သာသနာပြုခြင်း၏ ရှေ့ပြေးတမန်တော် (သို့) သန့်ရှင်းသော ၀ိညာဉ်တော်

သာသနာပြုခြင်း၏ ရှေ့ပြေးတမန်တော် (သို့) သန့်ရှင်းသော ၀ိညာဉ်တော်

 

ဗုဒ္ဓဟူးနေ့သွန်သင်ချက် အပိုင်း (၅)

သာသနာပြုရာ၌ စိတ်အား ထက်သန်ခြင်း ခေါင်းစဉ်ဖြင့် ဗုဒ္ဓဟူးနေ့လူထုပရိသတ်အား အရှင်သူမြတ်က အပိုင်း(၅)ကို ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့တွင် ဆက်လက်သင်ပေးခဲ့သည်။

“သင်တို့သည် သွားကြ၍ လူမျိုးတကာတို့အား ငါ့တပည့်ဖြစ်စေကြလျှက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမတော်မြတ်၌ ဆေးကြောခြင်းကိုပေးကြလော့” ဟု ရှင်မာတေဦး ၂၈း၁၉ မှာ ခရစ်တော်ဘုရားက မိန့်မှာ ခဲ့လေသည်။

သွားကြ ဟူသည့်စကားလုံးမှာ စေလွှတ်ခြင်းသက်သက်မဟုတ်ဘဲ တပည့်သာဝက ဖြစ်လာရန် မှာကြားခြင်းဖြစ်သည်။ ဘုရားသခင်အား လူမျိုးတိုင်း သိရှိ၍ ရင်းနှီးကျွမ်းဝင်ရန် စေခိုင်းသော မိန့်ကြားချက်လည်းဖြစ်သည်။

တပည့်တော်များသည် သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၏ တန်ခိုးတော်ကြောင့်  ဆေးကြောခြင်းကို ပေးကာ ခရစ်တော်၏ လုပ်ငန်းကို ဆောင်ရွက်လာနိုင်ကြသည်။ ခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက်မှာ တပည့်တော်ကြီးများသည် ကြောက်စိတ်နှင့် ပုန်းကွယ်နေရာမှ ၀ိညာဉ်တော်ကို ခံယူပြီးချိန်တွင် ရဲရင့်စွာ သက်သေခံနိုင်သူများဖြစ်လာကြသည်။ ထို့ကြောင့် ဧ၀ံဂေလိသတင်းကောင်း ဟောကြားခြင်း သည် ၀ိညာဉ်တော်ဘုရား၏ ဆောင်ရွက်မှုကြောင့် ပိုမိုအသက်ဝင်လာခဲ့လေသည်။ ၀ိညာဉ်တော်ဘုရားသည် သာသနာပြန့်ပွားခြင်း၏ အသက်ဟု ဆိုရပေတော့မည်။

အသင်းတော်၏ အစကနဦးပိုင်းမှာ သဘောထားကွဲလွဲမှုများ၊ အခြေအတင်ငြင်းခုံမှုများ၊ ညှင်းပမ်းနှိပ်စက်မှုများရှိခဲ့သည့်နည်း တူ ပျော်ရွှင်ဝမ်းမြောက်ခြင်း၊ တိုးတက်ပြန့်ပွားခြင်းတို့လည်း ရှိခဲ့သည်။ ဘာသာပ လူမျိုးခြားများနှင့်အတူ ယုံကြည်ခြင်းကို အတူ ရှင်သန် ရန် ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ရသည်။ မိုးဇယ်၏ ပညတ်ဥပေဒများကို ဆက်လက်စောင့်ထိန်းရန် လိုအပ်၊ မလိုအပ် အငြင်း ပွားမှုတစ်ရပ်ကို ဂျေရုဆလင်ကောင်စီ အစည်းဝေး၌ ဆွေးနွေးအဖြေရှာခဲ့ရသည်။ ဤသို့သော အခြေအနေများကြားမှာ တပည့် တော်များသည် လူ့အသိညာဏ်တစ်ခုတည်းနောက်ကို မလိုက်ဘဲ သန့်ရှင်းသော ၀ိညာဉ်တော်၏ အလင်းကျေးဇူးကို ခံယူ၍ ဖြေရှင်းခဲ့ကြ သည်။

