သူ၏ပစ္စည်းဥစ္စာကို လိုချင်သောလောဘစိတ် မရှိစေလင့်၊ သူ၏သားမယားကို ပြစ်မှားခြင်းကိုမပြုလင့်

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း
သူ၏ပစ္စည်းဥစ္စာကို လိုချင်သောလောဘစိတ် မရှိစေလင့်၊ သူ၏သားမယားကို ပြစ်မှားခြင်းကိုမပြုလင့်
နိုဝင်ဘာလ ၂၁၊ ၂၀၁၈
 
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ပညတ်တော်ဆယ်ပါးတွင် (သူ၏ပစ္စည်းဥစ္စာကို လိုချင်သောလောဘစိတ် မရှိစေလင့်၊သူ၏သားမယားကို ပြစ်မှားခြင်းကိုမပြုလင့်) ဟူသော နဝမ နှင့် ဒသမ ပညာတ်တော်များ ကို အခြေခံပြီး ဘာသာတရားသင်ကြားမှုကို ဆက်လက်သင်ကြားခဲ့ပါသည်။
ပညတ်တော်ဆယ်ပါးတွင် (သူ၏ပစ္စည်းဥစ္စာကို လိုချင်သောလောဘစိတ် မရှိစေလင့်၊သူ၏သားမယားကို ပြစ်မှားခြင်းကိုမပြုလင့်) ဟူသော နဝမ နှင့် ဒသမ ပညာတ်တော်များသည် ဘုရားသခင်နှင့် ပေါင်းစပ်ခြင်း၊ လူများနှင့်ပေါင်းသင်းဆက်ဆံခြင်းတွင် အတွင်းစိတ်ဖြူစင်​​ဖြောင့်မတ်မှု့အရေးကြီးကြောင်း ဖော်ပြသော ပညတ်တော်အားလုံး၏ အနှစ်ချုပ်ဖြစ်သည်​။
အပြစ်၏ အရင်းအမြစ်သည် လူ၏ ညစ်ညမ်းသော နှလုံးသားမှလာကြောင်း သခင်ခရစ်တော်သွန်သင်ခဲ့သလို ယင်းညစ်ညမ်းမှုသည် မကောင်းသော လိုချင်တပ်မက်စိတ်ကို အခြေခံ၍ဖြစ်ပေါ် မွေးဖွားလာကြောင်း နဝမ နှင့် ဒသမ ပညတ်တော်တို့မှ ဖော်ပြသွန်သင်နေပါသည်။
ပညတ်တော် ဆယ်ပါးလုံးသည် ဘုရားသခင်နှင့် ပေါင်းစပ်ခြင်း၊ လူများနှင့်ပေါင်းသင်းဆက်ဆံခြင်းတွင် အတွင်းစိတ်ဖြူစင်​​ဖြောင့်မတ်မှုအ​ရေးကြီးသည်​။ ယင်းအတွင်းစိတ်ဖြူစင်​​ဖြောင့်မတ်မှုသည် ကျွနု​ပ်တို့ဘဝ အသက်တာ ကို အသစ်ပြုပြင်ပြောင်းလဲ​ပေး၍ ယင်းကျေးဇူးတော်သည် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားထံမှ လာကြောင်း သွန်သင်ခဲ့ပါသည်။
ယင်း နဝမ နှင့် ဒသမ ပညတ်ချက်နှစ်ခုလုံးသည် မိမိ အတ္တစိတ်၊ လိုချင်လောဘစိတ် အတွင်းစိတ်ညစ်ညမ်းမှုများကြောင်း မိမိအလိုဆန္ဒပြည့်ဝအောင်မ​ကောင်းစိတ်ဖြင့်ရှာဖွေခြင်း၊ လောက၏ ထင်ယောင်ထင်မှားဖြစ်စေသော ဟန်ဆောင် အပေါ်ယံ သကာရည်လောင်းသာယာမှုများရှာဖွေခြင်းများကို ရှောင်ကျဉ်​ပြီး၊ တကယ့်လိုအပ်ချက်အစစ်မှန်သည် ဖြူစင်​ ခြင်းပါရမီ ဖြစ်ကြောင်း ယင်းဖြူစင်​ခြင်းပါရမီသာလျှင် ကယ်တင်ခြင်းအစစ်အမှန်၊ ပျော်ရွှင်သာယာမှုအစစ်အမှန်၊ လူသားတို့အတွင်းစိတ်၏ အလိုအပ်ဆုံးသော အရာဖြစ်ကြောင်း ကို အသိအမှတ်ပြုရပါမည်။
ယင်း လိုချင်​တပ်မက်စိတ်၊ တဏှာရာဂစိတ်တို့သည် မိမိအတွင်းစိတ်ဝိညာဉ် အားနည်းပြီး မကောင်းသော အရားများနှင့်ပြည့်နေကြောင်း၊ ဘုရားသခင်​ကျေးဇူးတော် ကို အသိအမှတ်မပြု အသုံးမချကြောင်း၊ မိမိနှလုံးသားတွင် ဘုရားမရှိ၊ နတ်ဆိုးသာရှိနေကြောင်း မိမိကိုယ်ကိုသတိပြုမိရပါမည်။
ဘုရားသခင်မရှိသော အရပ်သည် လိုအပ်မှု တပ်မက်မှု၊ မကောင်းမှုပိုမိုများပြားကြောင်း သတိထားရပေမည်။
ထို့အတွက်ကြောင့် နှိမ့်ချစိတ်ကိုမွေးမြူပြီး မိမိ၏ လိုအပ်ချက်အစစ်အမှန်ဖြစ်သော မိမိဘဝအသက်တာကို အကောင်းဘက်သို့ ပြုပြင်ပြောင်းလဲ​ပေးနိုင်သော ဘုရားကျေးဇူးတော်၊ ဘုရားသခင်၏ သနားကြင်​နာမှုကို လက်ခံကြိုဆိုနိုင်ရန် နှလုံးသားကို ရိုးသားနှိမ့်ချမှုနှင့် ဖွင့်ထားရပါမည်။ သို့မှသာ ဖြောင့်မတ်မှန်ကန်စွာ၊ လောကတပ်မက်မှု့
ကင်းရှင်းစွာ ရှင်သန်နိုင်ပြီး ဘုရားသခင်၏ ကျေးဇူးတော်နှင့်ပြည့်ဝသော နှလုံးသာများဖြစ်လာပေလိမ့်မည်၊ ဘုရားကျေးဇူးတော်နှင့်ပြည့်ဝသော နှလုံးသားပိုင်ရှင်များသည် သူတပါးကို မိမိကိုယ်ကို ချစ်သကဲ့သို့၊ တန်​ဖိုးထားသကဲ့သို့ တန်ဖိုးထား ချစ်ခင်ကြင်နာ သနားတတ်​​ပေလိမ့်မည်ဟု ဆုံးမသွန်သင်ခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2018-11/pope-francis-general-audience-summary-final.html

#pope, #generalaudience, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

12 + 4 =