သခင်ယေဇူးသည် မိမိ၏တပည့်တော်များအား လက်ဆောင်တကာတို့ထက်မြတ် သောလက်ဆောက်ကို ပေးရန် ကတိထားတော်မူခဲ့သည်

သခင်ယေဇူးသည် မိမိ၏တပည့်တော်များအား လက်ဆောင်တကာတို့ထက်မြတ် သောလက်ဆောက်ကို ပေးရန် ကတိထားတော်မူခဲ့သည်

သခင်ယေဇူးသည် မိမိ၏တပည့်တော်များအား လက်ဆောင်တကာတို့ထက်မြတ် သောလက်ဆောက်ကို ပေးရန် ကတိထားတော်မူခဲ့သည်

ခမည်းတော်ဘုရား ထံမှ သင်တို့ထံ သို့ ငါ စေလွှတ် မည့် ကူညီစောင်မသူတည်း ဟူသော သမ္မာတရား နှင့် သက်ဆိုင် သည့် ဝိညာဉ်တော် သည် ခမည်းတော် ထံမှ ထွက်ပေါ်လာ ၍ ကြွလာ တော်မူ သော အခါ။... ” (ယော ၁၅း ၂၆) ဤစကားများဖြင့် သခင်ယေဇူးသည် မိမိ၏တပည့်တော်များအား သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသော နောက်ဆုံးသော လက်ဆောင်၊ လက်ဆောင်တကာတို့ထက်မြတ် သောလက်ဆောက်ကို ပေးရန် တပည့်တော်တို့အား ကတိထား တော်မူခဲ့၏။ ယေဇူးသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားအား ဖော်ပြရန် "အကူအညီပေးသူ" ဟူသော ထူးခြားဆန်းကြယ်သော စကားလုံးကိုအသုံးပြုတော်မူခဲ့၏။ ဘာသာပြန်ဆိုရန် မလွယ်ကူသည့်ဤစကားလုံးကိုယနေ့ကျွန်ုပ်တို့ပြန်လည်သုံးသပ်ကြပါစို့၊ ၎င်းတွင်အဓိပ္ပါယ်များစွာရှိ၏။ အခြေခံအားဖြင့် ဆိုရပါလျှင် "နှစ်သိမ့်သူနှင့်ထောက်ခံသူ" ဟူ၍ နှစ်မျိုးအဓိပ္ပါယ်ရပါသည်။ 

