သခင်ယေဇူးက နတ်ဆိုးနဲ့ ဘယ်တော့မှ ညှိ နှိုင်းဆွေး နွေးတာ မလုပ်ပါဘူး။

သခင်ယေဇူးက နတ်ဆိုးနဲ့ ဘယ်တော့မှ ညှိ နှိုင်းဆွေး နွေးတာ မလုပ်ပါဘူး။

ကျွန်ုပ်အနေနဲ့ ဒီတစ်ခုကို သေသေချာချာ ပြောချင်ပါတယ်။ နှောက်ယှက်ခြင်း ခံနေရတဲ့အချိန်မှာ သခင်ယေဇူးက နတ်ဆိုးနဲ့ ဘယ်တော့မှ ညှိ နှိုင်းဆွေးနွေးတာ မလုပ်ပါဘူး။

သခင်ယေဇူးရဲ့ဘဝမှာ နတ် ဆိုးနဲ့ဘယ်တော့မှ မညှိ နှိုင်းခဲ့ပါဘူး။ နတ်ဆိုးဝင်ပူးရင် သူတို့ကို အပြစ်ပေးတယ်။ ဒါမှမဟုတ်ရင် သူ့ကိုအပြစ် တင်ရှုတ်ချတယ်။ မဟုတ်ရင် သူ့ရဲ့မကောင်းမှုကို ထောက်ပြပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ညှိနှိုင်းဆွေးနွေးတာ မရှိပါဘူး။

သဲကန္တာရမှာ နတ်ဆိုးကသုံးခုကိုတောင်းလို့ သခင်ယေဇူးက ပြန်ဖြေတာကို ညှိနှိုင်းဆွေး နွေးတယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမဲ့ သခင်ယေဇူးက သူ့စကားနဲ့ ပြန်မဖြေ ခဲ့ပါဘူး။ သခင်ယေဇူးက ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ဖြစ်တဲ့ကျမ်းချက်သုံးခုနဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ဒီဟာက ကျွန်ုပ်တို့ အားလုံးအတွက် (အတုယူစရာ) ဖြစ်ပါတယ်။

ဖြားယောင်းသွေးဆောင်သူ ရောက်လာတဲ့အခါ ကျွန်ုပ်တို့ကို စပြီးသွေးဆောင်ဖြား ယောင်းတတ်ပါတယ်။ "ဒါပေမဲ့ ဒီဟာကို စဉ်းစား၊ ဒါကိုလုပ်..." နတ်ဆိုးက ဧဝကိုဖြားယောင်းခဲ့သလိုပဲ ကျွန်ုပ်တို့ကို ညှိနှိုင်းဆွေးနွေးဖို့ ဖြားယောင်းနှောက်ယှက် တတ်ပါတယ်။

"ဒါပေမဲ့ မင်းမရဘူး...ဘာကြောင့်လဲဆိုတော့ ငါတို့က" စသည်ဖြင့် ဧဝဟာ နတ်ဆိုးနဲ့ ညှိနှိုင်းပြောဆို ခဲ့ပါတယ်။ နတ်ဆိုးနဲ့သာ ညှိနှိုင်းပြောဆိုနေမယ်ဆိုရင် ကျွန်ုပ်တို့ဟာ ဆုံးရှုံးမှုနဲ့ရင်ဆိုင်ရ ပါလိမ့်မယ်။ ဒီအရာကို သင်တို့ရဲ့ စိတ်နှလုံးသားမှာ သေချာမှတ်ထားကြပါ။

သင်တို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပါဌ်တော်နဲ့သာ ညှိနှိုင်ပြောဆိုပြီး နတ်ဆိုးနဲ့ ဘယ်သောအခါမှ ညှိနှိုင်းဆွေးနွေးတာတွေမလုပ်​ကြပါနဲ့။

✍️ ထန်းဟာ, SJ

#popemessage #vatican

Add new comment

9 + 1 =