သင့်ဆုတောင်းသံကို ဘုရားသခင်နားထောင်တော်မူတယ် သို့သော် သူပေးသောအချိန်ကိုစောင့်ပါ

သင့်ဆုတောင်းသံကို ဘုရားသခင်နားထောင်တော်မူတယ် သို့သော် သူပေးသောအချိန်ကိုစောင့်ပါ
ဇန်နဝါရီ ၉၊ ၂၀၁၉

 

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရား သင်ကြားခြင်းတွင် ကျွနု်​ပ်တို့၏ ဆုတောင်းခြင်းများကို ဘုရားသခင်နားထောင်တော်မူတယ်။ သို့သော် ကျွနု်​ပ်တို့ရချင်သောအချိန်မဟုတ် သူပေးသောအချိန်ကို လက်ခံရမည်​သာဖြစ်ပါသည်။ ဘုရားသခင်ပေးသောအချိန်နှင့် ကျွနု်​ပ်တို့လိုချင်သော အချိန်မတူနိုင်ကြောင်းကို သတိပေး သင်ကြားခဲ့ပါသည်။

မကြာခဏမေးတတ်​ကြတယ် ဘုရားသခင်ငါဆုတောင်းတာ ဘာလို့မပေးတာလဲ၊ ဘုရားသခင်က သင်ရဲ့ဆုတောင်း ခြင်​းကို ဇွဲလုံ့လ ရှိစေချင်တာကိုလည်း နာလည်ရမယ်။ ဘယ်အချိန်ဘုရားသခင်ပေးမှာလဲ ဆိုတာ ကျွနု်​ပ်တို့မသိဘူး ကျွနု်​ပ်တို့လိုချင်တဲ့အချိန်သာကျွနုပ်တို့​ပြောကြတာ ဘုရား ပေးမဲ့အချိန် ဘယ်တော့လဲ ဆိုတာကျွနု်​ပ်တို့မသိနိုင်ဘူး။ သခင်ခရစ်တော်ရဲ့ အသက်​တာတစ်ခုလုံးဟာ ဆုတောင်းခြင်း အသက်တာဖြစ်တယ်၊ သူရဲ့လုပ်ဆောင်မူတိုင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မူဖြစ်တယ်၊ သန့်ရှင်းသောဝိညာဉ်တော် ရဲ့ဦးဆောင်မူ၌ အသက်ရှင်သော အသက်တာဟာ ဆုတောင်းခြင်​းအသက်တာဖြစ်တယ်။

 

သခင်ခရစ်တော်ရဲ့နောက်လိုက်တပည့်​တော်ကြီးတွေက သခင်ခရစ်တော်ကို ဘယ်လိုဆုတောင်းရမလဲ သင်ပေးပါလို့ပြောတဲ့အချိန်မှာ ကောင်းကင်ဘုံမေတ္တာကို သင်ပေးခဲ့တယ်။ သခင်ခရစ်တော် ကောင်းကင်ဘုံ၌မေတ္တာ သင်ပေးပြီးတဲ့အချိန်မှာ ပုံဥပမာ နှစ်ခုကိုဟောကြားခဲ့တယ်။ အဲ့ဒါက အိမ်နီးနားချင်းမိတ်ဆွေတစ်ဦးဆီ ညသန်းခေါင်အချိန် သူများအိပ်ယာထဲ​ရောက်နေချိန်မှာ မိမိဧည့်သည်အတွက်ကြွေးစရာမရှိလို့ သွားတောင်းတဲ့အကြောင်း၊ တောင်းတဲ့သူက ဇွဲရှိရှိနဲ့တောင်းခဲ့တဲ့အတွက်ရရှိခဲ့သည်။ ပုံဥပမာတစ်ခုနဲ့၊ နောက်တစ်ခုက သားသည် ငါးကိုတောင်လျှှင် အဖသည် မြွေကိုပေးမည်လောဟူသော ဥပမာနှစ်ခုကိုဟောကြားခဲ့တယ်၊ သခင်ခရစ်တော်ဆိုလိုချင်တာက ဆုတောင်းတဲ့နေရာမှာ ဇွဲရှိဖို့နဲ့ အဖခမည်းတော်သည် သားသမီးကို ချစ်သော ဖခင်ထက်ပိုသော မေတ္တာ ဖြင့်ကျွနု်​ပ်တို့ကို ချစ်ကြောင်း ဖော်ပြနေခြင်းဖြစ်တယ်။ ဘုရားသခင်သည် ကျွနု်​ပ်တို့၏ ဆုတောင်းမေတ္တာ ကို ဘယ်သောအခါမှ မမေ့မလျှော့ကြောင်း ဆုတောင်းသမျှကိုပေးမည်ဖြစ်ကြောင်း ဘုရားပေးသော အချိန်ကိုသာစောင့်နေရန်ဖြစ်ကြောင်း သွန်သင်ခဲ့ပါသည်။

 

သခင်ခရစ်တော်က ကျွနု်​ပ်တို့ဆုတောင်းတဲ့အခါမှာ ဇွဲရှိစေချင်တယ်၊ ဆုတောင်းခြင်းဟာ ဘုရားသခင်ကိုအချိန်ပေးခြင်း၊ အားကိုးယုံကြည်ခြင်းကိုဖော်ပြတာဖြစ်တယ်။ ဘုရားသခင်က လိုအပ်တာကိုပေးတယ်၊ ဘုရားကလိုအပ်တာပေးတာကို လက်မခံနိုင်တဲ့ လူတွေရဲ့နှလုံးသားတွေသာပြောင်းလဲသွားကြခြင်းဖြစ်တယ်၊ တောင်းသမျှဆုတိုင်းကို ဘုရားသခင်ပေးနေတယ်။ အထက်မှာပြောခဲ့သလို သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏ ဦးဆောင်မူကို ဘုရားလူတိုင်းကိုပေးနေတယ်။ သန့်ရှင်းသောဝိညာဉ်တော် ဘုရားဦးဆောင်တဲ့အသက်တာဟာ ဆုတောင်းခြင်​းအသက်တာဖြစ်တယ်။ ဘုရားပေးသောအရာဟာ သင့်အတွက် အကောင်းမွန်ဆုံးအရာဖြစ်တယ်၊ ဒါပေမဲ့ ဘုရားပေးမယ်​့အချိန်ကိုပဲ သည်းခံစောင်ရမယ်ဆိုတာ သတိရပါ။ စစ်မှန်သော ပြည့်ဝပျော်ရွှင်ခြင်းကို ဘုရားက ပေးလိမ့်မယ်။

 

https://www.vaticannews.va/en/pope/news/2019-01/pope-francis-audience-ou...

#generalaudience, #pope, #encourage, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 0 =