သုံးပါးသစ္စာခံ သူတော်စင် အသင်းဂိုဏ်းဝင်များအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဥပဒေသစ်များ ပြုပြင်ပြောင်းလဲ ချမှတ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်

သုံးပါးသစ္စာခံ သူတော်စင် အသင်းဂိုဏ်းဝင်များအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဥပဒေသစ်များ ပြုပြင်ပြောင်းလဲ ချမှတ်
မတ်လ ၂၆၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အသင်းတော်၏ ဥပဒေဖြစ်သော ကာနွန်ဥပဒေ တချို့ကို ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ သုံးပါးသစ္စာခံ သူတော်စင် အသင်းဂိုဏ်းဝင်များသည် မိမိ အသင်းဂိုဏ်း ဥပဒေကို ဆန်ကျင်လျှက် ခွွင်ြ့ပုချက်မရှိဘဲမိမိအသင်းဂိုဏ်းတည်ရှိရာ အိမ်၊ နေရာမှ တနှစ်တိတိ (ဆယ့်နှစ်လ) ပျက်ကွက်ခဲ့လျှင် အသင်းဂိုဏ်းမှ ထုတ်ပယ်ပစ်ရမည်ဟု ပြုပြင်ပြောင်းလဲခဲ့ပါသည်။

မွမ်းမံထားသော ဥပဒေချက်များအရ သူတော်စင်တစ်ပါးသည် မိမိသက်ဆိုင်ရာ ကျောင်း၊ နေအိမ်မှ တစ်နှစ်တိတိ တရားမဝင် ပျက်ကွက်ခဲ့မည်ဆိုလျှင် ၄င်း၏ ကျူးလွန်ခဲ့သောပြစ်ချက်များကို အသင်းဂိုဏ်းအကြီးအကဲမှ စုစည်းဖော်ထုတ်ပြီး အသင်းဂိုဏ်းမှ တရားဝင် ထုတ်ပယ်နိုင်သည်။ ကာနွန်ဥပဒေအသစ်မှာလည်း ဥပ​ဒေ​ဖောက်ဖျက်ခြင်း ခိုင်မာကြောင်းပြသနိုင်သော အချက်အလက်များကို အသင်းဂိုဏ်း အကြီးအကဲမှ စုစည်းကာ ကြေငြာစာတစ်ခုကို ထုတ်ပြန်ပေးရမည်။ အသင်းဂိုဏ်းမှ ထုတ်ပယ်ခြင်းကို တရားဝင် အသိအမှတ်ပြုရန် အဆိုပါ ကြေညာချက်ကို သေချာ ခိုင်မာစေရမည်။ ကာနွန်ဥပဒေ ပြင်ဆင်ချက်ကို အသင်းဂိုဏ်းအကြီးအကဲမှ စည်းကမ်းသတ်မှတ်ထားရမည်။ သုံးပါးသစ္စာခံ ကက်သလစ် သူတော်စင် အသင်းဂိုဏ်းဝင်များသည် အသင်းဂိုဏ်း၏ အသက်ဖြစ်သော အဖွဲ့အစည်းနှင့်နေထိုင်ခြင်းကို လိုက်နာကြရမည်။ အသင်းဂိုဏ်း အကြီးအကဲ၏ ခွင့်ပြုချက်မရှိဘဲ အဖွဲ့စည်းနှင့် နေထိုင်ခြင်းကို ရှောင်ခွာ၍ မရနိုင်ပါ။

မကြာသေးခင် နှစ်များက အသင်းဂိုဏ်း၏ ခွင်ပြုချက်မရှိဘဲ အသင်းဂိုဏ်းမှ ထွက်ခွာသွွားသည့် ကိစ္စများရှိခဲ့ပြီး တချို့ဖြစ်ရပ်များမှာ လိုက်လံရှာဖွေ၍ ပင် မရတော့သည် ပြသနာများရှိခဲ့သည်။ ယခု ပြင်ဆင်သော ကာနွန်ဥပဒေသည် ယင်းကဲ့သိုသောပြသနာများကို တရားဥပဒေဖြင့် ကူညီပေးရန်ဖြစ်သော်လည်း တခါတရံမှာ တရားဝင် ဖြေရှင်းပေးရန် ခက်ခဲမှုများရှိိသည်။ အထူးသဖြင့်ဘယ်ပျောက်လို့ ဘယ်ရောက်မှန်းမသိသော သူတော်စင်များအတွက် အခက်ခဲများရှိသည်။ ယင်းပြသနာများကြောင့် သုံးပါးသစ္စာခံ ကက်သလစ် ခရစ်ယာန် သူတော်စင် အသင်းဂိုဏ်းဝင်များသည် မိမိ အသင်းဂိုဏ်း ဥပဒေကို ဆန်ကျင်လျှက် ခွင်ြ့ပုချက်မရှိဘဲ မိမိအသင်းဂိုဏ်းတည်ရှိရာ အိမ်၊ နေရာမှ တနှစ်တိတိ ရက်ကြာရှည်စွာ ပျက်ကွက်ခဲ့လျှင် အသင်းဂိုဏ်းမှ ထုတ်ပယ်ပစ်ရမည်ဟူသော ဥပဒေကို ပြင်ဆင် ထုတ်ပြန် ရခြင်းဖြစ်သည်။

 

အသင်းဂိုဏ်း မှ တရားဝင်ထုတ်ပယ်ခြင်းကို တရားဝင်ဖြစ်စေရန် ရဟန်းမင်းကြီး အသိမှတ်ပြုထားသော အသင်းဂိုဏ်းများအား ရဟန်းမင်းကြီးမှလည်ကောင်း၊ သာသနာအတွင်း အသိမှတ်ပြုထားသော အသင်းဂိုဏ်းများအား သာသနာပိုင်ဆရာတော်မှလည်းကောင်း ထုတ်ပယ်ခြင်းကိစ္စရပ်များကို အတည်ပြုပေးရမည်။ အတည်ပြုထုတ်ပြန်လိုက်သော အသင်းတော်နှင့်ဆိုင်ရာ ယင်းကာနွန်ဥပဒေသစ်သည် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ တရားဝင် သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

အောက်တွင်ဖော်ပြထားသော Link တွင် အပြည့်အစုံ လေ့လာနိုင်ပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-new-rules-f...

 

#pope, #religious, #canon, #peterkm
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 7 =