သန့်ရှင်းသောဝိညာဉ်တော်ဘုရားဦးဆောင်လမ်းပြပေးမှုဖြင့် ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော်ကို သက်သေခံခြင်းအမူ၌ အသင်းတော်သည် အသီးအပွင့်တိုးပွားလျှက်ရှိ

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေလူး​မေတ္တာ ရွတ်ဆိုခြင်း

သန့်ရှင်းသောဝိညာဉ်တော်ဘုရားဦးဆောင်လမ်းပြပေးမှုဖြင့် ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော်ကို သက်သေခံခြင်းအမူ၌ အသင်းတော်သည် အသီးအပွင့်တိုးပွားလျှက်ရှိ
မေလ ၂၆၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် အန်ဂျေလူး​မေတ္တာ ရွတ်ဆိုခြင်းမတိုင်မှီ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ လူထုပရိသတ်​အား သန့်ရှင်းသောဝိညာဉ်တော်ဘုရားဦးဆောင်လမ်းပြပေးမူဖြင့် ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော်ကို သက်သေခံခြင်းအမူ၌ အသင်းတော်သည် အသီးအပွင့်တိုးပွားလျှက်ရှိ ကြောင်း ဟောကြားခဲ့ပါသည်။

သခင်ခရစ်တော်က သူ၏ နောက်လိုက်များကို သန့်ရှင်းသောဝိညာဉ် ဘုရားအကူအညီဖြင့် ကမ္ဘာအနှံအပြားကို နုတ်​ကပတ်တော် ပျံနှံ့ရောက်ရှိရေး ဆက်လက်လမ်းညွန်းပေးနေတယ်၊ သခင်ခရစ်တော်က သူရဲ့အလိုဆန္ဒအားလုံးကို သူရဲ့နောက်လိုက်တပည့်တွေကို မှာထားခဲ့ပြီးသားဖြစ်တယ် အဲ့ဒီမှာကြားထားခဲ့သော အချက်တွေကို ပြည်းမြောက်ပြည့်စုံစေဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ဦးဆောင်လမ်းပြပေးနေခြင်းဖြစ်တယ်။ တဆက်တည်းမှာပဲ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား က သခင်ခရစ်တော်မှာကြားခဲ့တာတွေကို မမေ့လျှော့စေအောင်၊ ပြည့်ဝစုံလင်စွာ နားလည်နိုင်အောင် ကူညီပေးနေတယ်။

အသင်းတော်ရဲ့သာသနာပြုလုပ်ငန်းကို တိကျမှန်ကန်စွာ လျှောက်လှမ်းနေခြင်းဟာ သခင်ခရစ်တော်အပေါ်မှာ အပြည့်အဝယုံကြည်ခြင်း၊ သူရဲ့နုတ်​ကပတ်တော်တွေကို စာင့်ထိန်းြ​ခင်း နှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ လမ်းညွှန်မူ အားဖြင့် လုပ်ဆောင်နိုင်ခြင်းဖြစ်တယ်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ လမ်းညွှန်မူ ကြောင့်သာ ကျွနု်​ပ်တို့ တတွေဟာ အသက်ရှင်သောခရစ်တော်ကို တပါးသူများအား တွေ့ဆုံပြောခြင်း၊ ဖွင့်လှစ်ထားသော နှလုံးသားတို့ဖြင့် တပါးသူကို သက်သေခံနိုင်ခြင်းဖြစ်တယ်။ အသင်းတော်ရဲ့ အသက်ဝင်လှုပ်ရှာနေမူဟာ သူဖာသာသူဖြစ်နေခြင်းမဟုတ်ဘူး ဆေးကြောခြင်းခံယူပြီးသူ ဘာသာဝင်တိုင်း၏ တက်ကြွစွာ ပါဝင်လုပ်ဆောင်နေမူ၌ ရှင်သန်နေခြင်းဖြစ်တယ် ဆိုတာ သိထားရမယ်။ အဲ့တာကြောင့် တို့တတွေ နုတ်​ကပတ်တော်ကို နားထောင်ပြီး ယုံကြည်ခြင်းခရီးကို သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဦးဆောင်မူနဲ့ လွတ်လပ်စွာရှေ့ဆက်နေကြရမယ်။

ဆက်လက်ပြီး အထူးသဖြင့် ဒီမေလ မယ်တော်၏ လမှာ မယ်တော်သခင်မ ၏ ကာကွယ်စောင့်ရှောက်မူရရှိရန် မယ်တော်အားသဒ္ဓါကြည်ညိုခြင်း ရှိကြဖို့ လိုအပ်ကြောင်း၊ သားတော်ဘုရား လူအဖြစ်ယူခြင်းမှာ အမိမယ်တော်က သန့်ရှင်းသောဝိညာဉ်တော် ဘုရားကို အပြည့်အဝလက်ခံခဲ့သလို ကျွနု်​ပ်တို့လည်း လက်ခံရယူပြီး နုတ်​ကပါတ်တော်အသီးအပွင့်များ ဝေဆာနိုင်အောင် ကြိုးစားကြပါစို့။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-regina-coel...

#pope, #reginacoeli , #paraclete, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

2 + 5 =