အဆိုပါ " ပါရာကလဲတ် (Paraclete)" သည် နှစ်သိမ့် ပေးသူဖြစ်သည်။ အထူးသဖြင့် လက်ရှိဖြစ်ပွားနေသောရောဂါကူးစက်မှုကြောင့် ကျွန်ုပ်တို့အားလုံးသည် ခက်ခဲသောအချိန်များတွင် နှစ်သိမ့်မှုကိုရှာဖွေကြသည်။ မကြာခဏဆိုသလိုကျွန်ုပ်တို့သည် လျင်မြန်စွာ ညှိုးနွမ်းသွားမည့် လောကစည်းစိမ်များသို့ လှည့်လေ့ရှိသည်။ ယနေ့တွင် သခင်ယေရှုသည် ကျွန်ုပ်တို့အား  နှစ်သိမ့်မှုပေးသူတို့တွင် အကောင်းဆုံးသော နှစ်သိမ့်ပေးသည့်အရှင် "သန့်ရှင်းသောဝိညာဉ်တော် ဘုရားအား ပေးသနားခဲ့သည်။  ခြားနားချက်ကဘာလဲ?  လောက၏ သက်တောင့်သက်သာရှိခြင်းသည်နာကျင်မှုကိုဖြေလျှော့‌စေသည့်အရာနှင့်တူ၏။ အနာကို ချက်ချင်းသက်သာရာပေးနိုင်သော်လည်း အတွင်းထဲ၌ပါလာသည့် ရောဂါကိုမူ ပျောက်ကင်းအောင်မကုသနိုင်ပေ။ လောစည်းစိမ်သည် ကျွန်တော်တို့ကို နှစ်သိမ့်မှုပေးနိုင်သော်လည်း အဓိကအချက်ကို မူ မကုသပေးနိုင်ချေ။ သူတို့သည် အာရုံခံနိုင်သောအဆင့် မျက်နှာပြင် ပေါ်တွင် အလုပ်လုပ်နိုင်သော်လည်းကျွန်ုပ်တို့၏နှလုံးကိုမူ ထိခဲ၏။ ကျွန်ုပ်တို့ အားအရှိကို အရှိတိုင်း ချစ်မြတ်နိုးကြောင်း ခံစား‌သိရှိအောင် ပြုလုပ်နိုင်သူများသာလျှင် ကျွန်ုပ်တို့၏ စိတ်နှလုံးသားကို ငြိမ်းချမ်းစေနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ချစ်ခြင်းမေတ္တာတော်ဖြစ်သော သူလျှင် ထိုအရာကို အတိအကျ ပြုလုပ်နိုင်သည်။ သူသည်ကျွန်ုပ်တို့အတွင်း၌ဆင်းသက်လာသည်။ သူသည်“ စိတ်နှလုံးထဲ၌” ဆင်းသက်လာပြီး ကျွန်ုပ်တို့၏ စိတ်ဝိညာဥ်ထဲ၌ လှုပ်ရှားနေသည်။ သူသည် စိတ်ဝိညာဉ်၏ ဆီးကြိုရန် အထိုက်တန်ဆုံး သော ဧည့်သည်ပမာ ကျွန်ုပ်တို့၏ နှလုံးသားအထဲ၌ ဆင်းကြွလာ၏။ သူသည် ကျွန်ုပ်တို့အား စွန့်ပစ်တော်မမူသောဘုရားရှင်၏ မေတ္တာတော်ဖြစ်၏။  တစ်ဦး‌တစ်ယောက်တည်းသာ နေသောသူတို့အထဲ၌ တည်ရှိနေခြင်းသည် နှစ်သိမ့်ခြင်း၏ အရင်းအမြစ်ဖြစ်၏။

