သတင်းကောင်းဖြန့်ဝေခြင်း၊ ပျော်ရွှင်ခြင်း နှင့် ငြိမ်းချမ်းခြင်းများသည် သခင်ခရစ်တော်ပေးသော လက်ဆောင်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အပတ်စဉ်တွေ့ဆုံနေကြ တနင်္ဂနွေနေ့လူထုတွေ့ဆုံခြင်း အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်

သတင်းကောင်းဖြန့်ဝေခြင်း၊ ပျော်ရွှင်ခြင်း နှင့် ငြိမ်းချမ်းခြင်းများသည် သခင်ခရစ်တော်ပေးသော လက်ဆောင်
ဧပြီလ ၂၈၊ ၂၀၁၉

ပါစကားကာလ ဖတ်ရှုရသော သမ္မာ ကျမ်းစာ များထဲမှ တပည့်တော်များ စုရုံးနေသော အထက်အခန်းတွင် သခင်ခရစ်တော် တန်​ခိုးပြတော်မူသည့်အကြောင်း နှင့် သတင်းကောင်းဖြန့်ဝေခြင်း၊ ပျော်ရွှင်ခြင်း နှင့် ငြိမ်ချမ်းခြင်းများကို တပည့်​တော်များအတွက် သခင်ခရစ်တော်ပေးသော လက်ဆောင်အဖြစ် ပါစကားကာလ ဒုတိယ တနင်္ဂနွေနေ့ ရောမမြို့ စိန့်ပီတာ ရင်ပြင်တွင် အပတ်စဉ်တွေ့ဆုံနေကြ တနင်္ဂနွေနေ့လူထုတွေ့ဆုံခြင်း အန်ဂျေးလူးမေတ္တာရွတ်ဆိုခြင်း၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။

အပြစ်နှင့် သေခြင်းကို အောင်မြင်ခဲ့သော သခင်ခရစ်တော်က လူသားနှင့်ဘုရားကြား ပြန်လည်သင်မြတ်မူကိုဖော်ဆောင်ပေးခဲ့ခြင်းက အကြီးမားဆုံးသော ငြိမ်းချမ်းခြင်း ဆုကျေးဇူးတော်ဖြစ်တယ် ဒါကြောင့် သခင်ခရစ်တော်က တ​ပည့်​တော်ကြီးတွေကို သင်တို့၌ ငြိမ်သက်ခြင်း ရှိပါစေလို့ အစပြု နုတ်​ဆက်ခဲ့ခြင်းဖြစ်တယ်၊ ဒါကြောင့် သောမတ်စ်ရဲ့ မယုံကြည်မူကို ယုံကြည်ခြင်းအပြည့်အဝရှိဖို့ သူရဲ့ ဒဏ်ရာတော်တွေကို ပြသခဲ့တယ်။ အဲ့ဒီဒဏ်ရာတော်တွေဟာ လူသားတို့ ငြိမ်းချမ်းမူရဖို့ ဘုရားသားတော်ပေးဆပ်ခဲ့သော ကြီးမားသောချစ်ခြင်းမေတ္တာဖြစ်တယ်၊ ယင်းချစ်ခြင်းမေတ္တာ၌ သေခြင်းနှင့်အပြစ်ကို အောင်မြင်တော်မူခဲ့ခြင်းဖြစ်တယ်။

ဒုတိယ ကျေးဇူးတော်အဖြစ် သခင်ခရစ်တော်က တပည့်တော်ကြီးတွေအတွက် ပျော်ရွင်ခြင်း ကျေးဇူးတော်ကို ယူဆောင်ပေးခဲ့တယ်။ ဒါကြောင့် သမ္မာကျမ်းစာမှာ သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်မူကိုမြင်တွေ့ကြရသောကြောင့် တပည်​့​တော်ကြီးတွေ ပျော်ရွင်ဝမ်းမြောက်ခဲ့ကြတယ်လို့ဖော်ပြထားခြင်ဖြစ်တယ်၊ ဒါကြောင့် ဒီပါစကားကာလ သခင်ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းအားခရစ်ယာန်အားလုံးအတွက ်ကြီးမာသောဝမ်းမြောက်ရွှင်လမ်းမူ ဖြစ်တယ်။ သေခြင်းနှင့် အပြစ်ရဲ့ကျွန်ဘဝကို လွတ်မြောက်စေပြီး ထာဝရ အသက်ကို အာမခံ ဖွင်လှစ်ပြသပေးခဲ့သော ဝမ်းမြောက်ဖွယ်ရာ အချက်ဖြစ်တယ်။

ဒီ ငြိမ်းချမ်း ချင်း နှင့် ပျော်​ရွှင်ခြင်း ​သတင်းကောင်းဟာ တို့အတွက် ဝေမျှရမယ့်် ​​သာသနာပြု လုပ်ငန်းတစ်ခုဖြစ်လာတယ်။ သတင်းကောင်းသယ်ဆောင်ဝေမျှရမည့်တာဝန် ဟာ ယုံကြည်သူ ခရစ်ယာန်တိုင်းရဲ့ တာဝန်တစ်ခုဖြစ်တယ်။ ဒီသတင်းကောင်းကို ချစ်ခြင်းမေတ္တာ ဝေမျှခြင်း ငြိမ်းချမ်းခြင်း ပျော်ရွင်ခြင်းကျေးဇူးတော်တွေကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်မူ လမ်းညွှန်မူ့နဲ့ဝေမျှကြရမယ်။ သခင်ခရစ်တော်သည် အသက်ရှင်တော်မူသော ဘုရား အဖြစ်လက်ခံယုံကြည်သူတိုင်းသည် ပျော်ရွှင်ငြိမ်းချမ်းမူများကို ခံစားကြရမယ်။

 

https://www.vaticannews.va/en/pope/news/2019-04/pope-francis-regina-coel...

#pope, #generalaudience, #share, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 0 =