သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းသက်တော်မူသောပွဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဟောကြားသော သြဝါဒ

သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းသက်တော်မူသောပွဲနေ့

သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းသက်တော်မူသောပွဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဟောကြားသော သြဝါဒ
ဇွန်လ ၉၊ ၂၀၁၉

သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းသက်တော်မူသောပွဲနေ့ သမ္မာကျမ်းစာ ကိုအခြေခံပြီး မျော်လင့်ခြင်း၏ တမန်တော်များ၊ ကောင်းသောမျိုးစေ့ကြဲသူများ၊ သဟဇာတဖြစ်ခြင်း၏ ကလောင်ရှင်များဖြစ်ကြဖို့ သန့်ရှင်းသောဝိညာဉ်တော် ဘုရားထံမှ ကျေးဇူးတော်များတောင်းခံကြရန် ဘုရားဖူးသူတော်စင်​များ ကို ရဟန်းမင်းကြီး မှ တိုက်တွန်းခဲ့ပါသည်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားက တမန်တော်ကြီးများရဲ့ စိုးရိမ်ပူပန်မူ​တွေကို ပျောက်ကင်းစေပြီး သူတို့ဘဝထဲမှာလိုအပ်နေသော သဟဇာတဖြစ်စေခြင်းကို သူတို့အတွက်သယ်ဆောင်ပေးခဲ့တယ်​။

အသက်ရှင်တော်မူသောဘုရားကို ဖူးမြင်ရရုံနှင့် မလုံလောက်သေးပါ၊ ကျွနု်​ပ်တို့ရဲ့ နှလုံးသားထဲကနေလက်ခံကြိုဆိုဖို့ပါလိုအပ်တယ်၊ ဘာဖြစ်လိုလဲဆိုတော့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက သခင်ခရစ်တော်ကို ကျွနု်​ပ်တို့နှလုံးသားထဲမှာ ရှင်သန်စေသောပုဂ္ဂိုလ် ဖြစ်လိုပါပဲ။ ဒါကြောင့် သခင်ခရစ်တော်က သင်တို့၌ငြိမ်သက်ခြင်းရှိပါစေ သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူကြလောလို့ မှာခဲ့ခြင်းဖြစ်တယ်။

ငြိမ်းချမ်းခြင်းဆိုတာ လောကပြသနာတွေ ကင်းရှင်းနေတာကို ဆိုလိုတာမဟုတ်ဘူး သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူနိုင်တာကို ဆိုလိုခြင်းဖြစ်တယ်။

သန့်ရှင်းသော ဝိညာဉ်တော်မပါရင် သခင်ခရစ်တော်ဟာ အတိတ်သမိုင်းက လူတစ်ယောက်သာဖြစ်နေလိမ့်မယ် သန့်ရှင်းသောဝိညာဉ်တော်ပါလာရင် သခင်ခရစ်တော်က အခုတို့နဲ့အတူရှိနေတာကို သိရှိခံစားလာလိမ့်မယ် အတိတ်​မှာကျန်ခဲ့တဲ့အဖြစ်ပျက်မဟုတ်တော့ဘူး တို့နဲ့အတူ အခုရှိနေတော်မူသော ဘုရားဖြစ်တယ်ဆိုတာ သိရှိခံစားလာရမယ်။ အဲ့ဒါ​ကြောင့် သခင်ခရစ်တော်ပေးတဲ့ငြိမ်းချမ်းခြင်းနဲ့ သန့်ရှင်းသောဝိညာဉ်တော်ဖော်ဆောင်ပေးတဲ့ ဘဝအတွက် သဟဇာတဖြစ်ခြင်းတို့ပေါင်းစပ်နေမှ စစ်မှန်သော ငြိမ်းချမ်းမူကိုရမယ်၊ ဘုရားကိန်း​ေ​အာင်းသော နှလုံးသားပိုင်ရှင်များဖြစ်ကြမယ်။

စစ်မှန်သော ငြိမ်းချမ်းခြင်းကို သန့်ရှင်းသောဝိညာဉ်တော်ဘုရား ကပေးနေတယ်၊ စစ်မှန်သော ငြိမ်းချမ်းခြင်း ဆိုတာဘာလဲ။ ဒုက္ခကြုံတွေချိန်မှာ ရဲရင့်သော ခွန်အားကိုပေးခြင်း၊ ကြီးရင်ခြင်းမှာ နုပျိုသော စွမ်းအားဖြည့်ပေးခြင်း၊ ဝမ်းနည်းချိန်မှာပျော်ရွင်ခြင်း၊ စိတ်ဓာတ်ကျချိန်မှာ မိမိကိုယ်ကု်ယုံကြည်မူဖြည့်ဆည်းပေးခြင်း၊ ရှုပ်ယှက်ခတ်နေသောဘဝမှာ တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ခြင်းတို့ဟာ စစ်မှန်သော ငြိမ်းချမ်းမူ့ဖြစ်တယ် အဲ့ဒီအရာတွေက သင့်အထဲမှာ ကိန်​းအောင်းနေသော သန့်ရှင်သောဝိညာဉ်တော်က ပေးနေခြင်းဖြစ်တယ်။

