ဟန်ဆောင်အတုယောင် စီးပွားဆန်သော ခရစ္စမတ် မဖြစ်ပါစေနဲ့

ဟန်ဆောင်အတုယောင် စီးပွားဆန်သော ခရစ္စမတ် မဖြစ်ပါစေနဲ့

ဟန်ဆောင်အတုယောင် စီးပွားဆန်သော ခရစ္စမတ် မဖြစ်ပါစေနဲ့

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အနေဖြင့် တစ်ဦးနှင့်တစ်ဦး မသက်ဆိုင်သောသဘော၊ စီးပွားရေး သက်သက်အနေနဲ့သာပြုလုပ်သော၊ စီးပွားရေးဆန်သော၊ ဟန်ဆောင်သော၊ ခရစ္စမတ်ပွဲ မဖြစ်ကြဖို့ ခရစ်ယာန်တို့အား တိုက်တွန်းနှိုးဆော်ထားပါသည်။ ဤတိုက်တွန်းနှိုးဆော်ချက်ကို ယခုနှစ် ဗာတီကန်နန်းတော်သို့ သူငယ်တော် မွေးဖွား ခြင်းရုပ်တုများ (၂ စုံ) နှင့် ခရစ္စမတ်သစ်ပင် လှူဒါန်းခဲ့သည့် ကိုယ်စားလှယ်တော်အဖွဲ့ ၃ ဖွဲ့အား မိန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

          ယခုနှစ် စိန်ပီတာရင်ပြင်ရှိ သူငယ်တော် မွေးဖွားခြင်း ရုပ်တုများသည် ပီရူးနိုင်ငံ၊ ချိုပကာဒေသမှ လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ရုပ်တုများအား ပီရူးနိုင်ငံ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ ထုလုပ်ထားခြင်း ဖြစ်ပါသည်။ ရုပ်တုများ၏ဘေး၌ ၂၈ မီတာ ရှည်လျားသော ခရစ္စမတ်သစ်ပင်ကို တွေ့မြင်ရမည်ဖြစ်သည်။ ဤနှစ် ခရစ္စမတ် သစ်ပင်အား အီတလီနိုင်ငံမြောက်ပိုင်း၊ ထရမ်တီးနိုဒေသရှိ အန်ဒါလိုသစ်တောမှ ခုတ်ယူ ထားခြင်းဖြစ်သည်။

          အခြားသော သူငယ်တော် မွေးဖွားခြင်း ရုပ်တုများအား ဗာတီကန်နန်းတော်ရှိ ဆဌမမြောက် ပေါလု ခန်းမတွင် တွေ့ရှိနိုင်ပါသည်။ ၎င်းခန်းမထဲမှာပင် ပုပ်ရဟန်း မင်းကြီးသည် ဤအလှူရှင် ကိုယ်စားလှယ်တော်များအား လက်ခံတွေ့ဆုံခဲ့ပါသည်။ ဤရုပ်တုများသည် အီတလီနိုင်ငံ၊ ပါဒူဝါ သာသနာ၊ ဂါလီယိုမြို့ရှိ ဆန်ဘာတိုလိုမေးအို တိုက်နယ်လူငယ်များမှ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသည်။

 

ခရစ်ဘ် သူငယ်တော်အိမ် (Crib) - ကမ္ဘာတစ်ဝှမ်းလုံးအား ကယ်တင်ခြင်းအတွက် ဖိတ်ခေါ်ခြင်း

