သူတို့ကို သခင်ခရစ်တော်ဆီ ဦးဆောင်ခေါ်ယူနိုင်မည့် အသင်းတော်ကို လူငယ်တွေ ရှာဖွေနေကြတာ

စကော့တလန် နိုင်ငံသား ဆရာတော် John Keenan
သူတို့ကို သခင်ခရစ်တော်ဆီ ဦးဆောင်ခေါ်ယူနိုင်မည့် အသင်းတော်ကို လူငယ်တွေ ရှာဖွေနေကြတာ
(အောက်တိုဘာလ ၄၊ ၂၀၁၈)

"လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်စမ်းစစ်ခြင်း" အစည်းအဝေးခေါင်းစဉ်ဖြင့် ကျင်းပနေသော ၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ တွင်ရောက်ရှိသော စကော့တလန် နိုင်ငံသား ဆရာတော် John Keenan မှ "သူတို့ကို သခင်ခရစ်တော်ဆီ ဦးဆောင်ခေါ်ယူနိုင်မည့် အသင်းတော်ကို လူငယ်တွေ ရှာဖွေနေကြတာ" ဟုပြောကြားခဲ့ပါသည်။
ရဟန်းမင်းကြီး၏ ညီလာခံမှာဆွေးနွေးမယ့်ပထမအချက်ကတော့ ကလေးသူငယ်များ၏ ဘဝလုံခြုံရေး၊ ဒီအချက်ဟာ အရမ်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်၊ ဒီအရာအတွက်လည်းကျွန်တော်တို့ စကော့တလန်မှာရှိတဲ့ အသင်းတော်အနေနဲ့ အဓိကထားလုပ်ဆောင်ခဲ့တာကြာပါပြီ အဲ့ဒီအတွက်လည်းလူငယ်တွေကို သက်သေပြခြင်တာက အသင်းတော်အတွင်းမှာ ကလေးငယ်တွေ၊ လူငယ်တွေ အတွက် လုံခြုံမှုဆိုတာ ဟိုးအရင်ကရှိခဲ့သလို အခုလည်းရှိနေတယ် နောင်လည်းဆက်လက်ရှိနေအုံးမယ် ဒါဟာ အသင်းတော်ရဲ့အသက်ရှင်နေမှုသဘာဝပါ၊ ဒီအချက်ကိုလည်း ရဟန်းမင်ကြီး ကို တင်ပြသွားမှာပါ။

ညီလာခံရဲ့အဓိကခေါင်းစဉ်က ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း၊ ဒါနဲ့ပတ်သက်လို့ အသင်းတော်ထဲမှာ လိင်ပိုင်းဆိုင်ရာ ပြသာနာတွေကို လူငယ်တွေကြားနေရတယ် သိနေရတယ် သူတို့ အသင်းတော်အပေါ် တကယ်ယုံကြည်မှုရှိကြပါ့မလား ။ဒီအချက်ကိုလည်း ညီလာခံမှာ ဆွေးနွေးသွားမှာပါ၊ ဒါကတော့ အမြင်ကျယ်ကျယ်နဲ့ကြည့်ရမယ် အခြေအနေအားလုံး၊ အချိန်အတိုင်းအတာ အားလုံးကိုခြုံငုံစမ်းစစ်ရမည့်အရာပါ။ ယုံကြည်မှုဟာလူငယ်များအတွက်အရမ်းအရေးကြီးတဲ့အရာဖြစ်ပါတယ် အသင်းတော်ဟာ ယုံကြည်စိတ်ချရတယ်ဆိုတာ အမြင်ကျယ်ကျယ်နှင့်ကြည့်နိုင်ရင် သိသာပါတယ်။

ဒီနည်းပညာ၊ မီဒီယာခေတ်ကြီးထဲမှာ လူငယ်တွေဟာ သူတို့အနားမှာရှိတဲ့အသင်းတော်ကို သူတို့ကိုကူညီပေးနိုင်မယ့် အသင်းတော်၊ ရှာဖွေနေကြတယ် ဆိုသည် အချက်ကိုလည်း ဆရာတော်မှ ထောက်ပြခဲ့ပါသည်။ ဒီနေရာမှာ ကျွန်ုပ်တို့က (အသင်းတော်က)သူတို့ရဲ့ အဖေ၊ အကို၊ သူငယ်ချင်း၊ မိတ်ဆွေ ဖြစ်နိုင်ပြီး သူတို့လိုချင်နေတဲ့၊ သူတို့ရှာဖွေနေတဲ့ သူတို့ရဲ့ မိတ်ဆွေအရင်းဖြစ်တဲ့ သခင်ခရစ်တော်ဆီ ကျွန်တော်တို့က သူတို့ကို ဦးဆောင်ပြီးခေါ်သွားနိုင်ပါတယ်ဟု စကော့တလန် နိုင်ငံသား ဆရာတော် John Keenan မှ ဗာတီကန်သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2018-10/synod-youth-2018-interview0.html

#synod, #youth, #bishop, #pope, #peterkm,
Photo credit to Vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

16 + 4 =