"သနားကြင်နာခြင်းနှင့် ခွင့်လွှတ်ခြင်းသည် စစ်ပွဲများနှင့် ဒုက္ခဝေဒနာခံထမ်းခြင်းများကို ကြဉ်ရှောင်နိုင်ရန် ဆောင်ရွက်ပေး‌သည်။

"သနားကြင်နာခြင်းနှင့် ခွင့်လွှတ်ခြင်းသည် စစ်ပွဲများနှင့် ဒုက္ခဝေဒနာခံထမ်းခြင်းများကို ကြဉ်ရှောင်နိုင်ရန် ဆောင်ရွက်ပေး‌သည်။

"သနားကြင်နာခြင်းနှင့် ခွင့်လွှတ်ခြင်းသည် စစ်ပွဲများနှင့် ဒုက္ခဝေဒနာခံထမ်းခြင်းများကို ကြဉ်ရှောင်နိုင်ရန် ဆောင်ရွက်ပေး‌သည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် နေ့ရက်တိုင်းတွင် ထောက်ရှုရသော ဧဝံဂေလိတရားတော်မှ သနားဂရုဏာကင်းမဲ့သော အစေခံ၏ ပုံဥပမာကိုထောက်ရှု၍ ကျွန်ုပ်တို့သည် သူတစ်ပါးအား ခွင့်လွှတ်ရန်၊ ချစ်ရန် မကြိုးစားဘဲနေလျှင် ကျွန်ုပ်တို့သည်လည်း ခွင့်လွှတ်ခြင်းမရ၊ အချစ်မခံရသောသူများဖြစ်နိုင်ကြောင်း တနင်္ဂနွေနေ့၊ နေ့ခင်းအန်ဂျေလူးစ်မေတ္တာဆိုသည့်နေရာမှ မိန့်ကြားခဲ့သည်။

ခွင့်လွှတ်ခြင်းနှင့် ဂရုဏာသနားခြင်းသည် ကျွန်ုပ်တို့ နေထိုင်ကျင့်ကြံသောဘဝပုံစံ ဖြစ်မည်ဆိုပါလျှင် ကမ္ဘာမြေကြီးသည် ဒုက္ခဆင်းရဲခြင်းများနှင့် ဝေဒနာပေါင်းစုံမှ လွတ်ငြိမ်းမည်ဖြစ်ကြောင်းပြောကြားရင်း ခရစ်ယာန်များအား ဘုရားရှင်၏ သနားကြင်နာတတ်သောစိတ်ဓာတ်ကို အတုယူလိုက်ကျင့်ကြရန် တိုက်တွန်းခဲ့ပါသည်။

ရောမမြို့ရှိ စိန့် ပီတာရင်ပြင်၌ စုရုံးနေကြသော ပရိသတ်များထံ မိန့်ကြားရာ၌ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် (ရှင်မာတေဦး - ၁၈: ၂၁ - ၃၅)တွင် ဖော်ပြ‌ထားသော သနားဂရုဏာကင်းမဲ့သော အစေခံ၏ ပုံဥပမာကို ထောက်ရှုခဲ့ပါသည်။ ဘုရင်သည် အစေခံ၏ များပြားလှသောချေးငွေကို ပေးချေရန်အတွက် တောင်းပန်သောအခါအခွင့်ချမ်းသာပေးခဲ့သည်။ သို့သော် ထိုအစေခံသည် သူ့အား အခြားသောအစေခံမှ တော်ရုံမျှသောချေးငွေကို ပေးရန်တောင်းခံလာသောအခါ ၎င်းအစေခံအား ထောင်ချကာ ဒဏ်‌ပေးခဲ့သည်။

ဘုရင်သည် ထိုသတင်းကို ကြားသိသောအခါ သနားကြင်နာခြင်းမရှိသော အစေခံအား အပြစ်ဒဏ်ပေးခဲ့သည်။ "အကယ်၍ ခွင့်လွှတ်ခြင်းနှင့် ဂရုဏာသနားခြင်းသည် ကျွန်ုပ်တို့ကျင့်ကြံနေထိုင်သော ဘဝပုံစံဖြစ်နေပါလျှင် ဒုက္ခခံထမ်းခြင်း၊ ဝေဒနာခံစားနေရခြင်းနှင့် စစ်မက်ရေးရာများ မည်မျှပင်ရှောင်ကြဉ်နိုင်လိမ့်မလဲ?"

"တရားမျှတခြင်းသည် ဂရုဏာသနားခြင်းနှင့် ပြည့်နှက်၏"

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ဘုရားရှင်‌ရွှေစိတ်တော်ကို ကိုယ်စားပြုသော ဘုရင်၏စိတ်ဓာတ်နှင့် လူသားတို့၏စိတ်ဓာတ်ကို ဖော်ပြသော အစေခံ၏စိတ်ဓာတ်တို့ကို ထောက်ရှုခဲ့ပါသည်။

ဘုရားရှင်၏ ရွှေစိတ်တော်သည် ဂရုဏာသနားခြင်းနှင့် ပြည့်ဝ‌သော တရားမျှတခြင်းဖြစ်ရာ လူသားတို့၏ စိတ်ဓာတ်မှာမူ တရားမျှတမှုကို ကန့်သတ်‌ထားကြောင်း၊ သခင်ခရစ်တော်က အရာရာတိုင်းကို တရားမျှတခြင်းအားဖြင့်သာ ဆုံးဖြတ်၍မရနိုင်သောကြောင့် ကျွန်ုပ်တို့အား ခွင့်လွှတ်ခြင်း၏တန်ခိုးတော်၌ ရဲဝံ့စွာပါဝင်ကြရန် တိုက်တွန်းမိန့်မှာခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။ သနားခြင်းချစ်မေတ္တာသည် သခင်ခရစ်တော်ကို ပီတာက မိမိအားပြစ်မှားသောသူကို ဘယ်နှစ်ကြိမ်ခွင့်လွှတ်ရမည်ကို မေးသောအခါ သခင်ခရစ်တော်က ပြန်လည်ဖြေကြားသော အရာဖြစ်ကြောင်း၊ ကျမ်းစာ၏ အနက်အဓိပ္ပါယ်အရ ကျွန်ုပ်တို့သည် အစဉ်အမြဲခွင့်လွှတ်ရန် ဖိတ်ကြားထားခြင်းကိုဆိုလိုကြောင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က မိန့်ကြားခဲ့ပါသည်။

