သခင်ခရစ်တော်အား အသက်ရှင်သောဘုရားအဖြစ် အသိအမှတ်ပြုခြင်းသည် ပျော်ရွှင်သော ဘဝအသက်တာ၏ လျှို့ဝှက်ချက်ဖြစ်သည်။

သခင်ခရစ်တော်အား အသက်ရှင်သောဘုရားအဖြစ် အသိအမှတ်ပြုခြင်းသည် ပျော်ရွှင်သော ဘဝအသက်တာ၏ လျှို့ဝှက်ချက်ဖြစ်သည်။

အန်ဂျေလူးမေတ္တာဆိုစဉ် ပုပ်ရဟန်းမင်းကြီးမြွက်ကြား

သခင်ခရစ်တော်အား အသက်ရှင်သောဘုရားအဖြစ် အသိအမှတ်ပြုခြင်းသည် ပျော်ရွှင်သော ဘဝအသက်တာ၏ လျှို့ဝှက်ချက်ဖြစ်သည်။

စိန့် ပီတာနှင့် စိန့် ပေါလ်တို့၏ ပွဲတော်နေ့မြတ်ကြီး၌ အန်ဂျေလူးမေတ္တာကို ရွတ်ဆိုရာနေရာမှ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ခရစ်ယာန်များအားမိမိတို့ဘဝအသက်တာကို လက်ဆောင်တစ်ခု ဖြစ်စေဘို့ နှင့် ယေဇူးသခင်အား အသက်ရှင်တော်မူသော ဘုရားအဖြစ် အသိအမှတ်ပြုဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

စိန့် ပီတာနှင့် စိန့် ပေါလ်တို့၏ ပွဲတော်နေ့မြတ်ကြီး၌ အန်ဂျေလူးမေတ္တာကို ရွတ်ဆိုရာ၌ စိန့် ပီတာ၏ ဘဝအကြောင်းကို ထောက်ရှုခဲ့သည်။ တနင်္လာ‌နေ့ ပထမကျမ်း (တမန်တော် ၁၂:၁-၁၁)တွင်ဖော်ပြထားသော ပီတာအား ထောင်ထဲမှ ကောင်းကင်တမန်တော်မှ လွတ် မြောက်စေခဲ့ခြင်း၊ ထောင်ချခံရပြီးသည့်နောက်ပိုင်းနှင့် အသက်အသေခံပြီးသည့်နောက်ပိုင်းတို့ကို နှိုင်းယှဉ်၍ ထောက်ရှုခဲ့သည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က မေးခွန်းထုတ်မြွက်ကြားရာ၌ အဘယ်သို့‌သောနည်းဖြင့် စိန့် ပီတာသည် ပထမပိုင်း၌ ညှဉ်းပန်းနှိပ်စက်ခြင်းမှ လွတ်မြောက်ခဲ့ပြီး နောက်ပိုင်းတွင် မလွတ်ခဲ့တာလဲ?" ဟူ၍ ထောက်ရှုစေခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်၏ ‌မစ္ဆားတရားတော်မြတ်၌-
သခင် ခရစ်တော်ကို ပုံဥပမာယူ၍ မိမိတို့ကိုယ်ကို စိန်ခေါ်ကြပါစို့။ စိန့် ပီတာနှင့် စိန့် ပေါလ်ကဲ့သို့ မိမိတို့ဘဝကို လက်ဆောင်အဖြစ် ဖန်တီးကြပါစို့။ ဘုရားရှင်က စိန့် ပီတာကို ကျေးဇူးတော်များစွာကို သွန်း လောင်းချပေးပြီး မကောင်းမှုအရာများထဲက လွတ်မြောက်စေခဲ့သကဲ့ သို့ ကျွန်ုပ်တို့ကိုလည်း ထိုနည်းတူ ပြုလုပ်ပေး‌ ကြောင်း မိန့်ကြားခဲ့ပါသည်။

