သခင်ယေဇူး အကြောင်း အားလုံးကို ကျွန်ုပ်တို့ သိကြပြီလို့ ထင်ပါသလား။

သခင်ယေဇူး အကြောင်း အားလုံးကို ကျွန်ုပ်တို့ သိကြပြီလို့ ထင်ပါသလား။

ကျွန်ုပ် ဘုရားစကားသင်ပြီးပြီ ဓမ္မဗေဒလည်း တက်ထားတယ်။ ကျွန်ုပ် သခင်ယေဇူး အကြောင်း အားလုံးကို သိထားပါတယ်။ ဟုတ်ပါတယ်။ အရူးတစ်ယောက်လိုပဲ။ မမိုက်မဲ စမ်းပါနဲ့၊ သခင်ယေဇူးကို သင်မသိပါဘူး။

 

ခရစ်ယာန်ဖြစ်တာ နှစ်ပေါင်းကြာပြီမို့ ကျွန်ုပ်တို့သခင်ယေဇူးကို ကောင်းကောင်း သိတယ် ထင်ပါလိမ့်မယ်၊ ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်နဲ့ ဆုံးဖြတ်မှုတွေမှာ အဲလိုမျိုး မကြာခဏ ထင်ကောင်းထင်ပါလိမ့်မယ်။ ကျွန်ုပ်တို့ သခင်ယေဇူးကို သိသလိုလိုနဲ့ ကျင့်သားရနေတာ အန္တရာယ်ဖြစ်စေပါတယ်။ ဒီလိုနည်းနဲ့ ကျွန်ုပ်တို့ ဘယ်လို ကျင့်သား ရကြမလဲ။ 

 

သခင်ယေဇူးက တံခါးခေါက်ပြီး ကျွန်ုပ်တို့ကို အသစ်အဆန်းတွေ မေးနေပေမဲ့လည်း ကျွန်ုပ်တို့ မိမိကိုယ်ကို ပိတ်လှောင်ထားကြတယ်။ သခင်ယေဇူး ကျွန်ုပ်တို့ အထဲကို ဝင်ရောက်ချင်နေတာ ဖြစ်တယ်။ ကျွန်ုပ်တို့ တကယ်သိသလိုလို လုပ်နေတာကနေ ရပ်တန့်ပစ်လိုက်ပါ။

 

သခင်ယေဇူးက ကျွန်ုပ်တို့ရဲ့ နှလုံးသားကို ရိုးရှင်းစွာ ဖွင့်ထားကြဖို့ တောင်းဆို နေပါတယ်။ လူတစ်ဦးမှာ ရိုးရှင်းစွာ ဖွင့်ထားတဲ့ နှလုံးသားရှိလာချိန် သူ့မှာ အံ့သြဖွယ်ရာကို ရင်သပ်ရှုမောဖြစ်နိုင်ဖို့ စွမ်းရည် ရှိလာပါတယ်။ သခင်ယေဇူး ကျွန်ုပ်တို့ကို အမြဲတမ်းရင်သပ်ရှုမောဖြစ်စေတယ်၊ အဲဒါဟာ သခင်ယေဇူးနဲ့ တွေ့ဆုံခြင်းရဲ့ အလှတရား ဖြစ်ပါတယ်။

 

✍️ထန်းဟာ,SJ 

#rvamyanmar #rvapastoralcare #PopeFrancisMessage #KnowningJesus 

Add new comment

2 + 1 =