ချစ်လှစွာသောညီအစ်ကို၊ မောင်နှမအပေါင်းတို့ အကယ်၍ သင်တို့သည်  အထီးကျန်မှုအမှောင်ထုကိုခံစားရမည်ဆိုလျှင်၊ အကယ်၍ သင်တို့အထဲက အတားအဆီးက သင်တို့၏ မျှော်လင့်ခြင်းလမ်းကို ပိတ်ဆို့ထားခဲ့မည်ဆိုရင်၊ သင်တို့ရဲ့နှလုံးသားဟာ ဒဏ်ရာတွေနဲ့ ပြည်တည်နေခဲ့မည်ဆိုလျှင်၊ အကယ်၍ သင်ဟာ လမ်းကြောင်းရှာမတွေ့ဖြစ်နေခဲ့မယ်ဆိုရင်၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆင်းကြွလာဖို့ သင့်ရဲ့နှလုံးသားတံခါး ဖွင့်လိုက်ပါ။ စိန့် "ဘိုနာဗင်းချား" က မိန့်ကြားထားသည်မှာ “သန့်ရှင်းသော ဝိညာဉ်တော်သည် စုံစမ်းနှောင့်ယှက်ခြင်းများ ကြီးမားလာလေလေ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားရှင်သည် ပိုမို ကြီးမားသော နှစ်သိမ့်မှုကို ယူဆောင်ပေး၏။ ကမ္ဘာလောကြီးမှ ပေးသော နှစ်သိမ့်မှုမျိုးမဟုတ်ပေ။ လောကကြီးသည် ကျွန်ုပ်တို့ အခြေအနေကောင်းနေသည့်အချိန်တွင် ကျွန်ုပ်တို့အား မြှောက်ပင့်ပြောဆိုခြင်းဖြင့် နှစ်သိမ့်၍ ကျွန်ုပ်တို့ အခက်အခဲ ကြုံရချိန်တွင် ကျွန်ုပ်တို့အား ပြစ်တင်ရှုတ်ချ၏။  ကမ္ဘာကြီးသည်ထိုကဲ့သို့ ပြုလုပ်သည်။ အထူးသဖြင့်ရန်လိုသောစိတ်ဓာတ်သည် မာရ်နတ်၏လုပ်ရပ်ဖြစ်သည်။ ပထမအကြိမ်၌ ကျွန်ုပ်တို့ကိုချော့မော့၍  မြှောက်ပင့်ပြောဆိုခြင်းဖြင့် အရာရာကို တတ်စွမ်းနိုင်သူတစ်ဦးပမာ ကျွန်ုပ်တို့ကို အာရုံသွင်းပြီး နောက်ပိုင်းတွင် ကျွန်ုပ်တို့ကို အလဲထိုး၍ အရှုံးသမားဖြစ်အောင် ကြံစည်လုပ်ဆောင်သည်။ သူသည် ကျွန်ုပ်တို့နှင့်အတူ ကစား၍ ရှင်ပြန်ထမြောက်တော်မူသောသခင်ဘုရား၏ ၀ိညာဉ်တော်သည်ကျွန်ုပ်တို့အားထမြောက်စေလိုသောအခါ သူသည် ကျွန်ုပ်တို့လဲကျစေမည့် အရာမှန်သမျှကိုလုပ် ဆောင်သည်။ တမန်တော်များကိုကြည့်ကြမည်ဆိုပါလျှင် သူတို့သည် သခင်ခရစ်တော်ရှင်ပြန်ထမြောက်တော်မူသော ထိုနံနက်ခင်း၌ သခင်မပါပဲ သူတို့တည်း စုရုံလျက်ရှိကြစဉ်  စိတ်ရှုပ်ထွေးကြ၏။ ပိတ်ထားသော တံခါးများ၏ နောက်ကွယ်မှ နေ၍  သခင် ခရစ်တော်အားငြင်းပယ်ခဲ့သည့်အတွက် အကြောက်တရား၏ လွှမ်းမိုးမှုအောက်၌ နေ၍ မိမိတို့၏ အားနည်းချက်များ၊ ကျရှုံးမှုများနှင့် အပြစ်များက သူတို့အား လွှမ်းမိုးလျက်  ရှိနေခဲ့သည်။ သခင်နှင့်အတူ အသက်ရှင်စဉ် ကျော်ဖြတ်ခဲ့ရသည့်နှစ်များက သူတို့ကို ပြောင်းလဲခြင်းမပြုနိုင်ခဲ့ပေ။ နဂိုနေထိုင်ခဲ့သော ဘဝအပြင် နောက်ထပ်ပြောင်းလဲခြင်းမျိုး မရှိခဲ့ပါ။ ထို့နောက်၊ သူတို့သည် ၀ိညာဉ်တော်ကိုလက်ခံပြီး အရာအားလုံးသည် ပြောင်းလဲသွားခဲ့သည်။ ပြဿနာများနှင့် အားနည်းချက်များမှာ ကျန်ရှိနေဆဲဖြစ်သော်လည်း ၎င်းတို့ နှင့်သူတို့ကိုရန်လိုမည့်မည်သူ့ကိုမျှ မကြောက်ကြတော့ပေ။  သူတို့သည် အတွင်းစိတ်၏ နှစ်သိမ့်မှုကို ခံစားရရှိခဲ့ပြီး ဘုရားသခင်၏ နှစ်သိမ့်မှုနှင့် ပြည့်လျှံလိုကြသည်။ ယခင်က ကြောက်စိတ်ကြီးသောသူတို့သည် ယခုချိန်တွင် သူတို့၏တစ်ခုတည်းသောကြောက်ရွံ့မှုမှာ သူတို့ရရှိထားသော ချစ်ခြင်းမေတ္တာကို သက်သေမပြရန်ဖြစ်သည်။ ထိုသို့ ဖြသ်ရမည့်အကြောင်းကို ယေဇူးသခင်သည် ဤသို့ကြိုတင်ဟောကြားခဲ့သည် -“ [ဝိညာဉ်တော်] သည်ငါ့ကိုယ်စားသက်သေခံလိမ့်မည်။ သင်တို့သည်လည်း သက်သေဖြစ်ရမည်” (ယောဟန် ၁၅း ၂၆-၂၇) ။