သန့်ရှင်းသောဝိညာဉ်တော် ဘုရားမရှိတဲ့လူရဲ့နှလုံးသာဟာ ဘယ်တော့မှ မငြိမ်းချမ်းဘူး၊ အရာရာအားလုံးကို စုစည်းပေးတဲ့ ချစ်ခြင်းမေတ္တာ ကင်းမဲ့နေသောသူသာဖြစ်နေလိမ့်မယ်။ သန့်ရှင်းသောဝိညာဉ်တော်မပါတဲ့ဘဝဟာ အသက်မဲ့နေသူတစ်ယောက်လို၊ ပျော်ရွှင်မူကင်မဲ့စွာနေထိုင်အသက်ရှင်နေရလိမ့်မယ်။

သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက သဟဇာတာဖြစ်ခြင်းကို တို့နှလုံးသားထည်းမှာ သာမက တို့အဖွဲ့အစည်းတွေထဲမှာပါ ထည့်ပေးတယ်၊ ဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက ကိန်း​ေ​အာင်းနေသူတွေရဲ့အဖွဲ့အစည်းဟာ စည်းလုံးခြင်း ငြိမ်းချမ်းခြင်းကို ခံစားကြရတယ်။

သဟဇာတဖြစ်ခြင်းဟာ ဒီကနေ့လောကကြီးမှာ လိုအပ်နေသောအရာဖြစ်တယ်။ ကျွနု်​ပ်တို့ပတ်ဝန်းကျင်မှာကြည့်လိုက်ပါ အများကြီး ပိုင်ဆိုင်တဲ့သူတွေရှိသလို၊ ဘာမှကို မရှိအောင်ဆင်ရဲတဲ့သူတွေကိုလည်သင်တို့တွေကြမှာပါ။ တချို့​တွေက အသက်တစ်ရာနေရပေမဲ့ တစ်ချို့​တွေက လောကထဲ​ရောက်ခွင့်တောင်မရလိုက်ကြပါဘူး။ လူမူကွန်ယက် မီဒီယာ တွေ ပေါများလာပေမဲ့ လူသားတွေဟာ ပိုဝေးကွာလာကြတယ်၊ ဒါကြောင့် တို့တွေကို စည်းလုံးမူ ဆီ ပြန်လည်ဦးတည်ပြီး လူသားမိသားစုပီသစွာ အသက်ရှင်နိုင်ဖို့၊ ဘုရားသခင်ရဲ့သားသမီး ပီသစွာ ရှင်သန်နိုင်ဖို့၊ အသင်းတော်ကို ပိုမိုမြှင့်တင်ပေးဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ပိုမိုလိုအပ်လာတယ်၊

သန့်ရှင်းသော ဝိညာဉ်တော်ဘုရားနဲ့ရှင်သန်နေသူတွေဟာ စိတ်ဝမ်းကွဲ​နေသူတွေကြား၊ ပြသနာကြုံတွေ့သူများအကြား၊ ငြိမ်းချမ်းမူကိုသယ်ဆောင်ပေးသူတွေဖြစ်ကြတယ်။ မကောင်းမူကို ကောင်းမူနဲ့ တုန့်ပြန်ကြတယ်၊ ကြမ်းတမ်းခြင်းကို နူးည့ံသိမ့်မွေ့ခြင်း၊ ယုတ်ညံခြင်းကို ကောင်းမွန်ခြင်းဖြင့်၊ ဆူညံမူကို တိတ်​ဆိတ်ငြိမ်သက်ခြင်း၊ အတင်အဖြင်းပြောခြင်းအစား ဆု​တောင်းခြင်းအားဖြင့် ဖိနှိပ်ခံရချိန်တွေမှာ အင်အားဖြည့်တင်းပေးခြင်းတို့ဖြင့် တုန့်ပြန်ကြတယ်။

အသင်းတော်ကြီးဟာ သန့်ရှင်းသောဝိညာဉ်တော်ဘုရား မပါရင် လူမူ​ရေး အဖွဲ့အစည်း တစ်ခုသက်သက်သာဖြစ်နေလိ့်မ်မယ်၊ ဒါကြောင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ကျွနု်​ပ်တို့ဘဝရဲ့ အဓိကအဖြစ်ရှင်သန်နိုင်ရအောင် ဖိတ်ခေါ် အသက်ရှင်ကြပါစို့။ ။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-pentecost-m...

#pope, #pentecost, #homily, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

9 + 6 =