သနားကြင်နာခြင်း၏ ဓမ္မသဂြိုင်္လ်ပညာ နှင့် ဆက်နွယ်နေသောယုံကြည်ခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ဓမ္မသဂြိုင်္လ် ပညာနှင့် သနားကြင်နာမှု့တို့သည် အတူတကွဆက်နွယ်နေကြောင်းရှင်းပြ

သနားကြင်နာခြင်း၏ ဓမ္မသဂြိုင်္လ်ပညာ နှင့် ဆက်နွယ်နေသောယုံကြည်ခြင်း
စက်တင်ဘာလ ၁၃၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-theology-te...

#theology, #tenderness, #faith, #pope, #vatican, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ရောမမြို့တွင်ကျင်းပလျှက်ရှိသော ညီလာခံတစ်ခုတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ဓမ္မသဂြိုင်္လ် ပညာနှင့် သနားကြင်နာမှု့တို့သည် အတူတကွဆက်နွယ်နေကြောင်းရှင်းပြခဲ့ပါသည်။ ဓမ္မသဂြိုင်္လ်ပညာသည် ဘုရား၏ ချစ်ခြင်မေတ္တာ အတိမ်အနက် ကြီးမားမှုကို လူတို့နှင့် ဆက်သွယ်ဆက်ဆံသောပညာရပ်ဖြစ်ပြီး၊ သနားကြင်နာမှု့သည် ဘုရားသခင်ထောက်ပံ့ပေး သနားသော သူ၏ ချစ်ခြင်းမေတ္တာ ပင်ဖြစ်ကြောင်း အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါသည်။
သနားကြင်နာခြင်း၏ ဓမ္မသဂြိုင်္လ်ပညာ၏ကို အချက်သုံးချက်ဖြငိ့ ပုပ်ရဟန်းမင်းကြီးမှ ရှင်းပြပေးခဲ့ပါသည်။

၁။ အရင် ခံစားကြည့်ပါ
ယနေ့ခေတ်ကြီးတွင် အရာရာအားလုံးသည် သက်ဆိုင်သူ၏ ခံစားချက်ပေါ်မှ စတင်လာသည်။ ဓမ္မသဂြိုင်္လ်ပညာသည် လေ့လာစူးစမ်းမှုဖြင့် အဖော်ပြုနေရမည့် တည်ရှိနေသော ဘာသာရပ်တစ်ခုလည်း ဖြစ်သည်။ ကျွနု်ပ်တို့၏ နေစဉ်အသက်တာတွင် ခံစားချက်များကို လျှော့ချ၍ မရနိုင်ပါ။ ထို့အတူ ကျွနု်ပ်တို့၏ ပတ်ဝန်းကျင်လိုအပ်ချက်ကြောင့်မဟုတ်ဘဲ ကျွ်နုပ်တို့တစ်ဦးစီး၏ ခံစားချက်မှထွက်ပေါ်လာသော အရာသည် သနားကြင်နာတတ်ခြင်း ဖြစ်သည်။ ထို့အတွက် ဦးစွာပထမခံစားတတ်ရန် လိုအပ်ကြောင်း ရဟန်းမင်းကြီးမှ ရှင်းပြခဲ့ပါသည်။

၂။ ချစ်ရန်နှင့် အချစ်ခံရန်
သနားကြင်နာတတ်ခြင်း၏ ဓမ္မသဂြိုင်္ပညာသည် ဘုရားသခင်၏ ဖြူစင်လှပသော ချစ်ခြင်းမေတ္တာ ကိုခံစားသိရှိရန် (ဘုရားက ကိုယ့်ကို ချစ်နေကြောင်းသိရှိရန်) နှင့် ဘုရားသခင်၏ နာမ၌ တခြားသူများအား မိမိရရှိသော ချစ်ခြင်း မေတ္တာ ကို ပြန်လည်ဝေမျှပေးရမည် ဖြစ်သည်။
အချစ်ခံရန်လိုအပ်သလို ချစ်တတ်ရန်လည်း လိုအပ်သည်။
ကြောက်ရွံစိတ် အတွက်ဖြေဆေး
ပုဂ္ဂိုလ် သုံးပါးတဆူဘုရုးမှလာသော သနားကြင်နာမှု့ဖြင့် အချစ်ခံရခြင်းဆိုသည့်ခံစားမှုသည် ကျွနုပ်အားလုံးထံရောက်ရှိရန် အရေးကြီးသော အချက်ဖြစ်ပါသည်။ သနားကြင်နာမှု့၌ လုရားသခင်ထံမှလာသော ကရုနာအပြုအမှုများကိုတွေရှိရမည်ဖြစ်ပါသည်၊ ယင်းကရုနာအပြုအမှုများသည် ကြောက်ရွံမှု့ကု်ကျော်လွားစေနိုင်ပြီး ခရစ်ယာန်အသက်တာ၏ ဘုရားအပေါ်ယုံကြည်ခြင်းကို ဖော်ပြနေခြင်းဖြစ်ပါသည်၊ သခင်ခရစ်တော်၌ ခရစ်ယာန်တို့ထားရှိကြသော ယုံကြည်ခြင်းမှထွက်ပေါ်လာသည့် သနားကျင်နာမှု့ ဖြစ်ပါသည်။
ဘုရားသခင်၏ ကရုနာသနားခြင်းသည် ကျွနုပ်တို့၏ ကျောက်တုံးကဲ့သို့မာကျောနေသော နှလုံးသားကို နုညံပျော့ပြောင်းသော နှလုံးသားများဖြစ်ရန်ဖိတ်ခေါ်နေပါသည်။ ဘုရားရှင်သည် သနားကရုနာရှင်ဖြစ်သကဲသို့ ကျွနုပ်တို့ယုံကြည်သူ ခရစ်ယာန်များသည်လည်း နုညံသိမ်မွေ့သူများဖြစ်ကြရပါမည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုပ်ဖော်ပြပါသည်။

 

Add new comment

7 + 0 =