခင်၏ဘုန်းတော်ကိုဖော်ပြနေခြင်းသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ဖန်ဆင်းခြင်းအမှုကို (၆) ရက်တာစီမံပြီးနောက် ဖန်ဆင်းထားသောအမှုများကိုရူစားပြီးနောက် သတ္တမနေ့၌အနားယူတော်မူခဲ့သည်။ ဤအချက်ကိုအစဉ်မှတ်သားထားလျှက် ပညာရ၊ တရားပြသောဟာသပြတ်လုံးများအားဖြင့် ပွဲကြည့်ပရိသတ်တစ်ဦးဦးအား ပြုံးရယ်ပျော်ရွှင်စေခဲ့ခြင်းသည် ဘုရားသခင်ကိုပြုံးရွှင်ရယ် မောအောင်တင်ဆက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော၊ တရားသောအကြောင်အရာများအပေါ်အ ခြေခံ၍ဟာသပျက်လုံးများတင်ဆက်ရင်း ဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာတော်ကိုအသုံးခံကြပါဟုဆက် လက်မိန့်ကြားခဲ့သည်။

အဘယ်သူ့ကိုမျှ ‘မဆန့်ကျင်’ ပါနှင့် (Never ‘against’ anyone)

လူမှုအသိုင်းအ၀ိုင်း၌ဖြစ်ပျက်နေသော အရေးပါသည့်အကြောင်အရာတစ်ခုကိုအခြေခံ၍ ဟာ သဉာဏ်ကွန့်ကာတွေးတောခြင်း၊ ပြောဆိုတတ်ခြင်းသည် လူ့သဘာ၀ကိုဖော်ပြနေခြင်းဖြစ်သည်။ အမှန်တကယ်ဟာသအစစ်အမှန်သည် လူတစ်ဖက်သားအား လှောင်ပြောင်ခြင်း၊ နှိမ်ချပြောဆိုခြင်း၊ အရှက်တကွဲအကျိုးနည်းအောင်ပြောဆိုခြင်းမဟုတ်။ အခြားသောတင်ဆက်မှုမျိုးနှင့်မတူပေ။ ဟာသပညာအစစ်အမှန်သည် အဘယ်သူ့ကိုမျှဆန့်ကျင်ခြင်းမပြုပေ။ လူတိုင်းပါ၀င်သော၊ အပြုသဘောဆောင်သော၊ အပြုသဘော ဆောင်သောနှိုးဆော်မှု၊ စာနာမှု၊ ကိုယ်ချင်းစာမှုကိုပြသောတင်ဆက်မှုသာဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်ခါ တစ်ရံ၌ ဘုရားသခင်ကိုလည်းရယ်မောနိုင်သည်။ ဤသို့ပြုသော်လည်း ဘုရားသခင်ကိုမရိုမသေပြုလုပ်ရန်ရည်ရွယ်ခြင်းမျိုးမဟုတ်။ ကျွန်ုပ်တို့ချစ်သောသူများအား တစ်ခါတစ်ရံရီစရာများပြော၍ရယ်မောသဘောကျသည့်သဘောဖြစ်သည်။ မည်သို့ပင်ဆိုစေ ဟာတင်ဆက်မှု၌ ဘာသရေးယုံကြည်ချက်များအားလှောင်ပြောင် ထိခိုက်ပြောဆိုခြင်း၊ နုံချာနွမ်းပါးသောသူတို့အားနှိမ်ချပြောဆိုခြင်း၊ လှောင်ပြောင်သရော်ခြင်းကိုလုံး၀မပြုလုပ်ရ။

ပိုမိုကောင်းမွန်သောကမ္ဘာကိုတည်ဆောက်ရန်စိတ်ကူးကြပါ (Dreaming of a better world)

ရဟန်းမင်းကြီးဖရန်စစ်က ဟာသလူရွှင်တော်တို့အား ဆက်လက်၍လူအများကိုပျော်ရွှင်အောင်တင်ဆက်ပါ။ အထူးသဖြင့် ဘ၀ခက်ခဲကြမ်းတမ်းလွန်းသောကြောင့်မျှော်လင့်ချက်ထားရှိရှင်သန်ရန်ပင်ပျောက်ရှနေသောသူများအားပြုံးပျော်ရယ်မော သောကလျော့သွားစေရန်တင်ဆက်ပါ။ ပြုံးပန်းများပွင့်ဖူး ‌ေ၀ဆာစေချင်းဖြင့်ကျွန်ုပ်တို့အားကူညီကြပါ။ အဓမ္မကိုဓမ္မနှင့်ရှင်၍ဓမ္မကိုပိုမိုသိရှိနားလည်လာရန်၊ ပိုမိုကောင်းမွန်သောကမ္ဘာကြီးတစ်ခုကိုတည်ဆောက်ရန်စိတ်ကူးကြပါဟုတိုက်တွန်းနှိုးဆော်ရင်းနှင့်တွေ့ဆုံခြင်းအစီအစဉ်ကိုအဆုံးသတ်လိုက်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.cx/LBsw

Add new comment

2 + 2 =