သန့်ရှင်းသော ရက်သတ္တပတ်အတွက် ပါပါးဖရန်စစ်၏ မင်္ဂလာခွန်အားဖြည့်ဗီဒီယိုသတင်းစကား

သန့်ရှင်းသော ရက်သတ္တပတ်အတွက် ပါပါးဖရန်စစ်၏ မင်္ဂလာခွန်အားဖြည့်ဗီဒီယိုသတင်းစကား

ချစ်လှစွာသော မိတ်ဆွေတို့ မင်္ဂလာညချမ်းပါ

ဒီည သင်တို့အိမ်ကို အလည်အပတ်၀င်ကြွဘို့ ဒီည ကျွန်ုပ်အခွင့်သာတယ်

ခါတိုင်းလိုတော့မဟုတ်ပေမယ့် မတူတဲ့နည်းလမ်းလေးနဲ့ပေါ့

သင်သာ ခွင့်ပြုမယ်ဆိုရင် ခဏလောက်လေးပဲဖြစ်ဖြစ် သင်နဲ့ စကားပြောခြင်ပါတယ်

အခုလို ခက်ခဲချိန် ဒုက္ခရောက်ရချိန်မျိုးမှာ

လက်ရှိအဖြစ်အပျက်တွေကို ကျော်လွှားနိုင်ဘို့ အရင်ကနဲ့ မတူတဲ့ပုံစံမျိုးတွေ နဲ့
သင်တို့မိသားစုတွေထဲမှာ နေထိုင်ကြရမယ် တမူထူးခြားဖြစ်စဉ်တွေရှိနေမယ်ဆိုတာ ကျွန်ုပ် တွေးကြည့်တာနဲ့ ခံစားပေးလို့ရပါတယ်

အပြင်မထွက်ရ ကျောင်းမသွားရပဲ ရှင်သန်နေရတဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေရဲ့ ဘဝ ရှင်သန်ရေးကို ကျွန်ုပ်သတိယ စဉ်းစားနေမိတယ်

မိသားစုတိုင်းဟာ ကျွန်ုပ်နှလုံးသားထဲမှာရှိနေပါတယ်

အထူးသဖြင့် လူမမာ ရှိနေတဲ့ မိသားစုတွေနဲ့ ကိုဗစ် ၁၉ ​မှ မိသားစု များဆုံးရှုံးမှုကြောင့် ၀မ်းနည်းငိုကြွေးနေကြသူများကိုပေါ့

ဒီနေ့ရင်တွေမှာ တစ်ယောက်ထဲအထီးကျန်ဆန်ဆန်နေရ ပြီး အခက်အခဲတွေ့နေသူတွေကိုလည်း ကျွန်ုပ်စဉ်းစားမိတယ်

အားလုံးထဲမှာတော့ ကျွန်ုပ်နှလုံးသားမှာနီးနီးကပ်ကပ်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေကိုစဉ်းစားပေးမိတယ်

ကိုရိုနာဗိုင်းစပ်​ ကူးစက်ခံရသူတွေ ဆေးရုံမှာရောက်နေသူတွေကိုလည်း ပါပါး မမေ့ပါဘူးနော်

ဒီကမ္ဘာတဝှမ်းဖြစ်နေတဲ့ ကပ်ရောဂါကြီးအတွက် မိမိတို့ အသက်တွေကို ပဓာန မထားပဲ ရက်ရက်ရောရော လူ့အအသိုင်းအ၀န်းကြီးအတွက် အလိုအပ်ဆုံးနေရာတွေမှာ ပေးဆပ်သူတွေရှိနေတာကို လည်း ကျွန်ုပ်သတိထားမိပါတယ်။

အချိန်တိုင်း နေ့တိုင်း များပြားလှတဲ့သူရဲကောင်းတွေ ရှိနေတာပါ

ငွေကြေးပြဿနာအခက်အခဲတွေ ကြုံနေကြရပြီး အနာဂတ်အတွက် ပူပန်နေကြတယ်ဆိုတာကိုလည်း ကျွန်ုပ်သတိယနေမိတယ်

နောက်တခုက ကိုဗစ်ကမ္ဘာတဝှမ်းကပ်ဘေးကြောင့် သူတို့အတွက်ကိုရော အပြင်က သူတို့မိသားစု တွေ ချစ်ခင်သူတွေ အတွက်ကိုပါ ပူပန် ကြောက်ရွံ့နေကြရှာတဲ့ အကျဉ်းသားတွေဆီကျွန်ုပ်စိတ်နှလုံးသားက ရောက်ရှိသွားပြန်တယ်လေ

အိုးအိမ်မဲ့သူတွေ အိမ်ယာမရှိလို့ ကာကွယ်ပေးသူ မဲ့နေသူတွေ ကိုလည်းကျွန်ုပ်စဉ်းစားမိတယ်

ဒီအချိန်ဟာ အားလုံးအတွက် လူအများက​ြီးအတွက် ခက်ခဲတဲ့ အချိန်ပါပဲ

ပါပါးက ဒါတွေအားလုံးကိုသိပါတယ်နော် ဒါကြောင့် အခုဖော်ပြခဲ့တဲ့ စကား လုံးတွေနဲ့ သားတို့သမီးတို့အားလုံးအတွက် ပါပါးက နီးကပ်စွာရှိနေကြောင်း ခံစားပေးနေကြောင်း ချစ်ခင်လျှက် ရှိကြောင်းကို ဖော်ပြ ပြောပြခြင်တာပါ

