သမ္မာကျမ်းစာသည် ဘုရားသခင်လူနှင့်တွေ့ဆုံသည့်နေရာဖြစ်ကြောင်းရဟန်းမင်းကြီးမိန့်ကြား

သမ္မာကျမ်းစာသည် ဘုရားသခင်လူနှင့်တွေ့ဆုံသည့်နေရာဖြစ်ကြောင်းရဟန်းမင်းကြီးမိန့်ကြား

          ‘သမ္မာကျမ်းစာ၌ရေးသားထားသောနှုတ်တော်ထွက်စကားများသည် ပေလွှာ၊ စက္ကူများအပေါ်၌စာစီပြီးပုံနှိပ် ထုတ်‌ေ၀ထားရုံသက်သက်အတွက်မဟုတ်ပါ။ ဆုတောင်းခြင်းပြုသူမှအသုံးပြုစေရန်ဖြစ်သည်။ သူ၏စိတ်နှလုံးထဲ၌ နှုတ်တော်ထွက်စကား၏အပွင့်အသီးများ‌ေ၀ဆာအောင်ပြုလုပ်ရန်ဖြစ်သည်’ ဟုရဟန်းမင်းကြီးမိန့်ကြားခဲ့သည်။    

(သမ္မာကျမ်းစာသည်ကျွန်ုပ်တို့တစ်ဦးစီအတွက်ရေးသားထားခြင်းဖြစ်သည်။ )

          ဆုတောင်းခြင်းနှင့်ပတ်သက်၍ရဟန်းမင်းကြီးထောက်ရူချက်ပေးရာ၌ သမ္မာကျမ်းစာဖတ်ရူ၍ဆုတောင်းရန်၊ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းစာသည်ကျွန်ုပ်တို့တစ်ဦးစီအတွက်ရေးသားခဲ့ပြီး၊ ဘုရားသခင်၏နှုတ်တော်ထွက်စကား ကိုဆောင်ယူလာပေးရန်ဖြစ်သည်။ ဤအတွေ့အကြုံသည်ဘာသာတူများအားလုံး၏ဘ၀၌ကြုံတွေ့ခံစားခဲ့ဖူးပေမည်။ မိမိတို့၏ဘ၀၌အကြိမ်ကြိမ်ကြားဖူးနေခဲ့သောနှုတ်တော်ထွက်စကားသည် ရုတ်တရက်စေ့ဆော်မူကိုခံရခြင်း၊ မိမိရှင်သန်နေ သောဘ၀ကိုအပြောင်းအလဲတစ်ခုဖြစ်အောင်အလင်းကျေးဇူးပေးခံရခြင်း၊ မတွေးမိသောအတွေးကောင်းများရရှိလိုက်ခြင်း၊ တစ်ခါတစ်ရံ၌ဘုရားသခင်၏နှုတ်တော်ထွက်စကားများသည် ခေါက်ရိုးကျိုးအသားကျနေသောအတွေးမြင်၊ အယူအဆများ မှဖောက်ထွက်ရန်လည်းအလင်းပေးလေ့ရှိသည်။ သို့သော်တစ်နေ့တာအတွက်နှုတ်တော်ထွက်စကားကိုမပျက်မကွက်ဖတ် ကြားထောက်ရူပြီး၊ နှုတ်တော်ထွက်စကား၏မျိုးစေ့ကိုကျွန်ုပ်တို့၏အသက်တာ၌ကြဲချခွင့်ပြုစေရမည်။

(ခရစ်ယာန်များသည် ကိုယ်တော်မြတ်ဗိမာန်တော်ကဲ့သို့ဖြစ်ရမည်။)

          ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် အသစ်တစ်ဖန်လူ့အဖြစ်ကိုခံယူလာသည်။ ထို နှုတ်တော်ထွက်စကားကို စံပ္ပါယ်ရန်နေရာမှာကျွန်ုပ်တို့ကိုယ်တိုင်ကိုယ်တော်မြတ်ဗိမာန်တော်ဖြစ်ရမည်။ သို့မှသာကျွန်ုပ်တို့ သွားလေရာရာ၌ နှုတ်တော်ထွက်စကားသည်ရောက်ရှိသွားပြီး၊ ကြဲချပြီးသားဖြစ်သွားမည်။ ဘာသာတူများသည် ဘုရားနှင့် ဆိုင်သောမိမိတို့၏အတွေးအခေါ်အယူအဆများနှင့်မိမိတို့၏ကိုယ်ကျင့်တရားများနှင့်စပ်လျင်း၍ သမ္မာကျမ်းစာဆီသို့ဦး တည်ခြင်းမရှိဘဲ ဘုရားသခင်နှင့်သာဆုံဆည်းလိုကြသည်။ ဘုရားသခင်၏နှုတ်တော်ထွက် စကားများသည် သမ္မာကျမ်းစာ တော်မြတ်ထဲ၌ရေးသားထားသည်ကိုသိကြသည်။ သမ္မာကျမ်းစာကမိမိတို့၏အကျင့်အကြံ၊ အမူစရိုက်များကိုအလင်းပေး ဖော်ပြလာခြင်းသည်ကျေးဇူးတော်ဖြစ်သည်။ ခရစ်ယာန်များ သမ္မာကျမ်းပိုဒ်များကိုဆင်ခြင်ထောက်ရူမူမရှိဘဲ ကြက်တူရွေး ကဲ့သို့တတွတ်တွတ်ရွတ်သည်ကိုမြင်ရ၊ တွေ့ရလျှင်စိတ်အနှောက်အယှက်ဖြစ်ရကြောင်း၊ အဘယ်ကြောင့်ဆိုသော်သမ္မာ ကျမ်းစာကိုဖတ်ရူခြင်းဖြင့် မိမိတို့၏စိတ်နှလုံးထဲ၌ကိုယ်တော်ရှင်နှင့်ဆုံဆည်းရမည်ဖြစ်သည်။