          ကြွရောက်လာကြသည့် ဧည့်သည် ကိုယ်စားလှယ်တော်များအား ပုပ်ရဟန်း မင်းကြီး ဖရန်စစ်မှ ခရစ္စမတ် အဓိပ္ပာယ်၏ ထောက်ရှုချက်ကို မိန့်တော်မူပါသည်။ သူငယ်တော် မွေးဖွားခြင်း ရုပ်တုများ ပြုလုပ်သည့် အသွင်အပြင် လက္ခဏာနှင့် ပိတ်စများ၏ ပတ်ဝန်းကျင် အသွင်အပြင် လက္ခဏာများသည် အန်းဒဲ့(စ်) လူမျိုးများအား ကိုယ်စားပြုပြီး၊ ကမ္ဘာတစ်ဝှမ်းလုံးအား ကယ်တင်ခြင်းဆီသို့ ဖိတ်ခေါ်နေပါသည်။ - အမှန် တကယ်တော့ သခင်ယေဇူးဟာ ကမ္ဘာပေါ်ရှိ လူတွေကြားထဲ ဆင်းသက်လာပြီး၊ ယဉ်ကျေးမှုအားလုံး၊ နိုင်ငံအားလုံးမှာရှိတဲ့ လူသားတိုင်းကို ကယ်တင်ဖို့ပဲ ဖြစ်ပါတယ်။ သခင်ယေဇူးဟာ မိမိကိုယ်ကို သေးငယ်စေတယ်။ ဒါဟာ ကျွန်တော်တို့အားလုံး သူ့ကို ကြိုဆိုနိုင်ဖို့နဲ့ ဘုရားသခင်ရဲ့ နူးညံ့တဲ့ လက်ဆောင်ကို လက်ခံရရှိဖို့ပဲ ဖြစ်ပါတယ် - ဟု ပုပ်ရဟန်းမင်းကြီးမှ မိန့်တော်မူပါသည်။

 

ခရစ္စမတ်သစ်ပင် - တစ်ဖန် ပြန်လည်ဖွားမြင်ခြင်း

          ခရစ္စမတ်သစ်ပင်သည် ခရစ်တော်၏ သင်္ကေတ၊ ဘဝရဲ့ သစ်ပင်၊ လူသားများ အပြစ်ကြောင့် မချဉ်းကပ်နိုင်သော သစ်ပင် ပင်ဖြစ်သည်။ သူငယ်တော် မွေးဖွားခြင်းနှင့် အတူ ဘုရားအဖြစ်သည် လူ့ဇာတိအဖြစ်နှင့် ပေါင်းစပ်လာပါသည်။ ထို့ကြောင့် ခရစ္စမတ် သစ်ပင်သည် တစ်ဖန် ပြန်လည် ဖွားမြင်ခြင်းကို ဖိတ်ခေါ်နေပါသည်။ ဤမွေးဖွားခြင်းသည် မိမိကိုယ်ကို လူသားနှင့် ထာဝရ ပေါင်းစည်းသည့်၊ မိမိဘဝကို ပေးအပ်သည့် ဘုရား၏ လက်ဆောင်ပင် ဖြစ်ပါသည်။ ခရစ္စမတ်သစ် ပင်၌ရှိ သော အလင်းများသည် ချစ်ခြင်း၏ အလင်းဖြစ်သည့် သခင်ယေဇူးသည် လောက ကမ္ဘာကြီး၏ အမှောင်ညများကို ဆက်လက် ထွန်းလင်းတောက်ပနေဆဲပင်ဖြစ်သည် ဟူသော သဘောကို ပြန်လည် အမှတ်ရ စေပါသည်ဟု ပုပ်ရဟန်းမင်းကြီးမှ မိန့်တော်မူပါသည်။

 

ပေါများစွာ ဝယ်ယူစားသုံခြင်းနှင့် သူတစ်ပါးအား ဂရုမမူခြင်း

          ပုပ်ရဟန်းမင်းကြီးသည် ခရစ္စတီယာန်များ အားလုံးအား ခရစ္စမတ်၏ စစ်မှန်သော စိတ်နေသဘောထား ထားရှိကြဖို့ ဖိတ်ခေါ်ခဲ့ပါသည်။ ကျွန်ုပ်တို့အားလုံး ပေါများစွာ ဝယ်ယူစားသုံးပြီး သူတစ်ပါးအား ဂရုမမူခြင်းဆိုသည့် အခြေအနေထဲသို့ မကျရောက်ဖို့ ရန် တိုက်တွန်းထားပါသည်။