ကျွန်ုပ်တို့သည် လိုအပ်သည့်အချိန်မှသာ ဘုရားရှင်ထံ သွားလေ့ရှိသော်လည်း ဘုရားရှင်သည် ကျွန်ုပ်တို့မြင်နိုင်သည်ထက် ကျော်လွန်၍ သိမြင်သူဖြစ်သည်အ‌လျှောက် ကျွန်ုပ်တို့အားလည်း ပို၍တွေးမြင်နိုင်အောင် ဖိတ်ခေါ်နေသည်။ သူပေးမည့်ဆုလာဘ်ကိုသာ မရှာဖွေဘဲ၊ သူ့အားရှာဖွေရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်သည်။ ကြုံ‌တွေ့နေရသော ပြဿနာများကို သူ၏ လက်တော်၌ အပ်နှံသည်သာမက ကျွန်ုပ်တို့၏ ဘဝကိုလည်းအပ်နှံရန် ဖိတ်ခေါ်သည်။

ဤနည်းအားဖြင့် ဘုရားရှင်သည် ကျွန်ုပ်တို့အား အသက်ပေးသော အကြီးမြတ်ဆုံးသော ကျေးဇူးတော်ကို ပေးသနားနိုင်သည်။အဘယ့်ကြောင့်ဆိုသော် လူ့ဘဝတွင်အရေးကြီးဆုံးသောအရာသည် ဘဝကို လက်ဆောင်အဖြစ် ဖန်တီးခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ဆက်လက် မြွက်ကြားထားသည်မှာ- ဘုရားရှင်သည် ပေးကမ်းခြင်း၌သာလျှင် တိုးတက်ကြဖို့ အလိုဆန္ဒရှိကြောင်း ပေးကမ်းခြင်း၌သာလျှင် ကျွန်ုပ်တို့သည် ကြီးမြတ်သောသူများဖြစ်နိုင်ကြောင်း မြွက်ကြားခဲ့ပါသည်။

စိန့် ပီတာ၏ ပုံဥပမာကို သတိပြန်ဖော်ရာ၌ "စိန့် ပီတာသည် ထောင်ထဲမှ လွတ်မြောက်ခဲ့သောကြောင့် လူစွမ်းကောင်းဖြစ်ခဲ့သည်မဟုတ်။ သူ့အသက်ကို ပေးသောကြောင့် လူစွမ်းကောင်းဖြစ်ခဲ့သည်။

စိန့် ပီတာသည် သေဒဏ်စီမံသောနေရာကို ကျွန်ုပ်တို့ မိမိကိုယ်ကို ရှာဖွေနိုင်သောနေရာ၊ မျှော်လင့်ခြင်း၏ လှပသောနေရာတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သည်။

မင်္ဂလာရှိ၍ ပျော်ရွှင်သော ဘဝအသက်တာ"ဘုရားရှင်ကို ဘာဆုတော်တောင်းရမလဲ ဆိုတာ ဒီမှာရှိပါတယ်၊ လက်ရှိလိုအပ်သော ကျေးဇူးတော်သာမက ကျေးဇူတော်နှင့် ပြည့်ဝသော ဘဝကို တောင်းခံကြပါ။" ဟူ၍လည်းတိုက်တွန်းခဲ့သည်။

(သံမတေဦး ၁၆: ၁၃- ၁၉) ကို ကိုးကား၍ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ထောက်ရှုချက်ကို ဝေမျှရာတွင် သခင်ခရစ်တော်မှ မိမိ၏ တပည့်တော်တို့အား သူသည်မည်သူဖြစ်ကြောင်း မေးမြန်းခဲ့ရာမှ ပီတာ၏ ဖြေကြားချက်သည် စိန့် ပီတာ၏ဘဝကို ပြောင်းလဲစေခဲ့‌ ကြောင်းမြွက်ကြားခဲ့ပါသည်။

သခင်ခရစ်တော်သည် တပည့်တော်တို့အား " သင်တို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြနည်း" ဟုမေးသောအခါ ပီတာမှ ကိုယ်တော်သည် မက်ဆီးယားရှင်၊ အသက်ရှင်တော်မူသော ဘုရား၏ သားတော်ဖြစ်သည်။" ဟု ‌‌ဖြေကြားခဲ့သည်။ ယေဇူးကလည်း "ယောန၏သား စီမုန်၊ သင်သည် မင်္ဂလာရှိ၏" ဟု မိန်ဆိုခဲ့လေသည်။ (သံမာတေဦး ၁၆: ၁၆- ၁၇)