လူ့ပတ်ဝန်းကျင်၌ ဂရုဏာသနားခြင်း

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် "အကယ်၍ ခွင့်လွှတ်ခြင်းနှင့် ဂရုဏာသနားခြင်းသည် ကျွန်ုပ်တို့ကျင့်ကြံနေထိုင်သော ဘဝပုံစံဖြစ်နေပါလျှင် ဒုက္ခခံထမ်းခြင်း၊ ဝေဒနာခံစားနေရခြင်းနှင့် စစ်မက်ရေးရာများ မည်မျှပင်ရှောင်ကြဉ်နိုင်လိမ့်မည်" ကို ထောက်ရှုစဉ်းစားခဲ့ပါသည်။ "သနားခြင်းချစ်မေတ္တာကို လူသားတို့နှင့် ခင်မင်ရင်းနှီးစွာ ဆက်ဆံရာ၌ ထားသင့်ကြောင်း ဇနီးမောင်နှံများအကြား၊ မိဘနှင့် သားသ္မီးများအကြား၊ အသိုင်းဝိုင်းများအကြား၊ လူမှုအဖွဲ့အစည်းများအကြားနှင့် နိုင်ငံရေးများအကြားတွင်လည်း ကျင့်သုံးရန်လိုအပ်ကြောင်း မိန့်ကြားခဲ့ပါသည်။"

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က သူ့အား ထိမိစေသည့် တနင်္ဂနွေနေ့ ပထမကျမ်းစာတော်မြတ် နီတိဒေသနာကျမ်းထဲမှ ပထမစာကြောင်းဖြစ်သည့်" သင်၏ နောက်ဆုံးနေ့ရက်တို့ကို အောက်မေ့ဆင်ခြင်လျက် ရန်သူဟူသမျှကို ထားခဲ့လော့" ဟူသော စာပိုဒ်ကိုလည်း ဝေငှခဲ့ပါသည်။ အတိတ်မှ ရန်လိုမှုနှင့် အမျက်ဒေါသသည် ယင်ကောင်ကဲ့သို့ အနှောင့်အယှက်ပေးနိုင်ကြောင်း၊ ခွင့်လွှတ်ခြင်းသည် ခေတ္တခဏသာဖြစ်သော အရာမဟုတ်။ အမြဲလိုက်လာတတ်သည့် ရန်လိုမှုနှင့် ဒေါသအမျက်ကြီးမှုတို့ကို ဆန့်ကျင်၍ ဆက်တိုက်လုပ်ဆောင်နေသောအရာဖြစ်‌ကြောင်း၊ သို့သော်လည်း အတိတ်ကဖြစ်ရပ်များကို ပြန်လည်သုံးသပ်ခြင်းသည် ထိုမပြီးဆုံးနိုင်သောအရာကို အဆုံးသတ်အောင် အကူအညီပေးကြောင်း မိန့်ကြားခဲ့ပါသည်။

"ကောင်းကင်ဘုံမေတ္တာရွတ်ဆိုရာတွင် အပြစ်ခွင့်လွှတ်ကြရန် ဖိတ်ခေါ်ခြင်း"

ဤပုံဥပမာသည် (သံမာတေဦး - ၆:၁၂) တွင်ဖော်ပြသော ကောင်းကင်ဘုံမေတ္တာ၏ စာကြောင်းဖြစ်သော "ကျွန်ုပ်တို့အား ထိခိုက်သူကို ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါဟူသော" အနက်အဓိပ္ပါယ်ကို နားလည်သဘောပေါက်စေသည်။ "နီးစပ်သောသူကို ခွင့်လွှတ်ခြင်းတရား မပြသခဲ့လျှင် ကျွန်ုပ်တို့သည်လည်း ဘုရားရှင်ထံမှ ခွင့်လွှတ်ခြင်းတရားကို မတောင်းဆိုနိုင်ကြောင်း၊ တပါးသူအားခွင့်လွှတ်ရန်၊ ချစ်ရန် မကြိုးစားခဲ့လျှင် ကျွန်ုပ်တို့သည်လည်း ခွင့်လွှတ်ခြင်းမခံနိုင်၊ ချစ်ခြင်းမခံနိုင်ကြောင်း" ဤတိကျသော အမှန်တရားကို မိန်မြွတ်ခဲ့ပါသည်။

နောက်ဆုံးအနေဖြင့် ဘုရားရှင်ကို အကြွေးမည်မျှထားရှိကြောင်းနှင့် ကောင်းမြတ်ခြင်းနှင့် သနားကြင်နာခြင်းတို့အတွက် ကျွန်ုပ်တို့၏ နှလုံးသားများကို ဖွင့်ထားနိုင်ရန် လူတိုင်းအား မိမိကိုယ်ကို ဘုရား၏မယ်တော်လက်တွင် အပ်နှံကြရန် တိုက်တွန်းနှိုးဆော်ရင်း ဩဝါဒတရားတော်မြတ်ကို နိဂုံးချုပ်ခဲ့ပါသည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3ivgflG

Add new comment

9 + 0 =