Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
သူတော်ကောင်း ယောင်ဆောင်သူ
အသင်းတော်မှာ သူတော်ကောင်းယောင်ဆောင်ခြင်းက တကယ်စက်ဆုတ်ရွံရှာဖို့ ကောင်းပါတယ်။ ကံမကောင်းစွာနဲ့ပဲ အသင်းတော်မှာ သူတော်ကောင်း ယောင်ဆောင်တွေ ရှိနေပါတယ်။ ခရစ်ယာန်တွေနဲ့ အမှုဆောင်တွေကြားမှာလည်း သူတော်ကောင်း ယောင်ဆောင်တွေ အများကြီးရှိတယ်။ ကျွန်ုပ်တို့ သခင်ယေဇူးရဲ့ စကားကို ဘယ်တော့မှ မမေ့သင့်ပါဘူး။ သင်၏ စကားမှာ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သော စကားသည် မကောင်းသော အရာနှင့် စပ်ဆိုင်ပေ၏။ (မာဿဲ ၅:၃၇) ညီအစ်ကိုမောင်နှမအပေါင်းတို့ စိန့်ပေါလ်က ရှုတ်ချတဲ့ သူတော်ကောင်း ဆောင်ယောင်မှုအကြောင်းနဲ့ သခင်ယေဇူးကလည်း ရှုတ်ချခဲ့တဲ့ သူတော်ကောင်း ယောင်ဆောင်မှုအကြောင်း စဉ်းစားကြပါစို့။ ကျွန်ုပ်တို့ မှန်မှန်ကန်ကန် နေထိုင်ဖို့ကြနဲ့ အမှန်တရားကို ပြောဆိုကြဖို့၊ အမှန်တရားကို နားထောင်ဖို့၊ မိမိကိုယ်ကိုအမှန်တရားအတိုင်း နေထိုင်ကျင့်ကြံခြင်း အားဖြင့်ကျွန်ုပ်တို့ ချစ်ခြင်းမေတ္တာ ပြသနိုင်မှာ ဖြစ်ပါတယ်။ သူတော်ကောင်း ယောင်ဆောင်သူက ဘယ်လိုချစ်ရမလဲတောင် မသိပါဘူး။
A hypocrite does not know how to love.
✍️ထန်းဟာ SJ
Source: Catholic News Agency
Add new comment