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ယေဇူးသခင်၏ နှုတ်တော်ထွက်စကားကို ရှင်းပြရာ၌

"မင်္ဂလာရှိသော" ဆိုသည်မှာ "ဝမ်းမြောက်သော"ဟု အဓိပ္ပါယ်ရကြောင်း၊ ပီတာမှ ယေဇူးသခင်အား "အသက်ရှင်တော်မူသော ဘုရားရှင်"ဟု ဝန်ခံသောအခါ သခင်ခရစ်တော်သည် သင်သည် "မင်္ဂလာရှိသောသူဖြစ်သည်။"ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း မိန့်ကြားခဲ့လေသည်။

"မင်္ဂလာရှိ၍ ဝမ်းမြောက်သောဘဝ၏ လျှို့ဝှက်ချက်သည် ယေဇူးသခင်အား အသက်ရှင်တော်မူသောဘုရားဖြစ်‌ကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။" ဟု ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က မြွက်ကြားခဲ့သည်။

ကျွန်ုပ်တို့ဘဝ၌ရှိသော သခင်ခရစ်တော်၏နေရာ

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ဆိုင်းမွန်၏ အမည်သည် သခင်ခရစ်တော်က ခေါ်သောအခါ "ကျောက်ဆောင်" ဟုပြောင်းလဲခဲ့ကြောင်း သခင်ခရစ်တော်မှ " သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းတော်ကို ငါတည်ဆောက်မည်။" ဟုမိန့်တော်မူခဲ့သည်။ (သံမာတေဦး ၁၆:၁၈) ပီတာသည် ခိုင်မြဲ၍ ယုံကြည်ထိုက်သောသူဖြစ်သောကြောင့် မဟုတ်သော်လည်း သခင်ခရစ်တော်သည် ဆိုင်းမွန်ဟူသော ကျောက်ခဲသည် ယေဇူးဟူသော ကျောက်ဆောင်အပေါ်၌ ပြောင်းလဲခဲ့သည်။

သခင်ခရစ်တော်သည် သမိုင်းတွင် ကျော်ကြားခဲ့သူဖြစ်ကြောင်း သိရှိရန်မလိုအပ်သကဲ့သို့ သူပြောကြားသည့်အရာနှင့် လုပ်ဆောင်ခဲ့သည့်အရာများကို ချီးမွမ်းရန်မလိုအပ်ပေ။ အရေးကြီး၍လိုအပ်သည်မှာ "မိမိဘဝတွင် သူ့အားပေးသည့်နေရာ" သာဖြစ်သည်။

ဤအကြောင်းနှင့် စပ်လျင်း၍ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် ကျွန်ုပ်တို့အား မိမိကိုယ်ကို မေးခွန်းထုတ်ရန် နှိုးဆော်ခဲ့သည်။ " မိမိတို့ ဘဝကို ဘယ်လို စီမံထားတာလဲ? ယခုလက်ရှိလိုတာကိုပဲ တွေးပူနေတာလား? ဒါမှမဟုတ် မိမိအား လက်ဆောင်တစ်ခုအဖြစ် ဖန်ဆင်းသော ယေဇူးရှင်သည် မိမိအမှန်တကယ်လိုအပ်သူဟု ယုံကြည်တာလား? (သို့) မိမိ ဘဝကို ဘယ်လိုတည်ဆောက်ထားတာလဲ? မိမိရဲ့စွမ်းရည်နဲ့လား?ဒါမှမဟုတ် အသက်ရှင်သောဘုရား၏ တန်းခိုးနဲ့လား?

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် အရာအားလုံးကို ဘုရားရှင်အား အပ်နှံခဲ့သော၊ မယ်တော်သခင်မသည် ကျွန်ုပ်တို့အား ဘုရားရှင်ကို နေ့စဉ်အသက်တာ၏ အလယ်ဗဟို၌ထားနိုင်ရန်ကူညီစောင်မပါမည့်အကြောင်း ဆုတောင်းရင်း နိဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန်- Sr. လူစီ လားလ်နိုင်ကြိုင်, SJA

https://bit.ly/3imcVtl

Add new comment

3 + 6 =