သမ္မာတရား၏ သစ်လွင်မှုနှင့် လောကတရား၏ သစ်လွင်မှု

စက်တင်ဘာလ ၁၀ ရက် တနင်္လာနေ့ Casa Santa Marta တွင် ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား

သမ္မာတရား၏ သစ်လွင်မှုနှင့် လောကတရား၏ သစ်လွင်မှု
စက်တင်ဘာလ ၁၀၊ ၂၀၁၈

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-09...

#pope, #newness, #mass, #sinner, #humble, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၁၀ ရက် တနင်္လာနေ့ Casa Santa Marta တွင် ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် သမ္မာတရား၏ သစ်လွင်မှုနှင့် လောကတရား၏ သစ်လွင်မှု့ အကြောင်းကို ဟောကြားခဲ့ပါသည်။
သမ္မာကျမ်းစာ၏ သစ်လွင်မှု သခင်ခရစ်တော် ၏ သစ်လွင်မှုသည် ကျွနု်ပ်တို့၏ ဝိညာဉ်ကိုသာမက ခန္ဓာကိုယ် အတွင်းအပြင် နေစဉ်အသက်တာအားလုံးကိုပြောင်းလည်းစေပါသည်။
ကမ္ဘာလောက တရား၏ သစ်လွင်မှုသည် စစ်မှန်သော နှစ်သိမ်မှုကို မပေးနိုင်၊ ၎င်းအပြင် စစ်မှန်သော နေ့စဉ်ဘုရားသခင်၌ သစ်လွင်မှုကိုပါ ဝေးကွာစေပါသည်။ ဘုရာသခင်၌ သစ်လွင်ခြင်းသည် ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ မာန်မာနတရားကင်းရှင်းခြင်း၊ အသစ်သော ခွင့်လွတ်မှု နားလည်ပေးမှု အသစ်သော သနားကြင်နာမှုတို့နှင့် နေ့စဉ်ရှင်သန်ခြင်းဖြစ်ပြီး လောကသစ်လွင်မှုသည် ပစ္စည်းဥစ္စာ အသစ်အဆန်းများ၌ အဆုံးမရှိ တင်းတိမ်ရောင့်ရဲမှုကင်းမဲ့သော သစ်လွင်မှုနောက်လိုက်ခြင်း ဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။
တချို့သောလူများကပြောကြသည်။ ကျွနု်ပ်တို့သည်လူသားဖြစ်သည့်အလျောက် အားနည်းသည့် အပြစ်သားများဖြစ်ကြသည်ဟုပြောဆိုကြပါသည်။ ယင်းအချက်သည် ကောင်းမွန်သော အစပြုမှုဖြစ်သည်။ ဘဝအသစ်စတင်ခြင်းသည် မိမိကိုယ်ကိုယ် အားနည်းကြောင်း အပြစ်သားဖြစ်ကြောင်း သိခြင်းမှ စတင်ပြီး သခင်ခရစ်တော်သည် အပြစ်သားကို ခွင့်လွတ်ကယ်တင်ရန်ကြွလာခြင်းကို စတင် အသိအမှတ်ပြုခြင်းဖြစ်သည် ဟု ရှင်းပြသွန်သင်ခဲ့ပါသည်။
မိမိကိုယ်ကို ခရစ်ယာန်ဟုပြောပြီး လောကအသစ်အဆန်းများနောက် လိုက်ပြီး အသက်ရှင်နေသော သူသည် ဟန်ဆောင် ခရစ်ယာန်သာဖြစ်ပါသည်။ လောကသစ်လွင်မှု၌ အသစ်သော အသက်တာကို ရှာဖွေ၍ မရနိုင် ၊ သခင်ခရစ်တော်၌သာ အသစ်သော အသက်တာ ရှိကြောင်း ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ်မှ တနင်္လာနေ့ မစ္ဆားတရား တွင် ဟောကြားခဲ့ပါသည်။

 

Add new comment

1 + 1 =