သခရစ်တော်နှင့် တွေ့ဆုံခြင်းဆိုသည်မှာ စိတ်နှလုံးသား၏ ငြိမ်းချမ်းခြင်းကို ရှာဖွေ တွေ့ရှိခြင်းဖြစ်သည်။

သခရစ်တော်နှင့် တွေ့ဆုံခြင်းဆိုသည်မှာ စိတ်နှလုံးသား၏ ငြိမ်းချမ်းခြင်းကို ရှာဖွေ တွေ့ရှိခြင်းဖြစ်သည်။

သခရစ်တော်နှင့် တွေ့ဆုံခြင်းဆိုသည်မှာ စိတ်နှလုံးသား၏ ငြိမ်းချမ်းခြင်းကို ရှာဖွေ တွေ့ရှိခြင်းဖြစ်သည်။

"ကောင်းကင်ဘုံ၏ ဘုရင်မ (Regina Caeli)" မေတ္တာ ဆိုသည့်နေရာမှ ပုပ်ရဟန်း မင်း ကြီး ဖရန်စစ်သည် တနင်္လာ နေ့ ၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသတင်းကို ပြောကြားခြင်းနှင့် ကောင်း ကင်တမန်တော်၏ အဆင်း သဏ္ဍာန်အကြောင်းကို မြွက် ကြားခဲ့ရာတွင် သခင်ခရစ် တော်ကို ရှာဖွေ တွေ့ရှိခြင်းသည် စိတ်နှလုံးသား၏ ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က "သခင်ခရစ်‌တော်ရှင်ပြန်ထမြောက်ပြီး ခရစ် တော် ၏ သင်္ချိုင်းတော်သို့ ရောက်ရှိလာကြသော အမျိုးသ္မီးများနှင့် ကောင်းကင်တမန်တော်တို့တွေ့ဆုံသည့်အကြောင်းကို တနင်္လာနေ့တွင် ပြန်လည်ထောက်ရှုကြသောကြောင့် ၎င်းတနင်္လာနေ့ကို "ကောင်း ကင်တမန်တော်၏ တနင်္လာ နေ့"ဟူ၍ ခေါ်ဆိုကြကြောင်း မိန့်ကြားခဲ့ပါသည်။ ကောင်းကင်တမန်တော်က ၎င်းအမျိုးသ္မီးတို့အား ကားတိုင်ပေါ်တွင် အသက်ပေးခဲ့သော သခင်ကို သင်တို့ ရှာ ဖွေနေကြကြောင်းကို ကျွန်ုပ်သိပါသည်။ ထိုသခင်သည် ရှင်ပြန်ထမြောက်ခဲ့ပြီဖြစ်၍ ဤနေရာ၌မရှိတော့ပြီ။"ဟူ၍ မိန့်ကြားခဲ့သည်။ "ရှင်ပြန်ထ မြောက်ခြင်း" ဆိုသည်မှာ လူ သားတို့ တတ်နိုင်သည့် အစွမ်း ၏ သာလွန်သည့် အခြားတစ် ဖက်၌ ရှိခြင်းကို ဖော်ပြခြင်းဖြစ်သည်။ သင်္ချိုင်းတော်သို့ သွားရောက်ခဲ့ကြသည့် အမျိုးသမီးများပင်လျှင် သင်္ချိုင်းတံခါးကြီးသည် ဖွင့်လျက် သင်္ချိုင်းတွင်း၌ မည်သည့်အရာမျှမတွေ့ရှိခဲ့သော် လည်း သခင်ခရစ်တော် ရှင်ပြန်ထမြောက်တော်မူကြောင်းကို ဝန်မခံနိုင်ခဲ့ပေ။ သို့သော် သင်္ချိုင်းတော်သည် ဗလာနတ္တိရှိနေကြောင်းကိုသာလျှင် ဝန်ခံခဲ့ကြသည်။ "မယ်ရီ" ထံသို့ သား ယော က်ျားကို ဖွားမြင်၍ ထိုသူသည် အမြင့်ဆုံးသော ဘုရား၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရမည့်အကြောင်း၊ သတင်းကောင်းပန်ကြားသော ကောင်းကင်တမန်ကသာ ခရစ်တော် ရှင်ပြန်ထမြောက်တော်မူကြောင်းကို မိန့်ကြားနိုင်ခဲ့သည်။ "ဘုရားရှင်၏ ကြားဝင်ခြင်း" ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဧဝံဂေလိကျမ်းရေးစရာ မာတေဦးသည် အီစ္စတာမနက်၌ "ဘုရားရှင်၏ ကောင်းကင်တမန်တော်သည် ကောင်းကင်မှ ဆင်းသက်လာသဖြင့် ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ကာ သင်္ချိုင်းကို ပိတ်ဆို့ထားသော ကျောက်တုံးကြီးသည် ပြန်လိမ့်သွားခဲ့သည်" ဟူ၍ ပြောပြထားကြောင်း မှတ်ချက်ချခဲ့သည်။ ထိုကြီးမားသော ကျောက် ဆောင်ကြီးသည် မကောင်းမှုနှင့် သေခြင်းတရား၏ အောင် မြင်ခြင်းတံဆိပ်ဖြစ်ပြီး ၎င်းသည် ကောင်းကင်တမန်၏ ခြေရင်း၌ ရှိနေခြင်းသည် ဘု ရားရှင်၏ တမန်တော် ခြေချရာဖြစ်သည်။" ဟူ၍ ရှင်းပြခဲ့သည်။ သခင်ခရစ်တော်၏ ရန်သူများနှင့် နှိပ်စက်ခဲ့သူများ၏ အကြံအစဉ်နှင့် ခုခံမှုများသည် အချည်နှီးသက်သက်သာ ဖြစ်သွားခဲ့သည်။ သင်္ချိုင်းရှေ့တွင် ကျောက်ဆောင်ပေါ်ထိုင်နေသော ကောင်းကင်တမန်၏ ပုံရိပ်သည် မကောင်းမှုအပေါ် ဘုရားရှင်၏ အောင်နိုင်ခြင်း၊ သခင်ခရစ်တော်၏ ဤလော ကသား ဘုရင်အပေါ်အောင်နိုင်ခြင်း၊ အမှောင်ကို အလင်းမှ အောင်နိုင်ခြင်းလက္ခဏာပုံရိပ်ဖြစ်သည်။ "တုံ့ပြန်ခြင်းနှစ်မျိုး" ဘုရားရှင်ဘက်မှ ကြားဝင်ခြင်းကို ပြသော တုံ့ပြန်ခြင်းနှစ်မျိုးရှိကြောင်း ပုပ်ရဟန်မင်းကြီးအရှင်သူမြတ်က မိန့်ကြားခဲ့သည်။ ပထမအချက်မှာ အစောင့်စစ်သားများဖြစ်သည်။ သူတို့သည် ဘုရားရှင်၏ ဘုန်း တန်ခိုးတော် အောင်နိုင်ခြင်းကို ရင်မဆိုင်ရဲကြပေ။ မြေကြီးတွင်းမှ ငလျင်လှုတ်ခတ်မှုကြောင့် သူတို့သည် တုန် လှုပ်၍ လူသေများကဲ့သို့ ဖြစ်သွားခဲ့သည်။ ရှင်ပြန်ထ မြောက်ခြင်း ဘုန်းတန်ခိုးတော်သည် သေခြင်း၏ ထင် ရှားသော အောင်မြင်မှုကို အာ မခံရန် အသုံးချခံရသူများကို ဖြုတ်ချခဲ့သည်။ ဒုတိယ အချက်မှာ အမျိုးသမီးများ၏ တုံ့ပြန်မှုဖြစ်သည်။ ၎င်းအမျိုးသမီးများသည် ကောင်းကင်တမန်တော်မှ ကြောက်ရွံ့ခြင်းမရှိရန် နှင့် သင်္ချိုင်းတော်တွင် သခင်ခရစ်တော်အား ရှာဖွေခြင်းမပြုရန် မှာကြားထားသည်မှာ အလွန်ထူးခြားသည်" ဟု ဖော်ပြခဲ့သည်။ ကောင်းကင်တမန်များထံမှ သင်ခန်းစာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ကျွန်ုပ်တို့သည် ကောင်းကင် တမန်တော်များ၏ မိန့်ကြားသော စကားလုံးများထဲမှ တန်ဖိုးရှိသော အရာများကို ရယူနိုင်သည်။ ဟူ၍ မှတ် ချက်ချခဲ့သည်။ "သူ့ကို တွေ့ရှိသောသူတိုင်းအား ကြွယ်ဝသော အသက်တာကို ပေးသနားသည့် ရှင်ပြန်ထမြောက်သော ခရစ်တော်ကို ကျွန်ုပ်တို့သည် မမောမပန်း ရှာဖွေသင့်သည်။ ဧဝံဂေလိကျမ်းစာမှ ထိုအမျိုးသမီးများသည် အစပိုင်းတွင် သူတို့၏ ယုံကြည်ခြင်းများတုန် လှုပ်သွားခဲ့သော်လည်း သူတို့၏ သခင်သည် အသက်ရှင်လျက်ရှိကြောင်း တွေ့ရှိပြီးသည့်နောက် ကြီးမြတ်သည့် ဝမ်းမြောက်ပျော်ရွှင်ခြင်းကို တွေ့ကြုံခံစားခဲ့ကြရသည်။" ဟူ၍ မိန့်ကြားခဲ့သည်။ ရဟန့်မင်းကြီးက "ဤအီစ္စတာကာလ၌ ကျွန်ုပ်၏ ဆန္ဒမှာ- ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသဖြင့် သေခြင်းတရားသည် သူ့အပေါ်၌ မည်သည့်တန်ခိုးမျှမရှိပေ။ ဟူသော အီစ္စတာ၏ ဝမ်းမြောက်ဖွယ်ရာ သတင်းကို ကျွန်ုပ်တို့မိသားစု၌ သော် လည်းကောင်း ကျွန်ုပ်တို့ အိမ်များ၌သော် လည်းကောင်း၊ ကျွန်ုပ်တို့၏ စိတ်နှလုံးသားများ၌သော်လည်းကောင်း ကြို ဆိုသော တူညီသည့် ဝိညာဉ်ရေးအတွေ့အကြုံများ ရှိစေလိုသည်။" ဟူ၍ မိန့်ကြားခဲ့သည်။" နောက်ဆုံးတွင် ပုပ်ရဟန်း မင်းကြီး အရှင်သူမြတ်က ဤအဖြစ်မှန်ကသာလျှင် ကျွန်ုပ်တို့အား ယနေ့နှင့် အီစ္စတာကာလတစ်လျှောက် ဆု တောင်းရန် တိုက်တွန်းနေ သည်။ "ပထမဦးစွာ မယ်ရီအား ကောင်းကင်တမန်တော် ဂယ်ဗြီအယ်လ်မှ "ဂုဏ်ကျေးဇူးတော်နှင့်ပြည့်သော မယ်ရီ ဝမ်းမြောက်ရွှင်လန်းခြင်းရှိလော့" ဟူ၍ နှုတ်ဆက်ခြင်းကို (သံလုကား ၁:၂၈) ၌ ဖော်ပြထားသည်။ ယခုတွင် မယ်ရီ၏ ဝမ်းမြောက်ခြင်းသည် ပြီးပြည့်စုံလေပြီ။ "ယေဇူးသည် အသက်ရှင်၏။ ချစ်ခြင်းမေတ္တာသည် အောင်နိုင်ခဲ့ပြီ။" "ဤအရာသည် ကျွန်ုပ်တို့၏ ဝမ်းမြောက်ခြင်းဖြစ်ပါစေ။" ဟူ၍ မိန့်ကြားကာ ဩဝါဒတရားတော်ကို နိဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန်-Sr.Lucy Ciang,SJA 

https://bit.ly/2OyT7ci 

#PopeMessage #Easter #Angels #resurrection

Add new comment

1 + 5 =