သတင်းကောင်းဖြန့်ဝေခြင်းကို အရေးတကြီး လိုအပ်သော အရာအဖြစ် လုပ်ဆောင်ကြဖို့ ပီးမေ (PIME) သာသနာပြုများကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ တိုက်တွန်း

ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ နိုင်ငံခြား သာသနာပြုအသင်း ပီးမေ (PIME)အသင်းဂိုဏ်းဝင်များ နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်တွေ့ဆုံခြင်

သတင်းကောင်းဖြန့်ဝေခြင်းကို အရေးတကြီး လိုအပ်သော အရာအဖြစ် လုပ်ဆောင်ကြဖို့ ပီးမေ (PIME) သာသနာပြုများကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ တိုက်တွန်း
မေလ ၂၀၊ ၂၀၁၉

ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ နိုင်ငံခြား သာသနာပြုအသင်း ပီးမေ (PIME)အသင်းဂိုဏ်းဝင်များ နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်တွေ့ဆုံခြင်းတွင် ဧဝံဂေလိ သတင်းကောင်းဖြန့်ဝေခြင်းအမှု၌ စိတ်အားထက်သန်မှုနှင့် အရေးတကြီး လိုအပ်သော အရာအဖြစ် လုပ်ဆောင်ကြဖို့ ပီးမေ (PIME) သာသနာပြုများကို တိုက်တွန်းခဲ့ပါသည်။

ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ နိုင်ငံခြား သာသနာပြုအသင်း ပီးမေ (PIIME) အသင်းဂိုဏ်းကို ဂုဏ်းချုပ်၊ ဂိုဏ်းအုပ် သာသနာနယ် ဘုန်းတော်ကြီးများ နှင့် သာသနာပြုလုပ်ငန်းကို မိမိဘဝတစ်ခုလုံး ဆက်ကပ် လုပ်ကိုင်သော သာမာန်လူဝတ်ကြောင် ဘာသာဝင်တို့ဖြင့် ၁၈၅၀ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ နိုင်ငံခြား သာသနာပြုအသင်း ပီးမေ (PIIME) အသင်းဂိုဏ်း၏ ၁၅ ကြိမ်မြောက် အထွေထွေညီလာခံတွင် သခင်ခရစ်တော်ကို မသိရှိသေးသူများကို ဝေးမျှဟောပြေားခြင်း အမှုသည် ဂုဏ်းချုပ်၊ ဂိုဏ်းအုပ် သာသနာနယ်အားလုံး နှင့် သက်ဆိုင်သော တာဝန်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ပြေားကြားခဲ့ပါသည်။

ဒီအသင်းဂိုဏ်းရဲ့သမိုင်းဟာသူ့အဖွဲ့ဝင်တို့၏ ဖြူစဉ်ခြင်းပါရမီ ကြောင့် ပိုမိုထွန်းတောက်လာခဲ့ခြင်းဖြစ်တယ် ပြီးနောက်​ သူတို့ထဲက ၁၉ ဦးဟာ ဘုရားသခင်အတွက် အသင်းတော်အတွက် အသက်ပေးသွားကြသော ဓမ္မအာဇာနည်တွေဖြစ်တယ်။ ဒါကြောင့် သင်တို့အသင်းဂိုဏ်ဟာ နိုင်ငံတကာမှာရှိနေကြသော ဘုန်းတော်ကြီးများ၊ သာသနာပြုလုပ်ငန်းမှာ ဘဝနှစ်​မြှုပ်​လုပ်ကိုင်နေသော သာမာန်လွတ်ဝတ်ကြောင်များ ပါဝင်သော သခင်ခရစ်တော်၏ နောက်လိုက်မိသားစုကြီးဖြစ်တယ်၊ သင်တို့ရဲ့သာသာနာပြုလုပ်ငန်းဟာ သင်တို့နှင့် လိုက်ဖက်သော ကျေးဇူးတော်ဖြစ်သလို သင်တို့အသင်းဂိုဏ်၏ ခေါ်တော်မူခြင်းလည်းဖြစ်တယ် ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပြောကြားခဲ့ပါသည်။

ယနေ့ကမ္ဘာကြီးအတွက် သာသနာပြုလုပ်ဆောင်ခြင်းမှာ လူတို့၏ ဘဝများ၊ အသင်းတော်၏ လုပ်ဆောင်နေမူှုအခြေအနေများ၊ ပိုမိုတိုးတက်ကောင်းမွန်လာအောင်ပြောင်းလည်း ပေးဖို့ ဘုရားသခင်အပေါ်မှာအပြည့်အဝယုံကြည်ပြီး ရဲရင့်သော စိတ်ဓာတ်ဖြင့် မကြောက်မရွံလုပ်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ တိုက်တွန်းခဲ့ပါသည်။ ။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-pime-missio...

#pope, #pime, #eveangelize, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

3 + 0 =