သူတော်မြတ် ၅ ဦး အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရဟန္တာ အဖြစ်တင်မြှောက်ရန်ကြေငြာခြင်း

သူတော်မြတ် ၅ ဦး အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရဟန္တာ အဖြစ်တင်မြှောက်ရန်ကြေငြာခြင်း

သူတော်မြတ် ၅ ဦး အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရဟန္တာ အဖြစ်တင်မြှောက်ရန်ကြေငြာခြင်း
ဇူလိုင်လ ၁၊ ၂၀၁၉

၂၀၁၉ ခုနှစ် အောက်တိုဘာလ တတိယ တနင်္ဂနွေနေ့ တွင် ကာဒီနယ် John Henry Newman နှင့်အတူ စစ္စတာ Mariam Thresia, Giuseppina Vannini, Dulce Lopes Pontes, Margarita Bays တို့ကို ရဟန္တာ အဖြစ်တင်မြောက်ရန် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ အတည်ပြုကြေငြာခဲ့ပါသည်။

ကာဒီနယ် John Henry Newman သည် ၁၉ ရာစုက အင်္ဂလီကန် အသင်းတော်မှ ကက်သလစ် ဘာသာဝင်အဖြစ် ပြောင်းလဲ လာသူများထဲတွင်ထင်ရှားသော သူတစ်ဦးဖြစ်ပါသည်။ ကက်သလစ်ဘာသာဝင်အဖြစ်မပြောင်းလည်းမည်ကတည်းက Oxford လုပ်ရှားမူ့ှအဖြစ် အင်္ဂလီကန် အသင်းတော်ကို အရင်းအမြစ် ဖြစ်သည့် ကက်သလစ်အသင်းတော်သို့ ပြန်လည်ပေါင်းစည်းရန်လှုပ်ရှားခဲ့မူ့ှအတွက် လေးစားခံခဲ့ရသူတစ်ဦးဖြစ်ပါသည်။ သူသည် ထူခြားပြောင်မြောက်သော အတွေးအခေါ်ပညာရှင်အဖြစ် ကျော်ကြားသူတစ်ဦးဖြစ်ပါသည်။ သူအား အဋ္ဌမမြောက် ရဟန်းမင်းကြီး လေအို မှ ကာဒီနယ်အဖြစ်ခန့်အပ်ခဲ့ပါသည်။ ၁၈၉၀ ခုနှစ် အသက်တော် ၈၉ နှစ် တွင် ပျံလွန်တော်မူခဲ့ပါသည်။ သူ၏ ဒုတိယ တန်ခိုးလက္ခဏာအဖြစ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သူ့အားဆုတောင်းခြင်းဖြင့် သေလုမျောပါရောဂါမှ ပျောက်ကင်းခဲ့ရခြင်းကို သူတော်စဉ်အဖြစ်ရွေးချယ်စီစစ်ရေးအဖွဲ့မှ အတည်ပြုချက်ထုတ်ပြန်ပေးခဲ့ပါသည်။

စစ္စတာ Mariam Thresia သည် အိန္ဒိယ နိုင်ငံမှ ဖြစ်ပြီး သန့်ရှင်းသော အိမ်ထောင်စု ဘာသာရေးအသင်းဂိုဏ်းတည်ထောင်သူဖြစ်ပါသည်။

စစ္စတာ Giuseppina Vannini သည် ရဟန္တာ ကားမီလူစ် ၏ သမီးများအသင်းဂိုဏ်းတည်ထောင်သူ အီတလီနိုင်သူ ဖြစ်ပါသည်။

စစ္စတာ Dulce Lopes Pontes သည် ဘုရား၏ မယ်တော် အပြစ်မဲ့သန္ဓေယူတော်မူသော သခင်မ အသင်းဂိုဏ်းတည်ထောင်သူ ဘရာဇီး နိုင်ငံသူဖြစ်ပါသည်။

စစ္စတာ Margarita Bays သည် စိန့် ဖရန်းစစ် အသင်းဂိုဏ်၏ တတိယ Ordor ကို တည်ထောင်သူ ဆွစ်ဇလန် နိုင်ငံသူဖြစ်ပါသည်။

https://www.vaticannews.va/en/vatican-city/news/2019-07/canonizaion-newm...

#pope, #canonize, #newman, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

2 + 9 =