သနားကြင်နာခြင်းသည် ခရစ်ယာန်အသက်တာ နေထိုင်းခြင်းဖြစ်သည်

လောက၏ သွေးဆောမှုနောက်သို့ မလိုက်ဘဲ ခရစ်တော်၏ ကားတိုင်နောက်သို့သာလိုက်ရန် တိုက်တွန်းခဲ့ပါသည်။

သနားကြင်နာခြင်းသည် ခရစ်ယာန်အသက်တာ နေထိုင်းခြင်းဖြစ်သည်
စက်တင်ဘာ ၁၃၊ ၂၀၁၈

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-09...

#pope, #newness, #mass, #sinner, #humble, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၁၃ ရက် ကြာသပတေးနေ့ Casa Santa Marta တွင် ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် လောက၏ သွေးဆောမှုနောက်သို့ မလိုက်ဘဲ ခရစ်တော်၏ ကားတိုင်နောက်သို့သာလိုက်ရန် တိုက်တွန်းခဲ့ပါသည်။
ခရစ်ယာန်ဖြစ်ရခြင်းသည် မလွယ်ကူပါ ။ သို့သော် ကျွနု်ပ်တို့ဘဝကို သာယာပျော်ရွှင်စေပါသည်။ သနားကြင်နာခြင်းနှင့် အတွင်းစိတ်ငြိမ်းချမ်းမှုသည် ခရစ်ယာန်တို့၏ အသက်ရှင်နေထိုင်မှု့ဖြစ်ပါသည်။
ယနေ့ ရှင်လုကား ၆း၂၇-၃၈ တွင် ခရစ်ယာန်တို့အသက်ရှင်နေထိုင်ရမည့်အချက်လေးချက်ကို ဖော်ပြနေပါသည်။
~ သင်တို့၏ ရန်သူကိုချစ်ပါ
~ သင်တို့အား မုန်းသူကိုအကောင်းဖြင့်တုန့်ပြန်ပါ
~ သင့်တို့အား ကျိန်ဆဲသူကို မေတ္တာပို့ပါ
~ သင်တို့ အား ညင်းပမ်းနှိပ်စက်သူအတွက် ဆုတောင်းပေးပါ။
ခရစ်ယာန်အသက်တာသည် မကောင်းမှုများကိုဖြစ်ပေါ်စေသော သူတပါးအကြောင်းမကောင်းပြောခြင်း၊ သူတစ်ပါးကို မထီမဲ့မြင်စော်ကားခြင်း တို့တွင် ပါဝင်ပတ်သက်ခြင်းမပြုရပါ ။ မိမိကို စိတ်ပျက်စေသူ အနှောက်အရှက်ပေးသူတွေအတွက် အချိန်ရှာပြီးဆုတောင်းပေးပါ။ ၎င်း အသက်ရှင်နေထိုင်မှု့သည် ခရစ်ယာန်အသက်တာနေထိုင်မှုဖြစ်ပါသည်။
အထက်ဖော်ပြပါ အချက်လေးချက်ကို မလိုက်နာလျှင် ခရစ်ယာန်မဟုတ်တော့ဘူးလား။ ဆေးကြောခြင်းမင်္ဂလာအားဖြင့် သင်သည် ခရစ်ယာန်တော့ဖြစ်နေပါသေသည်။ သို့သော် ခရစ်ယာန်အသက်တာနှင့်အသက်ရှင်နေထိုင်သူတော့မဟုတ်ပါ၊ ဦးတည်ရာမဲ့၊ ကိုးကွယ်ရာမဲ့ အသက်ရှင်နေသူတဦးနှင့်တူနေပါမည်။
ခရစ်တော်နောက် အပြည့်အဝလိုက်ခြင်း၊ အဖခမည်းတော်၏ သားသမီးများ ဟုသတ်မှတ်သူတို့သည် နှုးညံ့သိမ်မွေ့သူများဖြစ်ကြပါသည်။ သနားကြင်နာတတ်သူသာ ဘုရားနှင့် တူသောသူ၊ သူတစ်ပါးကို မတရားစွပ်စွဲခြင်င်း မဟုတ်မမှန်ပြောခြင်းသည် နတ်ဆိုးအလုပ်ဖြစ်ပြီး ငြိမ်းချမ်းမှု ပျော်ရွှင်မှု စည်းလုံးမှုကို ဖျက်စီးစေသော အရာဖြစ်ပါသည်။ မိမအမှားကိုသာရှာဖွေ၍ ဘုရားသခင်၏ သနားကြင်နာမှုကိုရယူပါ။ တစ်ပါးသူ၏ အပြစ်ကိုမရှာပါနှင့်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။

 

Add new comment

6 + 3 =