သူတပါးကို စွန်ပစ် ဖယ်ရှားသူများသည် နိမ့်ကျသော လူတန်းစားများဖြစ်ကြသည်

ရောမမြို့၌ ရိုးမား နှင့် စင်တီ လူမျိုး ၅၀၀ ခန့်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်

သူတပါးကို စွန်ပစ် ဖယ်ရှားသူများသည် နိမ့်ကျသော လူတန်းစားများဖြစ်ကြသည်
မေလ ၉၊ ၂၀၁၉

၂၀၁၉ မေလ ၉ ရက် ကြာသာပတေးနေ ရောမမြို့၌ ရိုးမား နှင့် စင်တီ လူမျိုး ၅၀၀ ခန့်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဆုတောင်းခြင်းအခန်းအနားတွင် ရိုးမား နှင့် စင်တီ လူမျိုးများ ခံစားနေရသော လူမျိုးရေး မုန်းတီးခံရမှု၊ နှိမ်ချဆက်ဆံခံရမှုများအတွက် ထပ်တူထပ်မျှ ခံစားရကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။
ယင်းကဲ့သို့ တပါးသူအပေါ်ပြုမှုဆက်ဆံခြင်းသည် လူ့ယဉ်ကျေးမှု့မဟုတ်၊ ချစ်ခြင်းမေတ္တာ သာ လူတို့၏ ယဉ်ကျေးမှု ဖြစ်ကြောင်း ယင်းအခန်းအနားတွင် ပြောကြားခဲ့ပါသည်။

အသားအရောင်ကွဲးပြားမှုကြောင့် ခွဲးခြားဆက်ဆံခံရသည် ကလေး လေးယောက် မိခင် နှင့် ရိုးမား ဘုန်းတော်ကြီး တို့၏ အတွေ့အကြုံကို ကြားနာရပြီး လွန်စွားဝန်းနည်းကြေကွဲးရကြောင်း နှင့် ထိုကဲ့သို့ ခွဲးခြားဆက်ဆံမှုပြုသူများကို သင်တို့ကရော အပြစ်သားတွေမဟုတ်ကြဘူးလား၊ လူတွေဟာ အနှစ်သာရ မဲ့စွာ အသက်ရှင်နေကြတယ်၊ သူတောင်းစား နှင့် အပြစ်သားတွေလို ပုံစံခွက်ထည်းမှာပဲ ရှင်သန်နေကြသည် ဟူ ပြင်ထန်စွာပြောကြားခဲ့ပါသည်။

လူတွေဟာ အပြစ်သားတွေပါ လူတိုင်းအမှားလုပ်မိကြမှာပါပဲ၊ ကျွနုပ်​အနေနဲ့ သူတပါးအပြစ်အမှားကိုကြည့်ပြီး ကျွနုပ်က သန့်ရှင်းတယ် ၊ သူတို့ထက်သာတယ်လို့မပြောနိုင်ပါဘူး။ မိမိကိုယ်ကို မိမိအပြစ်ကိုယ် မြင်အောင်ကြည့်ပြီး ပြုပြင်ပြီး မှသာ တပါးသူရဲမှားကို ထောက်ပြ လမ်းမှန်ကို ညွှန်ပြပေးရပါမယ်။ ။

နံစားတွေ နာမဝိသေသတွေ တပ်ဆင်သုံးစွဲးကြခြင်းကြောင့် မလိုအပ်သော ဒဏ်ရာတွေသာဖြစ်ပေါ်စေတယ်။ လူတွေက မလိုအပ်ပဲနံစားတွေ နာမဝိသေသတွေ တပ်ပြီး ခေါ်ဝေါ်သုံးနှုန်​းကြတယ် အဲ့ဒီအချက်က ကျွန်ုပ်ကို စိတ်ဆိုးစေတယ်။ အဲ့လိုသုံး နှုန်​းတဲ့သူတွေကိုလည်းကျွနုပ်မနှစ်မျို့ဘူး။ ပုံသေကားချပ်သပ်မှတ်တပ်တဲ့အကျင့်ရှိတဲ့သူတွေက တပါးသူတွေကို လူဆိုး၊ မကောင်းတဲ့သူ၊ ရုပ်ဆိုးတဲ့သူ၊ နတ်ဆိုး စသည့် နံစား တွေသုံးပြီး ခေါ်ဆိုကြတယ်၊ အဲ့လိုသုံးနှုန်​းလိုက်တဲ့အတွက်ကြောင့် မလိုအပ်တဲ့ နားကြည်းစရာများသာဖြစ်ပေါ်လာစေပါတယ်။

ဒါဟာ နိုင်ငံရေးလည်းမဟုတ်၊ ယဉ်ကျေးမှုအလေ့အထလည်းမဟုတ်၊ လူမျိုးရေးလည်းမဟုတ်ပါဘူး ဒါဟာလူစိတ်မရှိတဲ့လူတွေရဲ့ ဇရိုက်ကို ဖော်ပြခြင်းသက်သက် သာဖြစ်တယ်။ အဲ့လိုလူမျိုးတွေ ကမ္ဘာပေါ်မှာရှိတယ် အဲ့လိုလူမျိုးတွေဆိုတာ သူတပါးကို စွန်ပစ် ဖယ်ရှားသူများသည် နိမ့်ကျသော လူတန်းစားများဖြစ်ကြသည်။ အဲ့လိုလူမျိုးတွေက သူတပါးကို ချိုးနှိမ်ကြဖို့ဝန်မလေးကြဘူး၊ ဒါဟာလူစိတ်မရှိတဲ့လူတွေရဲ့ ဇရိုက်ကို ဖော်ပြခြင်းသက်သက် သာဖြစ်တယ်။

 

လူအသိုင်းအဝိုင်းဆိုတာ ညီကိုယ်မောင်နှမစိတ်နဲ့ဖွဲ့စည်းထားတဲ့ နေရာဖြစ်တယ်။ သိက္ခာကျတယ်ဟုခံစားရခြင်း၊ ခါးသီးနာကျင်သော ခံစားချက်များ တိုးပွားကြီးထွားစေခြင်းက နူးညံ့သော နှလုံးသားကို မာကြောခက်ထန်လာစေပြီ၊ မကောင်းသော စိတ်တွေကိုတိုးပွားစေတယ် အဲ့ဒီအရာတွေက ကလဲ့စားချေ ခြင်းစီကို သင့်ကိုတွန်းပေးနေတဲ့အတွက်ကြောင့် သတိထားကြရမည်ဟု ၂၀၁၉ မေလ ၉ ရက် ကြာသာပတေးနေ့ ရောမမြို့၌ ရိုးမား နှင့် စင်တီ လူမျိုး ၅၀၀ ခန့်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဆုတောင်းခြင်းအခန်းအနားတွင် ပြောကြားခဲ့ပါသည်။ ။

 

https://www.vaticannews.va/en/pope/news/2019-05/pope-francis-roma-sinti-...

#pope, #discard, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 6 =