#သခင်ယေဇူဆီမှာ_ရင်ဖွင့်စကားပြောကြပါ

#သခင်ယေဇူဆီမှာ_ရင်ဖွင့်စကားပြောကြပါ

 

တစ်ခါတလေ ဘဝရဲ့  ဝန်ထုတ်ဝန်ပိုးတွေနဲ့ ကြုံတွေ့ရတဲ့အချိန် ဒါမှမဟုတ် အခြေအနေတစ်ခုက ကျွန်ုတို့ကို ဝမ်းနည်းစေတဲ့အခါမှာ ကျွန်ုပ်တို့ကို နားထောင်ပေးနိုင်မယ့်သူနဲ့ စကားပြောကြတယ်။  သူငယ်ချင်း၊ ကျွမ်းကျင်သူ တစ်ဦးဦးနဲ့ စကားပြောကြတယ်။ အဲဒီလိုလုပ်တာက တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် သခင်ယေဇူးကိုတော့ မမေ့ကြပါနဲ့။ သခင်ယေဇူးဆီမှာ သင်တို့ဘဝအကြောင်းကို ရင်ဖွင့်ပြောပြဖို့ မမေ့ကြပါနဲ့။ သူ့ထံမှာ လူတွေနဲ့ အခြေအနေ အကြောင်းအရာတွေကို အပ်နှံကြပါ။ 

 

ကျွန်ုပ်တို့ သခင်ယေဇူးဆီမှာ ရင်ဖွင့်မပြောဖူးသေးတဲ့ ဘဝရဲ့ အစိတ်အပိုင်းတွေလည်း ရှိနိုင်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ သူတို့က သခင်ယေဇူးရဲ့ အလင်းကျေးဇူးကို တစ်ခါမှမမြင်ဖူးသေးလို့ မှေးမှိန်‌‌‌နေဆဲ ဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ့်သမိုင်းနဲ့ ကိုယ်စီ ရှိကြပါတယ်။ အဲဒီလို တစုံတယောက်က အမှောင်မှာ ရှိနေရင် သခင်ယေဇူးကို ရှာဖွေပါ။ ဘုန်းတော်ကြီးနဲ့ သနားကြင်နာခြင်း အဖွဲ့ဝင် တွေဆီကို သွားကြပါ။ ဒါပေမယ့် သခင်ယေဇူးဆီကိုလည်း သွားပြီး စကားပြောကြပါ။ 

✍️ ထန်းဟာ, SJ 

Add new comment

5 + 1 =