သြဂုတ်လ ၂၃ နိုင်ငံတကာ ကျွန်စနစ်ဖျက်သိမ်းရေးအထိမ်​းအမှတ်​​နေ့

ယနေ့ခေတ်ခေတ်သစ်ကျွန်ပြုမှု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေ

သြဂုတ်လ ၂၃ နိုင်ငံတကာ ကျွန်စနစ်ဖျက်သိမ်းရေးအထိမ်​းအမှတ်​​နေ့
သြဂုတ်လ ၂၄၊ ၂၀၁၈

https://www.vaticannews.va/en/world/news/2018-08/slave-trade-abolition-i...

#unesco, #slavetrade, #abolition, #vatican, #pope, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

လူမျိုးခွဲခြားမှု့၊ ချိုးနှိမ်မှုပုံစံအမျိုးမျိုးကို ဆန့်ကျင်ကြောင်းမီးမောင်းထိုးပြသော သမိုင်းတခေတ်ပြောင်းလဲ​စေခဲ့သည့် အဖြစ်ပျက်ကို ကုလသမ္မဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု့ ဆိုင်ရာအဖွဲ့အစည်းမှ ပြန်လည်ဖော်ထုတ်ပေးခဲ့ပါသည်။
၁၇၉၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေသည့် ပြင်သစ်ကိုလိုနီဒေသများနှင့် ၊ အနောက်ဖက် စန်တို ဒိုမင်းဂိုကျွန်းများတွင် ကျွန်ပြုခံကြရသော မိန်းမ ယောကျ်​ား အားလုံးကို သူတို်​့ နဂိုမူရင်းအခြေအနေအတိုင်း လွတ်လပ်ခွင့်၊ လွတ်လပ်ရေးပေးခဲ့သောနေ့ဖြစ်ပါသည်။
အတိတ်သမိုင်းကို ယနေ့သင်ကြားပေးခြင်းသည် ဂိုဏ်​သိက္ခာ၊ ငြိမ်ချမ်းခြင်းနှင့် နေနိုင်သော အနာဂတ်နိုင်ငံသားများကို မွေးထုတ်နေခြင်းဖြစ်ပါသည်။ လူမျိုးရေး လွဲမှားသော စွပ်​စွဲထားမှုများသည် အတိတ်က ခံစားခဲ့ရသော မကျေနပ်မှုများကို မိီးထိုးဆွ​ပေးသကဲ့သို့ မဖြစ်စေလိုကြောင်း၊ UNESCO အထွေထွေ ဥက္ကဋ္ဌ Audrey Azoulay မှ သူ၏ သတင်းစကားတွင်ဖော်ပြခဲ့ပါသည်။
၂၀၀၁ ခုနှစ်မှစတင်၍ လူကုန်ကူးခြင်း၊ ကျွန်ပြုခြင်းများကို လူကိုထိခိုက်စော်ကား​သော ရာဇဝတ်မှု့အဖြစ် နိုင်​ငံတကာအဖွဲ့အစည်းများမှ အသိအမှတ်ပြုခဲ့ကြပါသည်။ သို့သော် ၎င်းနှင့် မလုံလောက်ကြောင်း ယနေ့ခေတ် ​ခေတ်သစ်ကျွန်ပြုမှု ပုံစံမျိုးမျိုးကိုလည်း ကာကွယ် ကြဖို့ အသိပညာပေးခြင်းများ ပြုလုပ်ဖို့၊ ကာကွယ်ပေးကြဖို့လိုကြောင်း Audrey Azoulay မှ ဆက်လက်ပြောကြားခဲ့ပါသည်။

ယနေ့ခေတ်ခေတ်သစ်ကျွန်ပြုမှု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေကြောင်း၊ ထို့အတွက် ကြောင့် အစိုးရအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရောက်တိုင်းစီမှ ခေတ်သစ်ကျွန်ပြုစနစ်ပုံစံအမျိုးမျိုးကို ဆန့်ကျင်ကြသည်​့
အသိပညာပေးခြင်းများ၊ ကာကွယ်စောင့်ရှောက်ခြင်းများ ပြုလုပ်ကြရန်​
သြဂုတ်လ ၂၃ နိုင်ငံတကာ ကျွန်စနစ်ဖျက်သိမ်းရေးအမှတ်တရနေ့ တွင် UNESCO အထွေထွေ ဥက္ကဋ္ဌ Audrey Azoulay မှ သူ၏ သတင်းစကားတွင်ဖော်ပြခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​​ဖော်ပြပါသည်။

 

Add new comment

1 + 1 =