သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ကျွန်ုပ်တို့ကိုစည်းလုံးစေပြီး မတူကွဲပြားမှု တွေကနေသဟဇာတ ဖြစ်စေပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ကျွန်ုပ်တို့ကိုစည်းလုံးစေပြီး မတူကွဲပြားမှု တွေကနေသဟဇာတ ဖြစ်စေပါတယ်။

 

တမန်တော်ကြီးတွေကို ကြည့်လိုက်ပါ။ သူတို့ဟာ အရမ်းကို ကွဲပြား နေခဲ့ကြပါတယ်။ သူတို့အထဲမှာ မာတေးဦးဟာ ရောမလူတွေနဲ့ ဆက်သွယ်နေခဲ့တဲ့ အခွန်ခံတစ်ဦး ဖြစ်ပါတယ်။ ဇီလော့လို့ ခေါ်တဲ့ စီမွန်က သူ့ကိုရှာတွေ့ခဲ့တာ ဖြစ်တယ်။ သူတို့မှာ ကမ္ဘာ့အမြင်နဲ့ မတူဘဲ ပဋိပက္ခဖြစ်စေတဲ့ နိုင်ငံရေး အတွေးအခေါ်  ရှိခဲ့ကြပါတယ်။ 

သန့်ရှင်းသောဝိညာဉ်တော်ကိုလက်ခံရရှိပြီးမှသာ သူတို့ရဲ့လူ့အမြင်ကို ဦးစားမပေးဘဲ ဘုရားသခင်ရဲ့ အစီအစဉ်ကို အဓိကသင်ယူခဲ့ကြပါတယ်။ ယနေ့သန့်ရှင်းသောဝိညာဉ်တော်ကိုကျွန်ုပ်တို့ နားထောင် ခဲ့ရင် ကျွန်ုပ်တို့မှာရှေးရိုးစွဲ သူများနဲ့ တိုးတက်တဲ့ အမြင်ရှိသူများ အစဥ်အလာသမားများနဲ့ ဆန်းသစ်တီထွင်သူများ၊ လက်ဝဲနဲ့ လက်ယာတွေကို ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။ အဲလိုမျိုးတွေကိုသာ ကျွန်ုပ်တို့ အဓိက ထားနေမယ်ဆိုရင် အသင်းတော်က ဝိညာဥ်တော်ကို မေ့ထား လိုက်တာပါ။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ကျွန်ုပ်တို့ကိုစည်းလုံးစေပြီး မတူကွဲပြားမှု တွေကနေသဟဇာတ ဖြစ်စေပါတယ်။ ဝိညာဉ်တော်က ခန္ဓာကိုယ်အပိုင်းရဲ့ တူညီကြတဲ့ညီအစ်ကို မောင်နှမတွေလို ကျွန်ုပ်တို့ကို မြင်စေပါတယ်။

 ကျွန်ုပ်တို့ တစ်ခုလုံးကို ခြုံပြီး ကြည့်ကြပါစို့။ ရန်သူက မတူကွဲပြားမှုကို ဆန့်ကျင်ဘက် မြင်တတ်တဲ့ အတွေးအခေါ် လိုမျိုးဖြစ်စေချင် တာပါ။ အဲဒီလို အတွေးအခေါ် မျိုးကို လက်မခံဘဲတစ်ခုလုံး ခြုံကြည့်တာကိုပဲ ကြိုဆိုကြပါ။

 

✍️ထန်းဟာ, SJ

Photo courtesy of : CBCP News/Google Images

Add new comment

4 + 8 =