သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားပွဲတော်မင်္ဂလာအဖြစ် ပုပ်ရဟန်းမင်းကြီးဖရန်းစစ်အရှင်သူမြတ် ပေးသနားသော တကမ္ဘာလုံးအတွက် ကောင်းကြီးမင်္ဂလာ တော်

ပုပ်ရဟန်းမင်းကြီးဖရန်းစစ်အရှင်သူမြတ် ပေးသနားသော တကမ္ဘာလုံးအတွက် ကောင်းကြီးမင်္ဂလာ တော်

သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားပွဲတော်မင်္ဂလာအဖြစ် ပုပ်ရဟန်းမင်းကြီးဖရန်းစစ်အရှင်သူမြတ် ပေးသနားသော တကမ္ဘာလုံးအတွက် ကောင်းကြီးမင်္ဂလာ တော်

ဧပြီလ ၂၁၊ ၂၀၁၉

ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော်၏ အလင်းရောင်သည် ကမ္ဘာတဝှမ်း ပဠိပက္ခများကြောင့် အမှောင်ဖုံးလွှမ်းနေသော အထူးသဖြင့် နီကာရာဂွာ၊ ဗင်နီဇွဲးလား၊ အရှေပိုင်း ယူကရိန်း၊ တောင်ဆူတန်၊ ဆူတန်၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား၊ နီဂါ၊ မာလီ၊ ဗာကီနာ ဖာဆီု၊ လစ်ဗျား၊ ပါလက်စတိုင်း၊ အစ်စရေး၊ ရီမင် ဆီးရီးယား နိုင်ငံတို့တွင် ထွန်းလင်းတောက်ပပါစေကြောင်း သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားပွဲ စိန့်ပီတာရင်ပြင် တွင် ပုပ်ရဟန်းမင်းကြီးဖရန်းစစ်အရှင်သူမြတ်မှ ဆုတောင်း ကောင်းကြီးပေးခဲ့ပါသည်။

၂၀၁၈ အောက်တိုဘာလက ပြုလုပ်ခဲ့သော လူငယ်များအရေး ဆရာတော်ကြီးများညီလာခံမှ ထွက်ပေါ်လာသော "ခရစ်တော်သည် အသက်ရှင်တော်မူ၏"ဟူသောရဟန်းမင်းကြီး၏ စာချွန်တော်ကို အခြေခံပြီး သခင်ခရစ်တော်သည်ကျွနုပ်တို့၏ မှော်လင့်ခြင်းဖြစ်ပြီး သူသည် လူငယ်များကို ကျွနုပ်တိူ့ဘဝထည်းသို့ အံသြစွာခေါ်ဆောင်ပေးခဲ့တယ်။ သူနှင့်ထိတွေ့သော အရာတိုင်းသည် ငယ်ရွယ်နုပျိုသစ်လွင်ခြင်းသို့ပြောင်းလွဲးပြီး အသစ်ဖြစ်ခြင်း၊ ပြည့်ဝသော အသက်တာကိုပိုင်ဆိုင်ကြတယ်။

ဒီပါစကားကာလဟာ ညီကိုယ်မောင်နှ အသက်တာ၊ ငြိမ်းချမ်းခြင်း အသက်တာ၊ ချစ်ခြင်းမေတ္တာ ဖြင့် တည်ဆောက်သောကောင်းကင်နိုင်ငံတော်၊ ဘုရားရှင်၏နိုင်ငံတော်ကို လောကကမ္ဘာကြီးအတွက် ဖွင်လှစ်ပေးလိုက်ခြင်း၊ အပြစ်နှင့် သေခြင်းတရားရဲ့ကျွန်ဘဝမှ ကယ်နုုပ်ပေးခြင်း၊ အသစ်ဘဝအသက်တာကို စတင်ခြင်း ဖြစ်တယ်။ ဒုက္ခထဲးမှာ နစ်မွန်းနေသူတွေကို ခရစ်တော်ကပြစ်မထားပါဘူး။

~ အရှေ့အလယ်ပိုင်း ဒေသတွင် ဒုက္ခများကြား ရုန်းကန်ရှင်သန်ပြီး မိမိ ယုံကြည်ခြင်းကို သက်သေခံနေကြရသော ခရစ်ယာန်များ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်၏ ဘုန်းတခိုးကျေးဇူးတော်များ ခံစားကြရစေဖို့၊