“၀ိညာဉ်တော်သည် ကျွန်ုပ်တို့နှင့်အတူ ရှိသည်… ” ထိုစကားမှာ တမန်တော်ကြီးများကြား လက်စွဲစကားတစ်ခုဖြစ်ခဲ့သည်။ မတူညီမှုများကြားမှာ မကွဲပြားသွားဘဲ ခြားနားမှုများကြား၌ ၀ိညာဉ်တော်ကို နားစွင့်၍ စည်းလုံးညီညွတ်စွာ နေခဲ့ကြသည်။

ခရစ်တော်ဘုရားနှင့် ဆုံဆည်းစေသော မည်သည့်ဘာသာရေး ထုံတမ်းအစဉ်အလာမဆို လက်ခံကျင့်သုံးနိုင်သည်ဟု တမန်တော်ကြီးများ က သွန်သင်ခဲ့ကြသည်။ ကျွန်ုပ်တို့လည်း သာသနာပြုကြရာတွင် ရှေးထုံးလည်း မပယ်သင့်သကဲ့သို့ တစ်ယူသန်သော အကျင့်စွဲများ လည်း မရှိအပ်ပေ။ ထုံးတမ်းအစဉ်အလာ၊ ကျင့်စဉ်ဝိနည်းတိုင်းသည် ခရစ်တော်၏ သာသနာပြန့်ပွားခြင်းကို ပို့ဆောင်သော အရာ ဖြစ်မဖြစ် သုံးသပ်ရပေမည်။ “ငါကတော့ ရှေးရိုးပဲဆန်တယ်၊ ဒီလိုပဲကြိုက်တယ်” “ငါကတော့ အစဉ်အလာတွေ ဘာတွေ သိပ်ခေါင်းထဲ မထားဘူး" .. ဒီလိုပဲ ပြောနေလို့မရတော့ပါဘူး။ ၀ိညာဉ်တော်က ဘယ်မှာလဲ။ ဧ၀ံဂေလိသတင်းကောင်းသည် စိတ်ကူး စိတ်သန်း အတွေး တစ်ခုကို ချပြနေခြင်းမဟုတ်။ နှလုံးသားများကို ပြောင်းလဲတို့ထိနိုင်သည့် ကြေညာမှုမျိုးဖြစ်သည်။ ယနေ့ခေတ်မှာလည်း ဧ၀ံဂေလိ သတင်းကောင်းဟောပြောလာကြရာတွင် ၀ိညာဉ်တော်၏ လှုံဆော်မှုအတိုင်း လုပ်ဆောင်ကြရန် လိုအပ်သည်။

ဤသို့အားဖြင့် ၀ိညာဉ်တော်က သာသနာတော်ကြီး၏ လမ်းစဉ်အား အစဉ်လမ်းပြပို့ဆောင်ပေးနေသည်။ ၀ိညာဉ်တော်သည် နှလုံးသား၏ အလင်းတစ်ခုဖြစ်ရုံမျှမက သာသနာတော်ကြီး၏ လမ်းကို ကျောင်းပေးသူလည်းဖြစ်သည်။ မှန်ကန်စွာ ခွဲခြားသိမြင် သုံးသပ်နိုင်ရန် ၀ိညာဉ်တော်က အားဖြည့်ကူညီပေးနေသည်။ ၀ိညာဉ်တော်မပါလျှင် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုတိုင်းသည် အသက်မဲ့၍ နေလေမည်။ သာသနာတော်ကြီးသည် ၀ိညာဉ်တော်၏ လမ်းပြမှုအောက်၌ ရှင်သန်နေသော ယုံကြည်သူ သားသမီးတို့စုစည်းရာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။

ကျွန်ုပ်တို့သည် ဆင်ခြင်တုံတရားကို သုံးရမည်မှန်သည်။ သို့သော် ၀ိညာဉ်တော်၏ လမ်းပြမှုကို ခံယူရ ပေမည်။ ၀ိညာဉ်တော်အား ဖိတ်ခေါ်ခံယူလျှက် သာသနာပြုရာမှာ စိတ်အားထက်သန်စွာဖြင့် လုပ်ဆောင်ကြပါစို့။

သီကိုရှင်း

https://bit.ly/3SLjdFH

Add new comment

3 + 2 =