နောက်တစ်ဆင့်ကိုသွားကြပါစို့။ ကျွန်ုပ်တို့သည်လည်း သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားအား သက်သေခံရန်၊ အကူအညီပေးသူ၊ နှစ်သိမ့်မှုကိုပေးသော သူများဖြစ်ကြရန် ခေါ်တော်မူခြင်းခံကြရပြီ။ ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား သူယူဆောင်ပေးသည့် နှစ်သိမ့်ခြင်းကို အကောင်အထည်ဖော်ရန်တောင်းဆိုလေပြီ။ ဤအရာကို ကျွန်ုပ်တို့ မည်ကဲ့သို့ လုပ်ဆောင်ကြရမည်နည်း။

ကြီးမားသောမိန့်ခွန်းများပြုလုပ်ခြင်းဖြင့်မဟုတ်ဘဲအခြားသူများထံချဉ်းကပ်ခြင်းအားဖြင့် လုပ်ဆောင်နိုင်၏။ ဟောင်းနွမ်းသော  စကားလုံးများဖြင့်မဟုတ်ဘဲဆုတောင်းခြင်း၊ ခင်မင်ရင်းနှီးမှု ဖြင့် လုပ်ဆောင်နိုင်သည်။ ၎င်းရင်းနှီးမှု၊ သနားခြင်းကရုဏာစိတ်နှင့် နူးညံ့သိမ်မွေံခြင်းတို့သည် ဘုရားရှင်၏  အမြဲတမ်းဘုရားသခင်၏ "မူပိုင်တံဆိပ်" ဖြစ်ကြောင်းသတိရကြပါစို့။ အကူအညီပေးမည့် "Paraclete" က အသင်းတော်ကို ယနေ့သည် နှစ်သိမ့်ရမည့်အချိန်ဖြစ်ကြောင်းပြောပြနေသည်။ ယခုချိန်သည် အယူမှားဝါဒကိုတိုက်ထုတ်ခြင်းထက် ဧဝံဂေလိတရားကိုဝမ်းမြောက်စွာ ပို၍ကြွေးကြော်ရန်အချိန်ကာလသည် ဖြစ်သည်။ လောကီရေးရာပြဇာတ်အတွက် ညည်းညူရန်မဟုတ်ဘဲ ရှင်ပြန်ထမြောက်တော်မူသော သခင်ဘုရား၏ ဝမ်းမြောက်ခြင်းကို ယူဆောင်လာရမည့်အချိန်ဖြစ်သည်။ လောကီရေးရာကို မြတ်နိုးတွယ်တာမည့်အစား ကမ္ဘာမြေပေါ်သို့ ချစ်ခြင်းမေတ္တာသွန်းလောင်းရမည့်အချိန်ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည့်အစား ကရုဏာတရားကို သက်သေခံရမည့်အချိန် ဖြစ်၏။ ဤသည်မှာ အကူညီပေးသော "Paraclete" ၏အချိန်ဖြစ်သည်။ ဤအချိန်သည် အကူအညီပေးသူ "Paraclete" ၌ နှလုံးသားများ လွတ်လပ်ခွင့်ရသည့်အချိန်ဖြစ်ပါ၏။