ဒီအချိန်ကို အကောင်းဆုံးဖြစ်အောင် အတူကြိုးစားကြမယ်လေ

ပါပါးတို့ အနီးနားမှာ ပိုပြီးလိုအပ်နေသူတွေကို စဉ်းစားပေးပြီး ရင်ရက်ရောရော ပေးကြရအောင်နော်

အထီးကျန်နေသူတွေကိုရှာကြရအောင် လူမှုကွန်ယက်နဲ့ဖြစ်ဖြစ် ဖုန်းကနေ
တဆင့်ဖြစ်ဖြစ် ဆင်သွယ်လိုက်ကြရအောင်

အီတလီနဲ့ ကမ္ဘာတဝှမ်းလုံးမှ အခက်အခဲကြုံနေသူများအားလုံးအတွက်ဆုတောင်းပေးကြပါစို့နော်

ကျွန်ုပ်တို့အားလုံး သီးခြားစီဖြစ်နေကြရင်တောင် ချစ်တတ်တဲ့နှလုံးသားဖန်တီးပြီး စိတ်နှလုံးသားက အဝေးကြီးဆီရောက်နိုင်တယ် မဟုတ်လား

ကျွန်ုပ်တို့ဒီနေ့ကမ္ဘာကြီးက လိုအပ်နေတာဟာ ဒါပါပဲ ချစ်တတ်တဲ့နှလုံးသားဖန်တီးခြင်းပါပဲ။

အရင်ကနဲ့ မတူတဲ့ သန့်ရှင်းသော ရက်သတ္တပတ်ကို ကျွန်ုပ်တို့ကျင်းပကြရတော့မယ်

ဘုရားရှင်ရဲ့ အဆုံးမရှိတဲ့ မေတ္တာတော် နဲ့ ဧဝံဂေလိ သတင်းကောင်းတော်ကို အကျဉ်းချုပ်ဖော်ပြခြင်းဖြစ်တယ်

ကျွန်ုပ်တို့ရဲ့မြို့တွေထဲမှာ တိတ်ဆိတ်နေပေမယ့်လည်း အီစတာ ဧဝံဂေလိသတင်းကောင်းက ပဲ့တင်ထပ်နေပါမယ်

၂ ကောရိသု ၅:၁၅ စိန့်ပေါလ်အဆိုအရ သခင်ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံကြောင်း နဲ့ ရှင်နေသူတွေဟာလည်း သူတို့အတွက် ရှင်သန်သည်မဟုတ်ပဲ ၄င်းတို့အတွက် အသေခံပေးပြီး ရှင်ပြန်ခဲ့တဲ့ ခရစ်တော်အတွက် ရှင်သန်နေကြတာဖြစ်ကြောင်း

ရှင်ပြန်တဲ့ခရစ်တော်ယေဇူးမှာ ရှင်သန်ခြင်းဟာ သေခြင်းကိုအောင်နိုင်တယ်

ပါစကားယုံကြည်ခြင်းဟာ ကျွန်ုတို့ရဲ့ မျှော်လင့်ခြင်းတွေကို အဟာရဖြည့်ပေးပါတယ်

ဒိညမှာ သားသမီးတို့နဲ့ ပါပါးဝေမျှခြင်ပါတယ်

ဒီကမ္ဘာ့ကပ်ဘေး ကြီးကနေ နောက်ဆုံးတော့ လွတ်မြောက်ပြီးအကောင်းဆုံးဖြစ်လာဘို့ အကောင်းဆုံးအချိန်ဆိုတာကို မျှော်လင့်ခြင်းဖြစ်ပါတယ်

ဒါဟာမျှော်လင့်ခြင်းပဲလေ၊ မျှော်လင့်ခြင်းဆိုတာဘယ်တော့မှ အနှောက်အယှက်မပေးဘူး၊ ထင်ယောင်ထင်မှားမဖြစ်စေပါဘူး

မျှော်လင့်ခြင်းမှာ ချစ်ခြင်း စိတ်ရှည်ခြင်း နဲ့တဉီးကိုတဉီးထားပြီး ဒီနေ့ရက်တွေမှာ အကောင်းဆုံးဖြစ်လာဘို့ ပြင်ဆင်ခြင်းပါပဲ

အခုလို ပါပါးကို သင်တို့ အိမ်လည်ပတ်ခွင့်နဲ့ စကားပြောချိန်ပေးလို့ကျေးဇူးအထူးတင်တယ်နော်

နူးညံ့တဲ့ ပြောဆိုပုံတွေနဲ့ ဒုက္ခရောက်သူတွေထံ ၊ ကလေးတွေထံ၊ သက်ကြီးရယ်အိုများထံ ချဉ်းကပ်ကြရအောင်ပါ။

ပါပါးက သူတို့နဲ့ နီးကပ်စွာရှိနေကြောင်းနဲ့ ဆုတောင်းပေးနေကြောင်း ဘုရားရှင်ဟာ မကြာခင်မှာ မကောင်းမှု ဒုက္ခတွေမှ ကယ်နုတ်မယ်ဆိုတာကိုလဲ ပြောပေးပါ

ပါပါးအတွက်လဲ သားတို့သမီးတို့ကဆုတောင်းပေးကြနော်။
မြိန်ရှက်သော ညစာသုံးဆောင်နိုင်ပါစေ။
မကြာခင်တွေ့ကြမယ်နော်

By Sr.Lucia Thandar Aung,SJA

 

https://bit.ly/3aKeRrv

 

Add new comment

12 + 4 =