သန့်ရှင်းသော ဝိညာဥ်တော် ဘုရားရဲ့ စကားလုံးနဲ့ ဝိညာဥ်တော်ကို ဖိတ်ခေါ်နည်း

သန့်ရှင်းသော ဝိညာဥ်တော် ဘုရားရဲ့ စကားလုံးနဲ့ ဝိညာဥ်တော်ကို ဖိတ်ခေါ်နည်း

*******************************************************

သန့်ရှင်းသော ဝိညာဥ်တော် ဘုရားဆီကို ဆုတောင်းတာက အလိုအလျောက် ဖြစ်ပြီးတော့စိတ်နှလုံးသားကနေ ပေါ်လာတဲ့ ဆုတောင်းခြင်း ဖြစ်ဖို့ လိုအပ်ပါတယ်။ ခက်ခဲနေတဲ့အချိန်တွေမှာ "သန့်ရှင်းသော ဝိညာဥ်တော် ဘုရား ဆင်းကြွလာ တော်မူပါ" လို့တောင်းလျှောက်ဖို့ လိုအပ် ပါတယ်။ အဓိကအားဖြင့် "ဆင်းကြွလာ တော်မူပါ၊ ဆင်းကြွလာတော်မူပါ" ဆိုတဲ့ စကားလုံးကို အသုံးပြုပါ။ ဒါပေမဲ့ သင့်စကားတွေနဲ့ သင်ကိုယ်တိုင် ပြောတဲ့ စကားလုံးတွေ ဖြစ်ဖို့ လိုပါတယ်။ ကျွန်ုပ် ဒုက္ခအခက်အခဲ တွေ့ကြုံနေရလို့ ဝိညာဥ်တော်ဘုရား ဆင်းကြွလာ တော်မူပါ။ ကျွန်ုပ် အမှောင်ထဲ ကျရောက်နေလို့ ဝိညာဥ်တော်ဘုရား ဆင်းကြွလာ တော်မူပါ။ ကျွန်ုပ် ဘယ်အရာကို ဆက်လုပ် ရမလဲဆိုတာ မသိလို့ ဝိညာဥ်တော်ဘုရား ဆင်းကြွလာ တော်မူပါ။ ကျွန်ုပ် လဲကျတော့မဲ့ အချိန် ဖြစ်နေလို့ ဝိညာဥ်တော်ဘုရား ဆင်းကြွလာ တော်မူပါ။ ဆင်းကြွလာ တော်မူပါ။ ဆင်းကြွလာ တော်မူပါ။ ဒီဟာက သန့်ရှင်းသော ဝိညာဥ်တော် ဘုရားရဲ့ စကားလုံးနဲ့ ဝိညာဥ်တော်ကို ဖိတ်ခေါ်နည်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ သန့်ရှင်းသော ဝိညာဥ်တော် ဘုရားကို မကြာခဏ ဖိတ်ခေါ် တတ်အောင် သင်ယူ ကြပါစို့။

✍️ထန်းဟာ,SJ✍️

Crd to Vatican News

#rvamyanmar #rvapastoralcare #PopeFrancisMessage #HolySpirit

Add new comment

7 + 3 =