သိုးထိန်းကောင်းတစ်ပါးမှမိမိ၏သိုးများအတွက်အသ နားခံစာ

သိုးထိန်းကောင်းတစ်ပါးမှမိမိ၏သိုးများအတွက်အသ နားခံစာ

သိုးထိန်းကောင်းတစ်ပါးမှမိမိ၏သိုးများအတွက်အသ နားခံစာ

ယူကရိန်းနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ ကျွန်ုပ်၏နှလုံးသားထဲ၌ အလွန်ပြင်းထန်နာကျင်သော‌ဝေဒနာ ခံစားနေရပါသည်။ သံတမန်နည်းလမ်း များဖြင့်လည်း အတန်တန်သတိပေးခဲ့ပါသည်။ ကျွန်ုပ်ကဲ့သို့ပင် ကမ္ဘာတစ် ၀ှမ်း မှလည်း‌ဝေဒနာ ထကြွခံစားနေရပြီး၊ စိုးရိမ်နေကြမည်ဖြစ်သည်။ တစ်ဖက် သတ်အကျိုးကိုသာ တွက်သောကြောင့် လူတိုင်းအတွက် ငြိမ်းချမ်းရေးသည် ခြိမ်း ခြောက်ခံနေရပြီ။ မေတ္တာရပ်ခံပန်ကြာလိုသည်မှာငြိမ်း ချမ်းရေး၏ဘုရင်

ဘုရားသခင်ရှေ့၌ မိ မိတို့၏ဩတ္တပ္ပစိတ်ကိုပြန်ဆန်းစစ်ကြပါ။ ဘုရားသခင်သည် စစ်ကိုလိုလား သောဘုရားမဟုတ်ပါ။ ဘုရားသခင်သည် လူသားအချို့ ၏ဖခင်သာမဟုတ်ဘဲ အားလုံး၏ဖခင်ဖြစ်သည်။ ဘုရားသ ခင်သည် ညီအစ်ကိုရင်းချစ်ခြင်းဖြင့်ချစ် သည်ကိုသာလိုလားသည်။ ရန်မူခြင်းကိုမလိုလားပေ။ ထို့ ကြောင့် ပါဝင်ပတ် သက်နေသောအဖွဲ့ အစည်းတိုင်းကိုပန်ကြားလိုသည်မှာ ပြည်သူများအား နောက်ဆက်တွဲဒုက္ခများစွာဖြစ်ပေါ်လာစေမည့်မည်သည့်လုပ်ရပ်မျိုးကိုမဆိုရပ်တန်းကရပ်ပေးကြပါ။ အတူယှဉ်တွဲနေထိုင်နေကြသောပြည်သူများအား ကွဲအောင်လည်း ကောင်း၊ နိုင်ငံတ ကာ၏ဥပဒေများကိုလည်းမလေးစားရာရောက်ပါသည်။

ကျွန်ုပ်အနေ ဖြင့်ဘုရားသခင်ကိုယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ သင်တို့အားပန်ကြားလိုသည်မှာ ယေဇူးသခင်သည် မကောင်းမှုကိုကောင်းမှုဖြင့်အနိုင်ယူရန်၊ ထိုကောင်းမှုကား ဆုတောင်းခြင်းနှင့်ဝါရှောင်ခြင်းတို့ဖြစ်ကြရာ ဝါရှောင်ဆုတောင်းခြင်းကိုပြုကြပါ။ လာမည့်မတ်လ (၂) ရက်နေ့၊ ပြာခံ၍ဝါ ဝင်မည့်ဗုဒ္ဓဟူးနေ့၌ တစ်ရက်တာ ဝါ ရှောင်ဆုတောင်းခြင်းကိုပြုရန်ဖိတ်ခေါ်တိုက်တွန်းပါသည်။

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်

ဖေဖော်ဝါရီလ ၊ ၂၃ ရက်၊ ၂၀၂၂

Add new comment

1 + 15 =