သင်တို့ကိုဘုရားက အခမဲ့ ချစ်ခဲ့သလို တပါးသူကိုလည်း အခမဲ့ ချစ်ခြင်းမေတ္တာ ဖြင့် အစေခံကြပါ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် Casa Santa Mata တွင် အင်္ဂါနေ့က ဟောကြားသော မစ္ဆားတရား

သင်တို့ကိုဘုရားက အခမဲ့ ချစ်ခဲ့သလို တပါးသူကိုလည်း အခမဲ့ ချစ်ခြင်းမေတ္တာ ဖြင့် အစေခံကြပါ
ဇွန်လ ၁၁၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် Casa Santa Mata တွင် အင်္ဂါနေ့က ဟောကြားသော မစ္ဆားတရား တွင် ဘုရားသခင်နှင့်ကျွနု်​ပ်တို့ရဲ့ ချစ်ခင်ရင်းနှီးမူဟာ မေတ္တာ သက်သက်သာဖြစ်တဲ့အတွက် သူရဲ့ကျေးဇူးတော်​ကို လက်ခံဖို့ တို့နှလုံးသားတွေ ဖွင့်ထားရန်သာ လိုအပ်ကြောင်း နှင့် ဘုရားက တို့အပေါ်မှာ မေတ္တာ ကြီးမားခဲ့သလို တို့ပတ်ဝန်းကျင်မှာ ရှိတဲ့ညီကိုမောင်နှမ တွေအပေါ်မှာလည်း ဘုရားပေးသလို ပြန်လည်ဝေမျှ ရန်လိုအပ်ကြောင်း သြဝါဒ မြွက်ကြားခဲ့ပါသည်။

သခင်ခရစ်တော်က တပည့်​​တော် ကြီးတွေကို သတင်းကောင်းဝေမျှရန် စေလွတ်ခဲ့တယ် ယခုလည်းပဲစေလွတ်နေတယ်၊ ဒါကြောင့် ခရစ်ယာန်တွေ ရပ်တန့်မနေသင့်ပါ။ သခင်ခရစ်တော်ကို နားထောင်ပြီး သာသနာခရီးလမ်းမှာ လျှောက်လှမ်းနေရမယ်၊လုပ်ရမယ်​့ တာဝန်​်ကို သခင်ခရစ်တော်က တို့ကိုပေးထားပြီးသားပါ (သင်တို့သွားကြစဉ် ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟု ဟောပြောကြလော့၊ ဖျားနာသောသူတို့ကို ကုသပေးကြလော၊ သေသောသူတို့ကိုရှင်ပြန်စေကြလော့၊ အနာကြီးရောဂါသည်တို့ကိုစင်ကြယ်ပျောက်ကင်းစေကြလော့၊ နတ်ဆိုးများကို နှင်ထုတ်ကြလော) ဒါတွေဟာ တို့လုပ်ရမယ်​့ တာဝန်တွေဖြစ်တယ်။

ခရစ်ယာန်အသက်တာဟာ အစေခံခြင်းဖြစ်တယ် သို့​သော်ဝမ်းနည်းစရာကောင်းတာက ပြောင်းလဲ စဉ်တခဏတာသာ အစေခံခြင်းမှာရှင်သန်ကြပြီး မကြာခင်မှာပဲ တပါးသူကို အစေခံခိုင်းကြသူတွေဖြစ်လာကြတယ်၊ အဲတာက ဘုရားရဲ့သားသမီးတွေကို ပိုမိုနာကြင်စေတဲ့ ခရစ်ယာန်အပြုအမူပဲ၊ တို့ဘဝက အစေခံဖို့ပါ၊ သူတပါးကို အစေခိုင်းဖို့မဟုတ်ဘူး။

ခရစ်ယာန် အသက်တာဟာ မေတ္တာတရား အသက်တာဖြစ်တယ်၊ ကယ်တင်းခြင်းရဲ့အဓိကအချက်ကို သခင်ခရစ်တော်ပြောခဲ့တယ် အဲ့တာက အဖိုးအခမပေးဘဲ သင်တို့ရခဲ့သလို အဖိုးအခမယူဘဲ ပြန်ပေးကြပါ ဆိုတာပါပဲ။ အဲ့ဒါက ကယ်တင်ခြင်းရဲ့ အဓိကအချက်ပဲ။ ကယ်တင်ခြင်းဆိုတာဝယ်ယူလိုမရဘူး၊ အလကားရခဲ့သလို၊ အခပေးဖို့လည်းမလိုအပ်ခဲ့ပါဘူး။ ဘုရားက အဲ့လိုပေးခဲ့သလို တို့လည်း အဲ့လိုပြန်ပေးရမယ်။

ဘုရားသခင်စီမှာ သင့်အတွက် ကျေးဇူးတော်အပြည့်အဝရှိတယ်၊ သင်နှလုံးသားလေးဖွင့်ထားပေးဖို့ပါပဲ၊ တခါတလေမှာ ဆုတောင်းပေးခြင်း၊ နိုဗီနာလုပ်ပေးခြင်းတွေဟာ ဝယ်တာရောင်းတာ မဟုတ်ဘူးဆိုတာ သဘော​ပေါက်ရမယ်၊ ဘုရားကျေးဇူးတော်က သင့်အတွက် အမြဲအလကား ပေးနေတဲ့အရာဖြစ်တယ်။ ဒါလုပ်ပေးလို ဒါပေးရမယ်ဆိုတာမဟုတ်ဘူး။ နှလုံးသားဖွင့်ထားတတ်​​အောင်​ကြိုးစားကြပါ။

ဘုန်းတော်ကြီးတွေ ဆရာတော်တွေ ဘုရားရဲ့ကျေးဇူးတော်ကို အလကားဝေမျှပေးကြဖို့၊ သတိပေးလိုတယ်။ ဘုရားကျေးဇူးတော်ကိုငွေနဲ့လဲလှယ်နေကြတဲ့ သိုးထိန်​းတွေကိုမြင်ရတာ ရင်နာတယ်။ ဟောကြားကြပါ၊ အစေခံကြပါ သို့သော် ကိုယ်ကျိုးအတွက် အသုံးအချကြပါနဲ့၊ အစေခံကြပါ ပေးကြပါ သင်တို့အလကားရခဲ့သလို အလကားပြန်ပေးကြပါ။ တို့ရဲ့ နှလုံးသာတွေဖွင့်ထားနိုင်ပြီး ဘုရားရဲ့ မေတ္တာ ကျေးဇူးတရား​တွေနဲ့ပြည့်ဝကြပါစေ။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2019-06...

#pope, #casasantamata, #homily, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 1 =