သခင်ခရစ်တော်၏ အလင်းပြမှု့ကို အာရုံစူးစိုက်ကြစို့

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်း

သခင်ခရစ်တော်၏ အလင်းပြမှု့ကို အာရုံစူးစိုက်ကြစို့
မတ်လ ၁၇၊ ၂၀၁၉

 

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ဝါတွင်းကာ လ ဒုတိယ တနင်္ဂနွေနေ့ သခင်ခရစ်တော်၏ အဆင်းသဏ္ဍန်ပြောင်းလဲခြင်း အကြောင်းကို အခြေခံပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ဝေမျှဟောကြားခဲ့ပါသည်။

 

တောင်ပေါ်မှာ သခင်ခရစ်တော်၏ အဆင်းသဏ္ဍန်ပြောင်းလဲခြင်း ဟာ ပီတာ၊ ယာကုပ် နဲ့ ယောဟန် တို့အတွက် နိုင်းယှဉ်စရာမရှိသော အတွေ့အကြုံ ဖြစ်သလို သခင်ခရစ်တော် အလင်းပြရာနေရာလည်း ဖြစ်တယ်။ သခင်ခရစ်တော် သူရဲ စီမံကိန်တော်နဲ့ အကိုက်ညီဆုံးအချိန်မှာ အဆင်းသဏ္ဍန်​​ြပောင်းလဲခြင်းသူရဲ့တပည့်​တော်တွေကို ဖော်ပြခဲ့တယ်။ တဆက်တည်းမှာပဲ သူတွေ့ကြုံရမည့် ညှင်းပမ်​းနှိပ်စက်ခံရခြင်း၊ အသတ်ခံရမည့်အကြောင်း နှင့် သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်မည့်အကြောင်း ကို ဖော်ပြခဲ့တယ်။

 

သခင်ခရစ်တော်၏ အဆင်းသဏ္ဍန် ​​​ပြောင်​းလဲခြင်းဟာ အဆုံးမှာ ထွန်းလင်းတောက်ပတဲ့ သခင်ခရစ်တော်၏ မျက်နှာတော်ကို ဖူးမြင်ရဖို့အတွက် ခရစ်ယာန်အမြင်အရ လိုအပ်ချက်ဖြစ်သော ခဏတာ ဒုက္ခခံရမည် အခြေအနေကို ဖော်ပြခြင်းဖြစ်တယ်၊ တဆက်တည်းမှာပဲ သခင် ခရစ်တော်တွေကြုံရမည့် ဒုက္ခခံရခြင်း၊ အသေသတ်ခံရခြင်း တွေဟာ ပါကားပွဲ​တော်မှာ ကျော်လွန်ပျောက်ကွယ်သွားမယ့်အရာတွေဖြစ်တယ် ဆိုတာ သိရမယ်၊ ထို့အတွက်ကြောင့် သခင်ခရစ်တော်နှင့်အတူ တောင်ပေါ်တက်ပြီး သူရဲ့အဆင်းသဏ္ဍန် ပြောင်းလဲခြင်းမှထွက်ပေါ်လာသော ရောင်ခြည်တော်ကို အတူတကွခံစားကြစို့၊

 

သခင်ခရစ်တော် ဆုတောင်းနေစဉ်မှာ အဆင်းသဏ္ဍန် ပြောင်းလဲ ခဲ့တယ်လို့ ကျမ်းရေးပုဂ္ဂိုလ်က ဖော်ပြခဲ့တယ်၊ သခင်ခရစ်တော် အဖခမည်းတော်ဘုရားနှင့် အပြည့်အဝပေါင်းစပ်ခြင်း၊ အဖခမည်းတော်၏ အလိုတော်ဖြစ်သော လူသားအားလုံးကယ်တင်ခြင်းအတွက် ညှင်းပမ်း​နှိပ်စက်ခံခြင်း အသေခံခြင်း ရှင်ပြန်ထမြောက်ခြင်းတို့ကို အတွက် မိမိကိုယ်ကို အဖဘုရားသခင်ထံမှာ အပြည့်အဝအပ်နှံလိုက်ခြင်း မှာ ထွက်ပေါ်လာတဲ့ ဘုရား၏ တန်​ခိုးတော်ဖြစ်တယ်။ ။

 

သခင်ခရစ်တော်ကို ယုံကြည် ပြီး သူနောက်လိုက်ခရစ်ယာန်တွေ ဆုတောင်းကြဖို့ ဆုတောင်းခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အားတန်​ခိုးကျေးဇူးတော်အားဖြင့် မိမိဘဝ ပြောင်းလဲလာခြင်း​​ကနေတပါးသူကို အလင်းပြပေနိုင်သူတွေဖြစ်ရမယ်။ ။

 

https://www.vaticannews.va/en/pope/news/2019-03/pope-at-angelus-let-us-f...

#pope, #sunday, #angelus, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 0 =