သူတော်ကောင်းယောင်ဆောင်သော ခရစ်ယာန်များဟာ ဘာသာမဲ့သူတွေလိုနေထိုင်ကျင့်ကြံကြတယ်

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် Santa Marta တွင် ၂၀၁၈ အောက်တိုဘာ ၅ ရက် သောကြာနေ့က ဟောကြားသော သြဝါဒ
သူတော်ကောင်းယောင်ဆောင်သော ခရစ်ယာန်များဟာ ဘာသာမဲ့သူတွေလိုနေထိုင်ကျင့်ကြံကြတယ်
နေ့စဉ်သမ္မာကျမ်းစာ

ရှင်လူကား နေ့စဉ်သမ္မာကျမ်းစာကိုအခြေ ခံပြီး ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် Santa Marta တွင် ၂၀၁၈ အောက်တိုဘာ ၅ ရက် သောကြာနေ့က ဟောကြားသော သြဝါဒ
ို့
ခရစ်ယာန်မိသားစုအသိုင်းအဝိုင်းမှာတော့မွေးဖွားလာတယ်။ ဒါပေမဲ့ သာသာတရားကိုတော့ တာဝန်ကျေရုံ လူမှု့ရေးအလုပ်တစ်​ခုလိုလုပ်နေကြတယ်။ ဟန်ဆောင်ခရစ်ယာန်တွေလို အသက်ရှင်နေကြတယ်။ တပါးသူကိုချစ်ရမှာ ကြောက်နေကြသူတွေဖြစ်တယ်။ မစ္ဆားတရားနာတယ်။ ဘုရားကျောင်းတက်တယ်။ ဘုရားကျောင်းဆင်တော့ သခင်ယေဇူးကို ဘုရားကျောင်းမှာပဲထားခဲ့ကြတယ်။ မိမိရဲ့မိသားစုအတွင်း၊ မိမိဘဝထဲကို ခေါ်မသွားကြဘူး။ အဲ့လိုကျင့်တဲ့သူတွေ အမင်္ဂလာ ရှိတယ်။ သခင်ခရစ်တော် ကို နှလုံးသားထဲကမောင်းထုတ်တဲ့သူတွေ၊ ဘာသာမဲ့တွေကျင့်ကြံကြသူတွေဖြစ်တယ်။ သခင်ခရစ်တော်ရဲ့ တရားဟာ လူတွေအတင်းလက်ခံဖို့ အာဏာနှင့်လက်ခံစေသောအရာမဟုတ်၊ ချစ်ခြင်းမေတ္တာ သတင်းကောင်း သက်သက်ဖြစ်တယ်။ သင်လက်ခံလည်းရတယ် လက်မခံလည်းရတယ်။ သင့်ရဲ့လွတ်လပ်စွာရွေးချယ်ခွင်ကို သူတန်ဖိုးထားလေးစားတယ်။
သခင်ခရစ်တော် တန်​ခိုးတွေပြ၊ ကုသမှု့တွေ ဟောပြောမှု့တွေ အများကြီးပြုလုပ်ပေးခဲ့တဲ့ နေရာတွေမှာ ယုံကြည်ခြင်းကို မတွေ့ရဘူး။
အဲ့လိုပဲ အခုခေတ်မှာ ခရစ်ယာန်မိသားစုကမွေးတယ်။ ဘာသာတရားတွေသင်ကြားခဲ့တယ်။ ခရစ်​ယာန်အသိုင်းအဝိုင်းမှာပဲ ကြီးပြင်းတယ်။ အဲ့လူတွေပဲ မဟုတ်တာတွေလုပ်ပြီး ခရစ်တော်ကိုလွယ်လွယ်မေ့ သွားကြတယ်။
အဲ့လိုစိတ်နေစိတ်ထားမျိုးဟာ သမ္မာကျမ်းစာ၌ အသက်ရှင်မှု့ နှင့် သခင်ခရစ်တော်ရင်းနှီးကျွမ်းဝင်မှု့ကို လျော့နည်းစေတယ်။
သခင်ခရစ်တော်က သင်ကိုလည်းပြော​နေတယ်။ ကျွနု​ပ်ကိုလည်းပြောနေတယ်။ သခင်ခရစ်တော်ရဲ့ သွန်သင်မှု့က လူတိုင်းအတွက်ဖြစ်တယ်။
သခင်ခရစ်တော်ကို သင်ဝတ်တဲ့အဝတ်အစားလို ခဏ၀တ်လိုက် ပြန်ချွတ်လိုက် လုပ်လို့မရဘူး။
ဟန်ဆောင်ခြင်း ဆိုတာ ကောင်းတာလုပ်ဖို့၊ ဘုရားကိုချစ်ဖို့ အမှန်တရားကို ချစ်ဖို့ ကြောက်ရွံဖုံးကွယ်ခြင်းပဲ။
သင့်ကို ငါ့ဘဝတခုလုံးပေးပြီးကယ်တင်ထားတယ်၊ အရာရာအားလုံးပေးခဲ့တယ်၊ ငါမင်းကို ခရစ်ယာန်တယောက်၊ ငါ့နောက်လိုက်တယောက်ဖြစ်ဖို့ရွေးချယ်ခဲ့တယ်၊ ငါနဲ့မိတ်ဆွေဖြစ်ဖို့ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ မင်းငါ့စကားကို နားမထောင်ခဲ့ဘူး။ တာဝန်ေ​ကျရုံလောက်ပဲ အသက်ရှင်နေထိုင်နေတယ်။ အဲ့တာအတွက် မင်းမှဟာ အမင်္ဂလာရှိတယ်။
ကိုယ့်ကိုကိုယ်တော့ ဂုဏ်ယူစွာနဲ့ ခရစ်ယာန်လို့ပြောတယ်။ ဒါပေမဲ့ ဘဝကို ဟန်ဆောင်ပြီး အသက်ရှင်တယ်။ ဒါဟာလိမ်ညာမှု့ပဲ။
သင်ဘဝထဲမှာ သခင်ခရစ်တော်ပေးဆပ်ခဲ့တာတွေကို စဉ်းစားပြီး သူနှင့်တလုံးတဝတည်းအသက်ရှင်နိုင်အောင်၊ သင့်ရဲ့နေစဉ်အသက်ရှင်မှုမှာ သခင်ခရစ်တော်ကို ရွေးချယ်အသက်ရှင်နိုင်သူဖြစ်ပါစေ။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-10/pope-francis-homily-daily-mass-hypocritical-christians.html

#pope, #newness, #mass, #sinner, #humble, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 17 =