သူတပါးကို ခွင့်လွှတ်ခြင်းအားဖြင့် ကျွနု်​ပ်တို့လည်း ခွင့်လွှတ်ခြင်းခံကြရ

အပတ်စဉ် တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း

သူတပါးကို ခွင့်လွှတ်ခြင်းအားဖြင့် ကျွနု်​ပ်တို့လည်း ခွင့်လွှတ်ခြင်းခံကြရ
ဧပြီလ ၂၄၊ ၂၀၁၉

အပတ်စဉ် တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်းတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မှ သူတပါးကို ခွင့်လွှတ်ခြင်းအားဖြင့် ကျွနု်​ပ်တို့လည်း ခွင့်လွှတ်ခြင်းခံကြရကြောင်း ကောင်းကင်ဘုံ၌မေတ္တာ ကို ဆက်လက် သွန်သင်ခဲ့ပါသည်။

ငါတို့ ယခု အသက်ရှင် တည်ရှိနေခြင်းဟာ ဘုရားရဲ့ကျေးဇူးတော်ကြောင့်သာထြဖြစ်တယ်၊ ဘုရားက တို့ကို သူ့ဆန္ဒအလျှောက် ဖန်ဆင်းခဲ့ရုံသက်သက်မဟုတ်၊ အပြည့်အဝ လည်းချစ်မြတ်နိုးတော်မူတယ်၊ အဲ့တာကြောင့် ယုံကြည်သူတွေအနေနဲ့ ကိုယ်ဖာသာကို ဖြစ်လာတဲ့သူ တည်ရှိနေတဲ့သူမရှိဘူး၊ ဘုရားဖန်ဆင်းခြင်းကြောင့်သာ ဖြစ်ပေါ်တည်ရှိလာရခြင်းဖြစ်တယ်၊ ထို့အတွက်ကြောင့် လူတိုင်းဘုရားကို ပြန်ပေးဆပ်ရမဲ့ညအကြွေးရှိနေတယ်။ ဒါကြောင့် ဘုရားကိုကျေးဇူးတင်ဆပ်နေရသလို၊ တို့လမ်းမှားကနေ ပြန်လည်တည်​့မတ်ပေးသူ၊ ခွင့်လွတ်ပေးနေသူ ဘုရားကို ကျေးဇူးဆပ်နေရမယ်။

ကျွနု်​ပ်တို့ခွင့်လွတ်သကဲ့သို့ ကျွနု်​ပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ ဟူသော ဒုတိယ အပိုဒ်ကို သခင်ခရစ်တော ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းသွန်သင် ခဲ့ခြင်းဖြစ်ပါတယ်၊ ဘုရားက လူနဲ့ အထက်အောက် ဆက်သွယ် သလို၊ လူသားအချင်းချင်း ရေပြင်ညီ ဆက်သွယ်မူ ရှိနေကြရတယ်၊ အဲ့ဒီအချက်က တို့လူသားတွေ တစ်ယောက်နဲ့ တစ်ယောက် ညီကိုမောင်နှမကဲ့သို့ ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်ဆက်ဆံရမယ်၊ ဘုရားသခင်က အထက်က ခွင်လွတ်သလို ကျွနု်​ပ်တို့အချင်းချင်း ခွင့်လွတ်ကြရမယ် ၊ ဒီအရာ နှစ်ခုက အပြန်အလှန် ဆက်နွယ်နေတယ်။ ဘုရားသခင်က အမြဲပဲ ခွင့်လွတ်ပေးဖို့ ဆန္ဒရှိတယ် ဆိုတာ သတိရှိရမယ်။

ဘုရာ​ပေးထားတဲ့ကျေးဇူးတော်တွေအတွက် တုန့်ပြန်ရမယ်​့တာဝန်ရှိတယ် များများပေးခံထားရသူတွေများများ ပြန်လည်တုန့်ပြန်ပေးဆပ်ရမယ်။ တပါးသူအရဲ့အပြစ်ကို ခွင့်မလွှတ်ရင် ကိုယ်ရဲ့အပြစ်လည်းခွင့်လွတ်ခြင်းခံရလိမ့်မည် မဟုတ်၊ ထို့အတွက်ကြောင့် တပါးသူရဲ့အပြစ်ကို ခွင့်လွတ်နိုင်ရန်ကျေးဇူးတော်တောင်းခံကြပါ။

ခွင့်လွတ်ခြင်းဟာ မကောင်းမူအပြစ်တွေပြန်ပွားမူကို ရပ်တန့်စေတယ်၊ တရားမျှတမူ​တွေတိုးပွားလာစေတယ်၊ လောကမှာ အရာရာအားလုံးကို တရားမျှတမူနဲ့ပဲအပြီး ဖြေရှင်းလို့မရပါဘူး၊ ချစ်ခြင်းမေတ္တာ၊ ခွင့်လွတ်ခြင်းတွေလိုအပ်နေမှာပါ။ နတ်ဆိုးရဲ့လုပ်ရပ် မကောင်းမူ​တွေကို ရပ်တန့်ဖို့ ချစ်ခြင်းမေတ္တာ ကို တရားမျှတမူထက်ပိုမိုသာလွန်စွာ သုံးစွဲဖို့လိုအပ်ပါတယ်၊။ မကောင်းမူက လူကိုမွန်းကျပ်စေတယ်၊ အလျှင်အမြန်ပြန့်နှံလွယ်တယ်၊ ပါစကားကာလမှာ မိမိရရှိထားသောကျေးဇူးတော်များကို ဝေမျှကြဖို့တိုက်တွန်းလိုက်ပါတယ်။ ။

 

https://www.vaticannews.va/en/pope/news/2019-04/pope-francis-audience-ou...

#pope, #generalaudience, #share, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 5 =