~ ဆီးရီးယား တွင်ဖြစ်ပေါ်နေသော မဆုံးနိုင်သော ပဠိပက္ခများ ကြောင့် ဒုက္ခရောက်သူများ၊ ဂျော်ဒန် နှင့် လစ်ဗနွန် နိုင်ငံများတွင် ခိုလုံနေကြသော ဒုက္ခသည်များနှင့် အိမ်ယာမဲ့များပြန်လာနိုင်ရေး၊ တရားမျှတာမူ့ထွန်းကားရေ၊ ငြိမ်းချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးသော လွတ်လပ်မူ့ရှိရေးတို့ကို ဦးစားပေး လုပ်ဆောင်ကြစေနိုင်ရန် နှင့် အစ်စရေး နှင့်ပါလက်စတိုင်း နိုင်ငံတော် အစိုးရခေါင်းဆောင်များအပါဝင် နိုင်ငံတကာ နိုင်ငံတော် အစိုးရခေါင်းဆောင်များအား ဘုရားရှင်၏ အလင်းပေးမူ့ဖြင့် တည်ငြိမ်အေးချမ်းသော အခြေအနေများဖော်ဆောင်နိုင်ကြရန်

~ အာဖရိကတိုက် ရှိ သွေးမြေ ကျနေရသော ကာအကွယ်မဲ့မိသားစုများ၊ ပဠိပက္ခဖြစ်နေသော ကင်မရွန်း၊ နိုင်ဂျီးရီးယား၊ နီဂါ၊ မာလီ၊ ဗာကီနာ ဖာဆီု၊ တောင်ဆူတန်၊ ဆူတန် နိုင်ငံများတွင် ဘုရားရှင်၏ ကျေးဇူးတော်များ ခံစားရပြီး ပြန်လည်ညှိနိုင်းဆွေးနွေးခြင်း နည်းလမ်းများဖြင့် ဘာသာရေးလူမျိုးရေး လုံခြုံမူ့များရရှိစေရန်၊ အများကောင်းကြို များဖော်ဆောင်နိုင်သောသူများဖြစ်စေရန် ~ အရှေ့ယူကရိန်း ဖြစ်ပေါ်နေသော ပဠိပက္ခ အမြန်ဆုံးတည်ငြိမ်အေးချမ်းပြီး တည်တန့်သောငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြရန်

~ အမေရိက နိုင်ငံများဖြစ်သော ဗင်နီဇွဲးလား နှင့် နီကာရာဂွာ နိုင်ငံတို့တွင်ဖြစ်ပေါ်နေသော မရားမူ့များ၊ အလွဲးသုံးစားပြုခံရမူ့များ နှင့် အကြမ်းဖက်မူ့များ ကို ငြိမ်းချမ်းသော အဖြေရှာနည်းများဖြင့် တာဝန်ရှိသော နိုင်ငံရေးခေါင်းဆောင်များမှ အဖြေရှာဖော်ထုတ်ပြီး ငြိမ်းချမ်းကြစေရန်

သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားပွဲတော် အခါသမယ တွင် တိုင်းပြည်များ မြို့တော်များ၊ စစ်မက်ဖြစ်ပွားနေသော ဒေသများ တွင် စစ်လက်နှက်များ၏ ပေါက်ကွဲးမြည်ဟီးသံများ အဆုံးသတ်ခြင်း၊ တံတိုင်းများ အစား တံတားများတည်ဆောက်နိုင်ကြစေ ရန် နှင့် လူဂုဏ်သိက္ခာ မဲ့စွာနေထိုင်နေရသူများ၊ ရွေ့ပြောင်းဒုက္ခသည်များ၊ အစာရေစာငတ်မွတ်ခေါင်ပါမူ့ခံစားနေကြရသူများ၊ ခွဲးချာ ဆက်ဆံခံနေရသူများ၊ အလုပ်လက်မဲ့များ၊ ဆင်ရဲးသားများ၊ မိမိကိုယ်ကိုယ်မိမိ ခုခံကာကွယ်နိုင်စွမ်းမရှိသော ခွန်အားနည်းပါသူများ၊ ကလေးသူငယ်များ၊ နိမ်ကျနေရသောသူများအတွက် အသက်ရှင်တော်မူသော ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော် တပ်စွမ်းနို်င်သော လူသားတို့၏ နှလုံးသားများကိုဖွင့်ပေး စေရန် သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားပွဲ နေ့တွင် ပုပ်ရဟန်းမင်းကြီးဖရန်းစစ်အရှင်သူမြတ် မှ ဆုတောင်းမေတ္တာပို့သပေးခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-04/pope-francis-urbi-et-orb...

#pope, #easter, #urbietorbi, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

13 + 2 =