          သူငယ်တော်မွေးဖွားခြင်း ရုပ်တုများနှင့် ခရစ္စမတ်သစ်ပင်တို့၏ သင်္ကေတများ သည် ကျွန်ုပ်တို့၏ နှလုံးသားကို ချစ်ခြင်းမေတ္တာနှင့် ပျော်ရွှင်မှုများ ဖြည့်ဆည်းပေးပြီး မျှော်လင့်ခြင်းများ ပြန်လည် ယူဆောင် လာသည် ဆိုသည်မှာ သေချာနေပါသည်။ ခရစ္စမတ် ခရစ်ဘ် နှင့် သစ်ပင်တို့သည် ခရစ္စမတ်၏ နူးညံ့သိမ်မွေ့ခြင်း၊ ဝေမျှခြင်းနှင့် မိသားစု ရင်းနှီးချစ်ခင်ခြင်းများကို မိတ်ဆက်ပေးနေပါသည်။ ကျွန်ုပ်တို့အနေဖြင့် အနှစ် မပါသော၊ စီးပွားရေးဆန်သော ခရစ္စမတ်ကို မကြုံတွေ့မိစေဖို့ရန် ပုပ်ရဟန်းမင်းကြီးမှ တိုက်တွန်းထားပါသည်။ ဘုရားသခင်၏ သနားကြင်နာခြင်း၊ နူးညံ့သိမ်မွေ့သည့် ရင်းနှီးခြင်းများဖြင့် ကျွန်ုပ်တို့ကိုယ်ကို ရစ်ပတ်ထားဖို့နှင့် ခရစ္စမတ်၏ အငွေ့အသက်များ ဖြစ်သည့် အနုပညာ၊ တေးဂီတ၊ သီချင်းများ နှင့် ရိုးရာ ယျဉ်ကျေးမှုများ ကျွန်ုပ်တို့၏ နှလုံးသားထဲ ယူဆောင်ကြရန်လည်း ပုပ်ရဟန်းမင်းကြီးမှ တိုက်တွန်း နှိုးဆော်ထားပါ သည်။

 

ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသောဘုရား

          ခရစ္စမတ် သူငယ်တော် ရုပ်တုများ လှူဒါန်းသည့် ပါဒူဝါမြို့မှ ဘာသာဝင်များအား ကျေးဇူးတင်လျက် ခရစ္စမတ်သည် ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းတို့၏ ပွဲတော်ဖြစ်သည် ဟု ပုပ်ရဟန်းမင်းကြီးမှ မိန့်တော်မူပါသည်။ ဘုရားသခင် ကျွန်ုပ်တို့နှင့်ရှိပြီး ယုံကြည်မှု အပြည့်အဝနှင့် ကျွန်ုပ်တို့အား ခွင့်လွှတ်ရန် မည်သည့်အခါမျှ မမောမပန်းနိုင်ခြင်းသည် မျှော်လင့်ခြင်းအတွက် အချိန်ကာလတစ်ခုဖြစ်သည်။ သူငယ်တော်သည် ကျွန်ုပ်တို့နှင့် အတူနေထိုင်ပြီး ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ အတွေ့အကြုံများအား ရယူရန်အလို့ငှာ လူ့ဇာတိအဖြစ်ကို ရွေးချယ်တော်မူခဲ့ပါသည်။ သူငယ်တော်သည် မြင့်သောအရပ်မှ လွှမ်းမိုးမည့်သူ မဟုတ်ဘဲ သိမ်ငယ်စွာနှင့် ဆင်းရဲစွာဖြင့် ကျွန်ုပ်တို့အား အစေခံရန် ဆင်းသက်လာခဲ့ခြင်း ဖြစ်ပါသည်။ ဤအတွက်ကြောင့် သူငယ်တော်နှင့် အလားသဏ္ဌာန် တူညီနိုင်ရန် ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ် အစေခံခြင်းဖြင့် အသက်ရှင်ကြရမည် ဖြစ်ပါသည်။

          ခရစ္စမတ်တွင် သူငယ်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိတော်မူပြီး ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများ ကပ်ရောဂါကြောင့် လူ့အသိုင်းအဝိုင်းမှ ချန်လှပ်ထား ခံရပြီး အထူးသဖြင့် အဆင်းရဲဆုံး၊ ခွန်အားအနည်းဆုံးနှင့် ပျက်စီးရန် အလွယ်ကူဆုံးသော သူများအား ဂရုစိုက်ရန် ကျွန်ုပ်တို့အား တောင်းဆိုနေပါသည်။

          ခရစ္စမတ် ခရစ်ဘ် (Cribs) တရားဝင် ဖွင့်လှစ်ခြင်းနှင့် ခရစ္စမတ်သစ်ပင် မီးထွန်းခြင်း အစီ အစဉ်အားလည်း ဒီဇင်ဘာလ၊ ၁၀ ရက်၊ သောကြာနေ့၊ နေ့လည် ၅ နာရီအချိန်တွင် ပြုလုပ်ခဲ့ ပါသည်။

 

RVA ဘာသာပြန်သူ - သုသိင်္ခ

https://bit.ly/30sWDen

Add new comment

3 + 1 =