သောက်သုံးရေ နှင့် လူ့ယုံကြည်ချက်၊ လူသားတိုင်း သန့်စင်သောရေရရှိရေး

သန့်ရှင်းသောရေကို လုံလောက်စွာမရရှိကြပါ။

သောက်သုံးရေ နှင့် လူ့ယုံကြည်ချက်၊ လူသားတိုင်း သန့်စင်သောရေရရှိရေး
သြဂုတ်လ ၃၀၊ ၂၀၁၈

https://www.vaticannews.va/en/church/news/2018-08/water-wcc-ewn-stockhol...

#water, #life, #pope, #vatican, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူFr. Peter Kyi Maung

သြဂုတ်လ ၃၁ ရက်နေ့သည် ရေနှင့် ယုံကြည်ချက်အဖြစ်သတ်မှတ်ကျင်းပကြပါသည်။ကမ္ဘာပေါ်တွင် လူပေါင်းသန်း နှစ်ထောင်လောက်သည် သူတို့ရသင့်သော သန့်ရှင်းသောရေကို လုံလောက်စွာမရရှိကြပါ။
အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ပရိသတ်အား ဘုရားစကားသင်ကြားခြင်းတွင် လူသဘာဝပတ်ဝန်းကျင် အရင်အမြစ်များကို ထိန်းသိမ်းရန်နှင့် လူတိုင်းသန့်စင်သောရေကို လုံလောက်စွာရရှိရန် အရေးကြီးကြောင်း လူထုတွေဆုုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး မှ သတိပေးနှိုးဆော်ခဲ့ပါသည်။
ကမ္ဘာ့သောက်သုံးရေ ရက်သတ္တပတ်နေ့ Word Water Week (WWW), နှင့် ရေ နှင့် ယုံကြည်ချက် Water and Faith Day (WFD)နေ့ကို ဆွီဒင်နိုင်ငံ Stockholm တွင် ကမာ့ ္ဘရေအရင်းအမြစ်ရရှိရေးအဖွဲ့အစည်း Stockholm International Water Institude မှ ဦးဆောင်ကျင်းပခဲ့ပါသည်။ ယုံကြည်ချက်ကိုအခြေခံသော အဖွဲ့အစည်းမှ စုပေါင်း၍ လူမှု့အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပေါင်းစည်းကာ လူသားတိုင်းရေကို လုံလောက်မျှတစွာရရှိနိုင်ရန် ရည်ရွယ်လုပ်ဆောင်ကြကြောင်း၊ ကမ္ဘာအသင်းတော်များကောင်စီသောက်သုံးရေ အခွင့်ရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်သူ Dinesh Suna ပြောပြချက်အရ ကမ္ဘာပေါ်တွင် လူပေါင်း သန်း နှစ်ထောင်ခန့်သည် သန့်စင်သော ရေ ကို လုံလုံလောက်လောက် ရရှိရန်ခက်ခဲသော အခြေအနေတွင် ရှိနေသည့်အတွက်ကြောင့်လူသားတိုင်း၏ သောက်သုံးရေ လူ့အအခွင့်အရေးကိုလေးစားရန်၊ ရေးကို အလွဲသုံးစား မဖြုန်းတီးကြရန်၊ ရေပိုက်က ရေသန့်ရနိုင်လျှင် ရေပိုက်ကရေကိုပဲ အသုံးပြုကြရန်၊ ပလပ်စတစ်ဘူးများဖြင့်ထည့်ထားသောရေများကို ငြင်ပယ်ခြင်းဖြင့် ပလပ်စတစ် ပြန်ပွားမှု့ကိူ လျော့ချထိန်းချုပ်ကြရန်လိုကြောင်း တိုက်တွန်းထားပါသည်။
ရေသည် ဘုရားပေးသောလက်ဆောင် ဖြစ်၍ လူတိုင်းအတွက် လူတိုင်း ရရှိသင့်သော အရာဖြစ်သည်။ ထို့အတွက်ကြောင့် မျှဝေသုံးစွဲရမည့်တာဝန် လူတိုင်းမှာရှိပါသည်။
ဗာတီကန် သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။

 

Add new comment

6 + 5 =