သန့်ရှင်းသော ဝိညာဉ်တော်ဘုရား အားဖြင့် ပြုပြင်ခြင်းကို ခံယူကြလော

ပြင်သစ်နိုင်ငံ ပဲရစ်မြို့အနီး Cretiel သာသနာနယ်မှ ဘုန်းတော်ကြီး အပါး တစ်ရာ နှင့်တွေ့ဆုံခြင်း
သန့်ရှင်းသော ဝိညာဉ်တော်ဘုရား အားဖြင့် ပြုပြင်ခြင်းကို ခံယူကြလော
အောက်တိုဘာ ၁၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-10/pope-francis-discourse-priests-diocese-creteil.html

#pope, #priests, #know, #transform, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ပြင်သစ်နိုင်ငံ ပဲရစ်မြို့အနီး Cretiel သာသနာနယ်မှ ဘုန်းတော်ကြီး အပါး တစ်ရာ နှင့်တွေ့ဆုံခြင်းတွင် ရဟန်းမင်ကြီး ဖရန်စစ်အရှင်သူမြတ်မှ သခင်ခရစ်တော်၏ စံနမှုနာများအတိုင်း အစေခံကြရန်တိုက်တွန်းခဲ့ပါသည်။
သခင်ခရစ်တော်၏ သာသနာပြုလုပ်ငန်းမှာ သစ္စာရှိစွာ အစေခံခြင်းနှင့် သခင်ခရစ်တော်၏ သာသနာတော်ကို နှိမ်ချစွာအစေခံခြင်းများအတွက်ကျေးဇူးတင်ခဲ့ပါသည်။
ဘုရားသခင်၏ ခေါ်သံကိုနားထောင်လက်ခံခဲ့ကြသူများ သည် သခင်ခရစ်တော်ကဲ့သို့ လူသားများကိုအစေခံပြီး ဒဏ်ရာရရမည်၊ အသေခံရမည်၊ ရှင်ပြန်ထမြောက်ရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ သာသနာပြုလုပ်ငန်းသည် ကမ္ဘာကြီးအားရာတွေကြားထဲကနေ ကယ်တင်ခြင်းရှင်ပြန်ထမြောက်ခြင်းကို သက်သေခံနေသောကြောင့်ပင် ဖြစ်သည်။
သခင်ခရစ်တော်၏နောက်လိုက်တွေအနေနဲ့ အသင်းတော်၏ ဒဏ်ရာများကို သိရမည်။ ၄င်းဒဏ်ရာတွေအတွက်ပူဆွေးနေဖို့မဟုတ် ကုသပေးသူသခင်ခရစ်တော်ထံပြန်ခေါ်လာနိုင်ဖို့၊ သူသာလျှင်ကုသပေးနိုင်သူ သူနှင့်အတူပြန်စ၊ သူနဲ့အတူရှိနေပြီး သူအားဖြင့် သူ၏ကယ်တင်ခြင်းရနိုင်ကြရန် ဖြစ်သည်။
စိတ်အားထက်သန်စွာဖြင့် သခင်ခရစ်တော်ကို လူအများထံသယ်ဆောင်သွားရန်နှင့် နှိမ့်ချစွာအစေခံခြင်း၊ ဖြူစင်ခြင်း၊ နုတ်ကပတ်တော်ကို နားထောင်ခြင်း၊ ဆုတောင်းခြင်း၊ ဘဝနှင့်သက်သေပြခြင်း၊ စက္ကရမင်းတူး များကိုကျင်းပပေးခြင်း၊ လူအများစည်းလုံးညီညွတ်ရေးအတွက်လုပ်ဆောင်ကြခြင်းတို့ဖြင့် မိမိရဟန်းဘဝ တန်ဖိုးကို သိရှိတန်ဖိုးထား၍ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား အားဖြင့်ပြုပြင်ခြင်းကို ခံယူကြလောဟု ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ ပြောကြားခဲ့ပါသည်။

Add new comment

1 + 5 =