သူစိမ်းဆန်ခြင်းသည် တစ်​ဖက်လူကိုသေစေနိုင်တယ်

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုပရိသတ်အားေ​တွဆုံခြင်း
သူစိမ်းဆန်ခြင်းသည် တစ်​ဖက်လူကိုသေစေနိုင်တယ်
အောက်တိုဘာ ၁၇၊ ၂၀၁၈

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုပရိသတ်အားေ​တွဆုံခြင်းတွင် ပဉ္စမ ပညတ်တော် သူ့အသက်ကိုမသတ်ရ ဟူသောပညတ်ချက် ကိုအခြေခံပြီး သူစိမ်းဆန်ခြင်းသည်လည်း တဖက်လူကိုသေစေနိုင်ကြောင်း ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ဟောကြားခဲ့ပါသည်။ သတ်ဖြတ်တယ်ဆိုတာ တကယ့် ​လက်တွေ့သတ်ဖြတ်တာ တခုထဲ ကို ဆိုလိုတာမဟုတ်ဘူး။
သင်တို့ညီကိုမောင်နှမ အချင်းချ​င်း အမျက်ဒေါသတွေနဲ့အော်ဟစ်ပြောဆိုကြခြင်း၊ ဆဲဆိုကြခြင်း၊ အထင်အမြင်သေခြင်းဟာလည်း သတ်ဖြတ်ခြင်းနဲ့ ပုံစံမခြားတူညီနေတယ်။
မိသားစုအတွင်း ပျော်ရွင်မှု့တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ငြိမ်းချမ်းမှု​ရိုသေလေးစားမှု စည်းလုံးမှု​တွေကိုသတ်ပစ်လိုက်ကြတာပါပဲ။ သင်တိုရဲ့နှလုံးသားမှာ သခင်ခရစ်တော်ရဲ့ တရား တကယ်ရှိရဲ့လားဆိုတာ သင့်မိသားစုပေါင်းသင်းဆက်ဆံရေးက ဖော်ပြတယ်။
သခင်ခရစ်တော်က ကျွနု​ပ်တို့ကို တစ်​ဦးနှင့်တစ်​ဦး သင့်မြတ်စေလိုတယ်၊ အမုန်းတွေအတ္တတွေ မရှိစေချင်​ဘူး၊ ဒေါသမောဟတွေ၊ အတ္တမာနတွေ သူတပါးကိုမုန်းတဲ့စိတ်တွေနဲ့ ဘုရားကျောင်းသွားတယ် ဘာအဓိပ္ပါယ်ရှိလဲ။ ရှက်ဖို့ပဲကောင်းတယ်။
သူတစ်​ပါးမကောင်းပြောတယ် ဆိုတာ သူ့နာမည်ဂုဏ်သိက္ခာကို သတ်လိုက်သလို၊ ကိုယ့်နာမည်ကိုယ့်ဂုဏ်သိက္ခာလည်း ကိုယ်တိုင်သတ်လိုက်တယ်ဆိုတာမမေ့ပါနဲ့၊
တစ်​ပါးသူကိုဂရုမစိုက်တော့ခြင်း မစာနာတတ်ြ​ခင်း လစ်လျူရှုခြင်းတွေကလည်း တစ်​ပါးသူကို သတ်ခြင်းပါပဲ၊ ကိုယ်ချင်းစာတရားသေဆုံးခြင်း၊
တပါသူကို မသတ်တဲ့နည်းက တပါးသူကို ချစ်ခြင်း​မေတ္တာ ပြခြင်း၊ ကိုယ်ချင်းစာတရားပြခြင်း၊ ဂရုစိုက်ခြင်း၊ ခွင်လွတ်နားလည်ပေးခြင်း တိုပါပဲ ဟု ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-10/pope-francis-general-audience-fifth-commandment-indifference.html

#pope, #generalaudience, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 2 =