"Paraclete" သည် ရှေ့နေလည်းဖြစ်သည်။ သခင်ယေဇူးလက်ထက်၌ ရှေနေများသည် ယနေ့သူတို့လုပ်ကြသည့်အတိုင်းမလုပ်ခဲ့ကြပေ။ တရားခံ၏နေရာတွင် စကားပြောဆိုမည့်အစား သူတို့ဘေးတွင်ရပ်၍ မိမိကိုယ်ကိုယ် ကာကွယ်ရာ၌ အသုံးပြုနိုင်သည့်အငြင်းပွားမှုများကိုအကြံပြုခဲ့ကြသည်။ သူသည်“ အမှန်တရား၏ဝိညာဉ်” ဖြစ်သောကြောင့် ရှေ့နေသည် ကျွန်ုပ်တို့၏ နေရာကိုမယူဘဲ အတွေးများနှင့်ခံစားချက်များကို လှုံ့ဆော်ပေးခြင်းအားဖြင့် မကောင်းသောပရိယာယ်များမှ ကျွန်ုပ်တို့ကိုကာကွယ်ပေးသည်။ သူသည် ကျွန်ုပ်တို့ကိုအတင်းအကျပ်မလုပ်ဘဲသတိပညာရှိစွာပြော၏။ သူသည် အဆိုပြသော်လည်း ပြစ်ဒဏ်ကိုကား မချမှတ်ပေ။ မကောင်းသောသူ၊လှည့်စားသောသူမူကား ထိုသဘောနှင့်ဆန့်ကျင်ဘက်ပြုလျက် ကျွန်တော်တို့ကို ဖိအားပေးကာ မက်မောစရာကောင်းသော အပြစ်ပြုရန် လှုံ့ဆော်ပေးသော အရာများ၌ လိုက်ပါရန် ကျွန်ုပ်တို့အား ထင်မြင်စဉ်းစားစေသည်။  ကျွန်ုပ်တို့၏ ရှေ့နေရှေ့ရပ်ဖြစ်သော "Paraclete" ၏ အဓိကကျသော အကြံပေးချက် သုံးခုကို လက်ခံကြပါစို့။  ယနေ့ပျံ့နှံ့လျက်ရှိသော စုံစမ်းနှောင့်ယှက်ခြင်းသုံးခုကိုအခြေခံကျသောဖြေဆေး သုံးခုရှိသည်။

သန့်ရှင်းသောဝိညာဉ်တော်ကပထမဆုံးအကြံပေးသည်မှာ "ယခုလက်ရှိတွင် အသက်ရှင်သန်ပါ” ဟူ၍ ဖြစ်သည်။ အတိတ်သို့မဟုတ်အနာဂတ်လဲမဟုတ်သည့် ပစ္စုပ္ပန်ကိုဆိုလိုသည်။  ထိုဝိညာဉ်တော်သည် မိမိကိုယ်ကို အတိတ်၏ အမှတ်ရစရာများ သို့မဟုတ် အမှတ်တရများကြောင့် သို့မဟုတ်အနာဂတ်အတွက် မသေချာမရေရာခြင်းသို့မဟုတ် ကြောက်ရွံ့ခြင်းအားဖြင့် မိမိကိုယ်ကိုလေဖြတ်အောင်ပြုရန်သွေးဆောင်မှုကိုစသည်တို့ကို ဆန့်ကျင်၍  ယနေ့ အဓိကကျမှုကို ခိုင်မာစွာ အတည်ပြုပြောကြားရာခဲ့သည်။ ၀ိညာဉ်တော်သည် ကျွန်ုပ်တို့အား လက်ရှိအခိုက်အတန့်အချိန်တွင် ခံစားရရှိသော ကျေးဇူးတော်ကိုညသတိရပေးလျက်ရှိသည်။ ဒီ့အပြင် ကောင်းသည့်အချိန်ဟူ၍ ကျွန်ုပ်တို့အတွက်မရှိတော့ပေ။ ယခုအချိန်၊ ဤနေရာ၌၊ ယခုဟူသော ပစ္စုပန်သည် အကောင်းပြုဖို့ရန် နှင့် ကျွန်ုပ်တို့၏ ဘဝကို လက်ဆောင်တသ်ခုအနေဖြင့် လုပ်ဖို့ရန်အတွက် တစ်ခုတည်းသော အချိန်ဖြစ်၏။ ပစ္စုပန်၌ ရှင်သန်ကြပါစို့။

