''သေးဖွဲသောကျွန်ုပ်တို့၏ပူဇော်ခြင်းမှကြီးမားသောအရာဖြစ်အောင်ယေဇူးသခင်ပြောင်းလဲပေးနိုင်ပါသည်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား''

''သေးဖွဲသောကျွန်ုပ်တို့၏ပူဇော်ခြင်းမှကြီးမားသောအရာဖြစ်အောင်ယေဇူးသခင်ပြောင်းလဲပေးနိုင်ပါသည်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား''

''သေးဖွဲသောကျွန်ုပ်တို့၏ပူဇော်ခြင်းမှကြီးမားသောအရာဖြစ်အောင်ယေဇူးသခင်ပြောင်းလဲပေးနိုင်ပါသည်’ ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား''

‘ကျွန်ုပ်တို့၏သေးဖွဲသောပူဇော်ခြင်းမှသည် ကြီးမားသောအရာကိုယေဇူးသခင်ပြောင်းလဲလုပ်ဆောင်နိုင်သည်။ မုန့်ငါးလုံးနှင့်ငါးသုံးကောင်ကို လူစုလူ‌ေ၀းငါးထောင်ကျောက်ကိုလုံလောက်အောင်ကျွေးမွေးနိုင်ခဲ့သကဲ့သို့ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်နေ့စဉ် ‘ကနေ့ ယေဇူးသခင်အတွက် ကျွန်ုပ်ဘာယူလာပါလိမ့်’ ဟုမေးမြန်းသင့်သည်။ ယေဇူးသခင်သည် ကျွန်ုပ်တို့၏ဆုတောင်းခြင်း၊ အခြားသူများအပေါ် ချစ်ခြင်းဖြင့်ပြုသောကောင်းမူ၊ ကျွန်ုပ်တို့၏ ေ၀ဒနာကိုပင်လျင် သူ့ အားအပ်နှံလိုက်ခြင်းဖြင့်လည်း သူ၏သနားကြင်နာခြင်းဖြင့် အမူကိုပြီးစီးအောင်လုပ်ပေးနိုင်သည်။ ယေဇူးသခင်သည် ကျွန်ုပ်တို့က အသေးအဖွဲကိုပေးလှူလိုက်သော်လည်း သူသည် ကြီးမားသောအံ့ဖွယ်ရာကိုပြုလုပ်နိုင်သည်။ ဘုရားသခင် သည် ဤသို့လုပ်ဆောင်လိုသည်။ ဘုရားသခင်သည် ကြီးမားသောအမူများကို လွှတ်လပ်စွာပေးကမ်းသည့် သေးဖွဲသော အရာများမှပြုသည်။ (၁၇) ကြိမ်မြောက်သာမန်ကာလ တနဂ်နွေနေ့၌ဖတ်ကြားထောက်ရူသော သံယောဟန်ဧ၀ဂေလိကျမ်း၌ ယေ ဇူးသခင်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ဖြင့် လူပေါင်း (၅၀၀၀) အားကျွေးမွေးခဲ့သည်။ ယေဇူးသခင်သည် လူအုပ်ကြီး အားကျွေးရန်အတွက် ဘာမျှမရှိသည့်အခြေအနေမှရှိလာအောင်ဖန်ဆင်းခဲ့ခြင်းမဟုတ်။ တပည့်တော်ကြီးများက လူငယ် လေးတစ်ဦးထံမှသူစားရန်ပြင်ဆင်လာသောရှိသမျှကိုအခြားသူများနှင့်မျှစားရန်အတင်းအကြပ်ကြီးလုပ်ဆောင်နေသကဲ့ သို့ဖြစ်နေသည်။ ဤသို့အခြေအနေဖန်တီးခြင်းသည် မတရားပေ။ အားလုံးအတွက်မလောက်မဌဖြစ်နေသောမုန့်ကိုအ ခြားသူထံမှအဘယ်ကြောင့်ယူရမည်နည်း။ လူမူရေးတရားဖြင့်တိုင်းတာလျှင် ဓမ္မာဓိဌာန်မကျပေ။ ဘုရားအတွက်မှာမူ လူ သားတို့၏ပိုင်ဆိုင်မူအားလုံးသည် သူ၏ပိုင်ဆိုင်မူဖြစ်နေ၍ မတရားဟူ၍မရှိ။ ရှိသမျှကို ရက်ရောစွာပေးသည့် အာဂစိတ် ဓာတ်ပိုင်ရှင်ကိုကျေးဇူးတင်ရပေမည်။ ထိုရက်ရောမူဖြင့် ယေဇူးသခင်သည် လူသားအားလုံးကိုကျွေးမွေးနိုင်ခဲ့သည်။ ဤ စွန့်လွှတ်ပေးဆပ်ရဲသော သူရဲကောင်းစိတ်ဓာတ်ကို ကျွန်ုပ်တို့သင်ယူရပေမည်။ ဤအဖြစ်အပျက်အားဖြင့် ဘုရားသခင် သည် သေးဖွဲသောအရာများမှဘုရားသခင် မြောက်များစွာကိုပြုလုပ်နိုင်သည်ကိုသင်ကြားရမည်။ သူ့ကိုသာလုပ်ခွင့်ပေး လိုက်ပါ။ ဤလုပ်ရပ်သည် ယေဇူးသခင်၏လုပ်နည်းလုပ်ဟန်ဖြစ်သည်။ ထို့အတူ သာသနာ၏သမိုင်းတစ်လျှောက်၌ သန့် ရှင်းမြင့်မြတ်သူတို့ပြုလုပ်ခဲ့သောစွမ်းရည်ဖြစ်သည်။ များသောအားဖြင့် ကျွန်ုပ်တို့သည် မိမိ၌ရှိသောအရာများကို အခြား သူများနှင့်‌ေ၀ဌာရန်ထက် စုဆောင်း၍များပြားလာအောင်ပြုလုပ်ကြသည်။ ယေဇူးသခင်က မဲ့သွားအောင်ပေးကမ်းစေ ချင်သည်။ ကမ္ဘာပေါ်၌ဖြစ်ပျက်နေသော အလွန်၀မ်းနည်းစရာကောင်းသည့် အစာရေစာငတ်မွတ်ခေါင်းပါးခြင်းနှင့်ဆက် စပ် ၍ ကမ္ဘာ့စစ်တမ်းအရ ကမ္ဘာပေါ်ရှိ အသက်အရွယ် (၅) နှစ်အောက် ကလေး (၇၀၀၀) ဦးသည် အာဟာရချို့တဲ့မူကြောင့် နေ့စဉ်သေဆုံးနေသည်။ ဤကဲ့သို့ဖြစ်နေရသည်မှာ ရှက်စရာကောင်းပါသည်။ ယေဇူးသခင်သည် ဧ၀ဂေလိကျမ်းလာ အဖြစ်အပျက်မှ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုမတွန့်မတိုဘဲပေးကမ်းခဲ့သည့်လူငယ်ကဲ့သို့ကျွန်ုပ်တို့လည်းပေးကမ်းတတ် ရန်ကျွန်ုပ်တို့အားဖိတ်ခေါ်နေပါသည်။ ဤလူငယ်သည် မည်သူမည်၀ါဖြစ်သည်။ အဘယ်ကဖြစ်သည်ကိုအမည်၊ နေရပ် လိပ်စာအတိအကျဖော်ထားခြင်းလည်းမရှိ၍ ကျွန်ုပ်တို့တစ်ဦးစီအားရည်ရွယ်နေသည်။ ယေဇူးသခင်၏ဖိတ်ခေါ်ချက်ကား ကျမ်းစာထဲမှလူငယ်ကဲ့သို့ရက်ရောစွာပေးကမ်းစွန့်ကြဲတတ်ရန်သတ္တိလိုအပ်ကြောင်း၊ စားစရာသာမဟုတ်။ သင်၏အစွမ်း အစ၊ သင်၏ပိုင်ဆိုင်ရာမည်သည့်အရာဖြစ်စေ သင်တို့၏ညီအစ်ကိုမောင်နှမများနှင့်‌ေ၀မျှရန် ယေဇူးသခင်ယူသုံးခွင့်ပြု နိုင်ရမည်။ လျော့သွားမည်၊ နည်းသွားမည်ကိုမစိုးရိမ်နှင့်။ သင်တို့အမှန်တကယ်‌ေ၀မျှလျှင် ဘာမျှမဆုံးရှုံးစေရ။ ဘုရား သခင်တိုးပွားစေမည်။ မလုံမလောက်ဖြစ်မည်ကိုစိုးရိမ်စိတ်များကိုဖျောက်လိုက်ပါ။ သင့်ကိုယ်သင်ယုံကြည်ပါ။ ချစ်ခြင်း၌ ယုံကြည်ပါ။ အစေခံခြင်း၏အစွမ်းကိုယုံကြည်ပါ။ ဤသို့ပေးကမ်း၍ ပြည့်၀လာမူအစွမ်းကိုယုံကြည်ပါ’ ဟုထောက်ရူတိုက် တွန်းခဲ့သည်။ အန်ဂျေလူးမေတ္တာဆုတောင်းအပြီး၊ ဇူလိုင်လ (၂၅) ရက်နေ့ ‘ပထမဆုံးအကြိမ် ကမ္ဘာ့အဖိုးအဖွားများနှင့်သက် ကြီးရွယ်အိုများနေ့’ ကျင်းပသည့်အကြောင်းကိုပြန်လည်မိန့်ကြားပြီး၊ စိန့်ပီတာရင်ပြင်၌ စုရုံးရောက်ရှိနေသောဘုရားဖူး များအား အဖိုးအဖွားများကိုဂုဏ်ပြုသောအားဖြင့် လက်ခုပ်ဩဘာပေးစေခဲ့သည်။ အဖိုးအဖွားများ၊ သက်ကြီးရွယ်အိုများ၊ လူကြီး၊ လူလတ်၊ လူငယ်၊ ကလေးများအားလုံးသည် အမိသာသနာတော်ကြီး၏ လှပသောမျက်နှာတော်လည်းကောင်း၊ မျိုးအိုနှင့်မျိုးဆက်ပျိုတို့ကြား ပေါင်းကူးခြင်းကိုပြသလျှက်ရှိသည်။ ဘုရားဖူးများအားလည်း သက်ကြီးရွယ်အိုများ၊ အထူး သဖြင့်အမေ့ခံအထီးကျန်များထံသို့သွားရောက်၍ လည်ပတ်ကြရန်အားပေးတိုက်တွန်းခဲ့သည်။ ဤပွဲနေ့ကိုကျင်းပခြင်းဖြင့် ကျွန်ုပ်တို့သက်ကြီးပိုင်းများသည် ဘုရားသခင်၏ခေါ်တော်မူခြင်းကို ပြန်လည်ထူးနိုင် ကြရန်၊ လူ့အသိုင်းအ၀ိုင်း၌ သက်ကြီးရွယ်အိုများရှိနေခြင်း၏တန်ဖိုးကိုလည်းပြသရမည်။ ဇူလိုင် (၂၃) ရက်နေ့ကလည်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ (၃၂) ကြိမ်မြောက်အိုလံပစ်ပွဲကိုစတင်ခဲ့ပြီဖြစ်သည်။ ကိုး ဗစ်ကူးစက်မြန်ရောဂါများအရှိန်ဖြင့်ကူးစက်ပျံ့နှံ့နေသော်လည်းကျင်ပပြီဖြစ်သည်။ ဤပြိုင်ပွဲဿည် မျှော်လင့်ခြင်း၏သင် ကေတတစ်ခုဖြစ်သည်။ ကမ္ဘာတစ်၀ှမ်းလုံးမှလူသားများသည် ညီအစ်ကိုမောင်နှမစိတ်ထားကောင်းဖြင့် ပါ၀င်ယှဉ်ပြိုင် ကြရမည်ဖြစ်သည်။ ဤပွဲစီစဉ်သောအဖွဲ့အစည်း၊ အာကစားသမားများနှင့်ပွဲဖြစ်မြောက်ရန်လက်တွဲလုပ်ဆောင်ခဲ့ ကြ သောသူအားလုံးကို ဘုရားသခင်ကောင်းကြီးပေးပါစေ။ တရုတ်နိုင်ငံ၌ ရေကြီးရေလျှံမူဒဏ်ကိုခံစားနေရသော တရုတ်နိုင်ငံအတွက်စိတ်မကောင်းဖြစ်ရကြောင်း၊ ဤသ ဘာ၀ဘေးဒဏ်ကြောင့် လူ (၃၃) သေဆုံးခဲ့သည်။ ဤရေကြီး၊ ရေလျှံမူကြောင့် မြေပြိုခြင်း၊ ဆည်ရေများလျှံကျခြင်းတို့ ကြောင့် ခရီးလမ်းကြောင်းများပိတ်မိကာ ခရီးသည်များအတွက် ကျန့်ကြာမူများဖြစ်ပွားခဲ့ကြသည်။ ဤရေလွှမ်းမိုးမူ ကြောင့် ရာနှင့်ချီသောလူပေါင်းများစွာ ဘေးလွှတ်ရာသို့ရွေ့ပြောင်းနေရာချထားပေးထားရကြောင်း၊ ရေလွှမ်းမိုးမူကြောင့် အပျက်အစီးများသည် သန်းပေါင်း (၁၉၀) ခန့်ရှိကြောင်း ထိုဒေသအာဏာပိုင်များကခန့်မှန်းထားသည်။ ရဟန်းမင်းကြီးဖရန်စစ်လည်း ရေကြီးရေလျှံ၍ အသက်ဆုံးရှုံးခဲ့ရသောသူတို့၏၀ိညာဉ်များအတွက် လည်းကောင်း၊ ဆုံးပါးသွားသူများအတွက်ပူဆွေး၀မ်းနည်းနေသောမိဘဆွေမျိုးသားချင်းတို့နှင့်လည်း တစ် စိတ်တစ်၀မ်းတည်းထားကာ ဆုတောင်းပေးလျှက်ရှိကြောင်းမိန့်ကြားခဲ့ပါသည်။

https://bit.ly/3BRMGom

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Add new comment

3 + 3 =