သတင်းစာဂျာနယ်လောကတွင် အမှန်တရား အရေးကြီးကြောင်း ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် မြွက်ကြား

ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်
သတင်းစာဂျာနယ်လောကတွင် အမှန်တရား အရေးကြီးကြောင်း ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် မြွက်ကြား
အောက်တိုဘာ ၂၉၊ ၂၀၁၈

အီတလီ နိုင်ငံ ကက်သလစ်အသင်းတော် ဘာသာရေးနှင့် နိုင်ငံရေး SIR သတင်းဌာန နှစ်သုံးဆယ်ပြည့် အခမ်းအနား နှင့်တွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ သတင်းထောက်များအား အမှန်တရားကို အမြဲ ပြောကြားရန် တိုက်တွန်းခဲ့ပါသည်။
နှစ်ပေါင်းသုံးဆယ်ဆိုတာ ရှည်ကြာတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ခရီးမဆုံးသေးပါဘူး၊ ဒါ့ကြောင့် ဒီသတင်းစာဌာနကိုတည်ထောင်ခဲ့ကြသော သူတို့၏ ရည်ရွယ်ချက်များဖြစ်သော အီတလီနိုင်ငံတဝှမ်းရှိ သာသနာနယ်များ သတင်းအချက်အလက်မှန်ကန်စွာရရှိရေး နှင့် လူမှုရေး ယျဉ်ကျေးမှုဆိုင်များ တပေါင်းတစည်းတည်းဖြစ်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖော်ဆောင်ခဲ့ကြသော လုပ်ငန်းစဉ်အပေါ် သစ္စာရှိစွာ ဆက်လက်လုပ်ဆောင်ကြစေလိုပါတယ်။ SIR သတင်းဌာနသည် မှန်ကန်သော သတင်းအချက်အလက် ထုတ်ပြန်မှုနှင့် သမာသမတ်ကျမှုသည် သတင်းဌာန အပေါ် ဆုံးဖြတ်ပေးသော အရာအဖြစ် အမျှော်အမြင်ထားလျှက် မျှော်လင်ခဲ့သူ SIR သတင်းဌာန ၏ ပထမဦးဆုံး ဥက္ကဌ ဖြစ်သူ Mons Guisseppe Cacciami ကို ရဟန်းမင်းကြီးမှ ချီးကျူးခဲ့ပါသည်။ Mons Guisseppe Cacciami ၏ ရည်ရွယ်ချက်သည် ယနေ့ခေတ် မမှန်မကန်သတင်းများကြားတွင် ယနေအထိအရေးကြီးသော ကဏ္ဍ အဖြစ်ပါဝင်နေသောကြောင့် ဆက်လက်ထိမ်းသိမ်းကြစေလိုကြောင်း၊ သင်တို့၏ ရည်ရွယ်ချက် အတိုင်း အမြဲတန်းအမှန်တရားကို ဦးတည်ပြီး သစ္စာရှိစွာ လုပ်ဆောင်ကြမှသာလျှင် မမှန်မကန် သတင်းဖော်ပြမှုများကို ပယ်ဖျက်ပေးနိုင်မည်ဖြစ်ကြောင်း အကြံပြုပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး SIR သတင်းဌာနမှ သတင်းထောက်များအား အမှန်တရားကို ထုတ်ဖော်နိုင်စွမ်းမရှိသူတို့အတွက် အမှန်တရားဖော်ထုတ်ပေးသူများဖြစ်ကြဖို့၊ သူတို့လုပ်ကိုင်နေရသော လုပ်ငန်းများတွင် ရဟန်းမင်းကြီးမှ သူတို့အတွက် နားထောင်ပေးဖို့ အဆင်သင့်ရှိနေကြောင်း၊ အဖွဲ့အစည်းများကြားတွင် ပေါင်းကူးတံတားအဖြစ် ကူညီလုပ်ဆောင်ပေးဖို့ အဆင်သင့်ရှိကြောင်းပြောကြားခဲ့ပါသည်။ ဗာတီကန် သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။

https://www.vaticannews.va/en/pope/news/2018-10/pope-francis-message-sir-truth-journalism-fake-news.html

#pope, #journalists, #truth, #popemessage, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

17 + 3 =