၀ိညာဉ်တော်က“တစ်ပြင်လုံး ကိုကြည့်ပါ။” ဟုပြောထားသည်။ အစိတ်အပိုင်း မဟုတ်ဘဲ တစ်ခုလုံး၊ တစ်ပြင်လုံးကို ဆိုလိုသည်။  ဝိညာဉ်တော်သည်သီးခြားဖြစ်သောသူ တစ်ဦးတစ်ယောက်ချင်းစီကို ပုံသွင်းပေးသည်မဟုတ်ပါ။ ကျွန်ုပ်တို့အားတူညီခြင်းမရှိသော စည်းလုံးညီညွတ်ခြင်းသို့ ကွဲပြားခြားနားသော စိတ်နေသဘောထားများ၌ အသင်းတော်ထဲသို့ ကျွန်ုပ်တို့ကိုပုံသွင်းပေးသည်။ အဆိုပါ "Paraclete"  ကျွန်ုပ်တို့အား တစ်ပြင်လုံးအဓိကကျမှုက်ု ခိုက်ခိုင်မာမာအတည်ပြုထားသည်။ တစ်ပြင်လုံး၌၊ အဖွဲ့အစည်း တစ်ခုလုံး၌၊ ဝိညာဉ်တော်သည် အားသသစ်မာန်သစ်ရှိခြင်းကို ယူဆောင်လာရန်နှင့် လုပ်ဆောင်ရန် နှစ်သက်သည်။ တမန်တော်တွေကို ကြည့်ကြစို့။ သူတို့သည်လည်း အတော်အသင့် ကွဲပြားခြားနားခဲ့ကြသည်။ ဥပမာ၊ ရောမများနှင့်ပူးပေါင်းလုပ်ဆောင်သော အခွန်ခံ Matthew နှင့် ထိုလူစုကို ဆန့်ကျင်တိုက်ခိုက်သော ဆိုင်မွန်ဟုခေါ်သော နိုင်ငံရေးတက်ကြွသူပါဝင်ခဲ့သည်။  သူတို့၌ လုံးဝမတူညီသော နိုင်ငံရေးအတွေးအခေါ်များနှင့်ကမ္ဘာ၏ကွဲပြားခြားနားသောအမြင်များရှိခဲ့ကြသည်။ သို့သော် သူတို့သည် ဝိညာဉ်တော်ကိုလက်ခံရရှိသောအခါ သူတို့သည် လူသား၏ ရှုထောင့်အမြင်မှ မဟုတ်ဘဲဘုရားသခင်၏ စီမံကိန်းဖြစ်သော "တစ်ပြင်လုံး" ဆီသို့ ဦးစားပေးလုပ်ဆောင်တတ်အောင် သင်ယူခဲ့ကြသည်။  ယနေ့ ကျွန်ုပ်တို့သည် ၀ိညာဉ်တော်၏စကားကိုနားထောင်ခဲ့မည်ဆိုလျှင် လက်ယာဘက်နှင့်လက်ဝဲဘက်၊ အစဉ်အလာသမားများနှင့် ဆန်းသစ် ပြုပြင်ပြောင်းလဲသူများ၊ ရှေးဆန်သူနှင့် တရွေ့ရွေ့တိုးတက်ပြောင်းလဲနေသူများနှင့် ပတ်သက်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည်   ကျွန်ုပ်တို့၏စံသတ်မှတ်ချက်ဖြစ်လာသည့်အခါအသင်းတော်သည် ၀ိညာဉ်တော်ကို မေ့သွားသည်။ "Paraclete" သည် မတူညီမှုများ၏ သဟဇာတဖြစ်ခြင်း၊ သင့်မြတ်ခြင်းနှင့် စည်းလုံးညီညွတ်စေရန်ကျွန်ုပ်တို့အား လှုံ့ဆော်သည်။   