(ကျမ်းစာဖတ်ကြားဆင်ခြင်၊ ဆုတောင်းခြင်း)

          ခရစ်ယာန်တို့၏ဆုတောင်းခြင်းအသက်တာ၏အစဉ်အလာ၌ သမ္မာကျမ်းစာကိုအခြေခံ၍ ဆုတောင်းခဲ့ကြသည်။ အထူးသဖြင့် ‘Lectio divina’ ဟုခေါ်သောဆုတောင်းနည်းကိုမွေးဖွားပေးစေခဲ့သည်။ ဤဆုတောင်းနည်းသည် ရသေ့ ကျောင်းများ၌အခြေခံ၍ပျံ့နှံ့လာခဲ့သည်။ သို့သော်ယနေ့ခေတ်ကာလ၌ အရပ်သားခရစ်ယာန်များလည်းမကြာခဏသာ သနာအုပ်စုများ၌ဆုတောင်းနေကြသည်။ တစ်ဦးတစ်ယောက်သည် သမ္မာကျမ်းစာတော်မြတ်နှင့်စကားစမြည်ပြောမိပြီဆို လျှင်ထိုဖတ်ရူကြားနာခဲ့သောနှုတ်တော်ထွက်စကားများသည်ထောက်ရူဆင်ခြင်စရာဖြစ်လာသည်။ ထို့နောက်ဆုတောင်း ချက်များအဖြစ်ပြောင်းလဲလိုက်သည်။ အဆိုပါနှုတ်တော်ထွက်စကားများအားဖြင့် ကျွန်ုပ်တို့အားမည်သည့်အကြောင်းအရာ ကိုသတိပေးနေသနည်း။ ပြုပြင်စေလိုသည်ကိုလည်းဆင်ခြင်ရသည်။ ကျမ်းစာတော်မြတ်အခြေခံ၍ဆုတောင်းခြင်း၏ နောက်ဆုံးအဆင့်၌မူဆိတ်ငြိမ်စွာထောက်ရူခြင်းဖြစ်သည်။ စကားလုံးနှင့်ထောက်ရူချက်များသည်ချစ်ခြင်းကိုမွေးဖွားလာ စေသည်။ သမ္မာကျမ်းစာစောင်သည် ကျွန်ုပ်တို့အတွက်ကြေးမုံပြင်ကဲ့သို့ဆက်လက်ကျန်ရှိနေမည်။ ဆင်ခြင်စံပြုစရာအဖြစ် ရှိနေမည်။ ထိုအခါနှုတ်ကပါတ်တော်သည်လူ့ဇာတိအဖြစ်ကိုယူတော်မူ၍ ကျွန်ုပ်တို့နှင့်အတူလာရောက်နေထိုင်တော်မူမည် ဖြစ်ကြောင်း၊ နှုတ်ကပါတ်တော်သည် ငြိမ်းချမ်းရေးတရားဖြစ်ကြောင်း၊ ထို့ကြောင့်ယုံကြည်ခြင်း၌ကြီးထွားပြောင်းလဲလာ စေရန်ရည်ရွယ်ချက်ကောင်းများ၊ ရေရှည်တည်တံ့သောအကျင့်ကောင်းများကိုလုပ်ဆောင်ရန်တွန်းအားပေးလာကြောင်း၊ ထိုအခါငြိမ်းချမ်းရေးအတွက်လုပ်ဆောင်ရာ၌မမောမပမ်းနိုင်သောအတွင်းအင်အား၊ ဉာဏ်ပညာများကိုဖြစ်ပေါ်စေကြောင်း၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအသက်တာကြီးထွားလာသည်နှင့်ချစ်ခြင်းနှင့်အစေခံခြင်းတည်းဟူသောအသီးအပွင့်ကိုလည်းပွင့်သီးလာစေကြောင်းမိန့်ကြားခဲ့ပါသည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Catholic Recruitment

http://bit.ly/3tqas6T

Add new comment

3 + 2 =