၀ိညာဉ်တော်၏တတိယအကြံပေးချက်မှာ“ ဘုရားသခင်ကို သင့်အရှေ့မှာထားပါ။ ၎င်းသည်  ကျွန်ုပ်တို့၏ ထိုက်တန်ခြင်းနှင့် အောင်မြင်မှုများ၏ ရရှိမှုပမာဏကြောင့်မဟုတ်ဘဲ ဘုရားသခင်ထံ နှိမ့်ချစွာ ဖွင့်ချမှုကြောင့် ဝိညာဥ်ရေးရာ အသက်တာ၌ အဆုံးအဖြတ်ပေးသောခြေလှမ်းဖြစ်သည်။ ၀ိညာဉ်တော်သည် ကျေးဇူးတော်၏အဓိကကျမှုကို အခိုင်အမာ အတည်ပြုသည်။  မိမိကိုယ်ကို ဗလာနတ္တိထားမှသာလျှင်  ဘုရားရှင်အတွက် အခန်းကို ချန်ထားနိုင်သည်။ ဘုရားရှင်အား မိမိကိုယ်ကိုယ် ပေးအပ်မှသာလျှင် မိမိကိုယ်ကို ရှာတွေ့နိုင်မည်ဖြစ်သည်။ အတွင်းစိတ်မှ ဆင်းရဲမှသာလျှင် ဝိညာဉ်တော်၌ ချမ်းသာရကြလိမ့်မည်။  ၎င်းသည် အသင်းတော်၏ အမှန်တရားဖြစ်၏။ ကျွန်ုပ်တို့သည် မိမိတို့ကြိုးစားအားထုတ်မှုဖြင့် မိမိကိုယ်ကို မဆိုထားနှင့်၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကယ်တင်နိုင်စွမ်းမရှိပေ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်စီမံကိန်းများ၊ ကျွန်ုပ်တို့၏ဖွဲ့စည်းတည်ဆောက်ပုံများ၊ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကိုသာ  ဦးစားပေးမည်ဆိုလျှင် ထိရောက်မှု၊ လုပ်ဆောင်နိုင်စွမ်းကိုသာ အလေးပေး မှုနှင့်သာသက်ဆိုင်သည်။  သခင်ယေရှုသည် ၀ိညာဉ်တော်၏မီးကိုမြေကြီးပေါ်သို့ဆောင်ခဲ့၍ အသင်‌းတော်ငည်လည်း ကျေးဇူးတော်၏ ဘိသိက်ပေးခြင်း၊  ကျေးဇူးတော်၏ ဘိသိက်ပေူခြင်းဆုကျေးဇူး၊ ဆုတောင်းခြင်း၏ တန်ခိုးစွမ်းအား၊ သာသနာ၏ ရွှင်လန်းခြင်းအားဖြင့် အသင်ူတော်ကို ပြန်လည်ပြုပြင်ခဲ့သည်။ ဘုရားသခင်ကိုပထမနေရာမှာထားကြစို့။

သန့်ရှင်းသောဝိညာဉ်တော်၊ ငါတို့ကိုနှစ်သိမ့်မှုပေးသောဝိညာဥ်တော်သည် ကျွန်ုပ်တို့၏ ိှလုံးသားကို နှစ်သိမ့်ပေးတော်မူပါ။ ကိုယ်တော်၏ နှစ်သိမ့်ခြင်း၏ သာသနာပြုများ ဖြစ်စေတော်မူပါ၊ လောကလူတို့ မျက်မှောက်၌ ကိုယ်တော်ကရုဏာတော်၏ နှစ်သိမ့်မှုပေးသူများ ဖြစ်စေတော်မူပါ။ ကျွန်ုပ်တို့၀ိညာဉ်၏ ချိုမြိန်သောအတိုင်ပင်ခံဖြစ်သော၊ ကျွန်ုပ်တို့အား ကူညီမစသောဘုရား၊  ယခု မျက်မှောက် ကိုယ်တော်၏ သက်သေခံများ ဖြစ်စေတော်မူပါ။ အသင်းတော်နှင့် လူသားများအတွက်  စည်းလုံးခြင်း၏ ပရောဖက်များဖြစ်စေတော်မူပါ။ အရာခပ်သိမ်းအား အသစ်ပြုပြင်၍ ဖန်တီးနိုင်ရန် ကိုယ်တော်၏ ကျေးဇူးတော်များဖြင့် ဝန်းရံလျက်ရှိသော တမန်တော်များ ဖြစ်စေတော်မူပါ။ အာမင်။

 

ဘာသာပြန်-Sr.Lucy Ciang,SJA

https://bit.ly/2Rb5BZ6

Photo courtesy of : NPR/google images

Add new comment

4 + 10 =